စားသောက်ဆိုင်များ ကုန်သွယ်လုပ်ငန်းခွန်(၅)ရာခိုင်နှုန်းအပြင် ၀န်ဆောင်မှုကြေးပါရောနှောကောက်ခံမှု လုပ်ငန်းသဘောအရဖြစ်သဖြင့် အရေးယူထားခြင်းမရှိ ဟု တိုင်းအစိုးရဆို

စားသောက်ဆိုင်များ ကုန်သွယ်လုပ်ငန်းခွန်(၅)ရာခိုင်နှုန်းအပြင် ၀န်ဆောင်မှုကြေးပါရောနှောကောက်ခံမှု လုပ်ငန်းသဘောအရဖြစ်သဖြင့် အရေးယူထားခြင်းမရှိ ဟု တိုင်းအစိုးရဆို
April 28, 2017 Asian Fame

4:36 pm
စားသောက်ဆိုင်များ ကုန်သွယ်လုပ်ငန်းခွန်(၅)ရာခိုင်နှုန်းအပြင် ၀န်ဆောင်မှုကြေးပါရောနှောကောက်ခံမှု လုပ်ငန်းသဘောအရဖြစ်သဖြင့် အရေးယူထားခြင်းမရှိ ဟု တိုင်းအစိုးရဆို

ရန်ကုန် ၊ ဧပြီ ၂၈

ရန်ကုန်တိုင်းအတွင်းရှိဟိုတယ်များနှင့် စားသောက်ဆိုင်များက စားသုံးသူထံမှ ကုန်သွယ်လုပ်ငန်းခွန်(၅)ရာခိုင်နှုန်းအပြင် ၀န်ဆောင်မှုကြေးပါရောနှောကောက်ခံနေမှုကို အစိုးရအနေဖြင့်ခွင့်မပြုထားသော်လည်း လုပ်ငန်းသဘောအရကောက်ခံခြင်းဖြစ်သည့်အတွက်မည်သို့ မျှ အရေးယူဆောင်ရွက်ထားခြင်းမရှိဟုတိုင်းအစိုးရ ကပြောသည်။

‘ဒီကိစ္စကို တိုင်းဒေသကြီးအစိုးရရော ပြည်ထောင်စုအစိုးရပါ တရားဝင်ပြဌာန်းထားခြင်းမရှိပါဘူး ။ လုပ်ငန်းရှင်များက သူတို့ ရဲ့ဝန်ဆောင်မှုကို တန်ဖိုးထားပြီးကောက်ခံခြင်းဖြစ်ပါတယ်။စုံစမ်းရသမျှဆိုရင်တော့ ရှန်ဂရီလာ၊ဆီဒိုးနားအပါအ၀င်ဟိုတယ်ကြီးတွေမှာ ၀န်ဆောင်မှုကြေးကောက်ခံပါတယ်။ဘာလုပ်သလဲမေးတဲ့အခါမှာ ၀န်ထမ်းများကို အမှတ်ပေးပြီး အနည်းအများအရ အပိုချီးမြှင့်ငွေခွဲဝေပေးတယ်လို့ပြောပါတယ်။ပြီးတော့ အိုးခွက်ပန်းကန်တွေကအစ အရည်အသွေးကောင်းအောင် အပြင်အဆင်ကအစ အဆင့်မြင့်ဝယ်ယူပြီး လုပ်ပေးနိုင်အောင် သူတို့ ရဲ့ဝန်ဆောင်မှုတိုးတက်စေရေးအတွက် သူတို့ သုံးစွဲတယ်လို့ ပြောပါတယ် ’’ ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ၀န်ကြီး ဦးမြင့်သောင်းကပြောသည်။

ဧပြီလ ၂၈ ရက်နေ့ က ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဆိပ်ကမ်းမြို့ နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ်ဦးစံကျော်က တိုင်းဒေသကြီးအစိုးရအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျန်ရှိနေသောအခွန်များရစေရန် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကိုသိရှိလိုကြောင်းနှင့် ကုန်သွယ်ခွန်(၅)ရာခိုင်နှုန်းအပြင်(serviceTax ) များရောနှောကောက်ခံနေမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် တရားဝင်ခွင့်ပြုထားခြင်းရှိမရှိ၊ ကောက်ခံနေခြင်းအပေါ် မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကိုသိရှိလိုကြောင်းမေးမြန်းခဲ့ရာ ၀န်ကြီးကထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

‘’ တစ်ချို့ ဆိုင်တွေဆိုရင် ၀န်ဆောင်မှုကြေး(service tax) ကို ၅ ရာခိုင်နှုန်းကနေ ၁၀ရာခိုင်နှုန်းအထိကောက်ခံတာတွေတွေ့ ရပါတယ်။ဒါ စားသုံးသူတွေအပေါ်မှာ ၀န်ထုတ်ဝန်ပိုးဖြစ်လာတဲ့အနေအထားဖြစ်ပါတယ်’’ ဟု ဦးစံကျော်ကပြောသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*