တောဆင်ရိုင်း အန္တရာယ်ကြောင့် သာပေါင်းမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံ ၂ဝဝ ကျော် ပြောင်းရွှေ့

တောဆင်ရိုင်း အန္တရာယ်ကြောင့် သာပေါင်းမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံ ၂ဝဝ ကျော် ပြောင်းရွှေ့
April 27, 2017 Asian Fame

3:59 pm
တောဆင်ရိုင်း အန္တရာယ်ကြောင့် သာပေါင်းမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံ ၂ဝဝ ကျော် ပြောင်းရွှေ့

(ရန်ကုန်၊ ဧပြီ ၂၅)

တောဆင်ရိုင်း အန္တရာယ် စိုးရိမ်သဖြင့် သာပေါင်းမြို့နယ်ရှိ ကျေးရွာ အချို့မှ ဒေသခံ ၂ဝဝနီးပါး ပြောင်းရွှေ့နေထိုင် နေကြ ရကြောင်း ဒေသခံ များကပြောသည်။

ဧပြီ ၂၂ ရက်နေ့က သာပေါင်း မြို့နယ် ဆင်ကူး ရွာဟောင်းတွင် တောဆင်ရိုင်း ဝင်ရောက်မှုကြောင့် ရွာသားများက မောင်းထုတ်စဉ် ရွာသားတစ်ဦး ဆင်နင်းခံရ သဖြင့် သေဆုံးခဲ့ရသည်။

ထိုသို့ဖြစ်ပွားခဲ့ပြီးနောက်  တောဆင်ရိုင်း အန္တရာယ်စိုးရိမ် သဖြင့် ဒေသခံများ ပြောင်းရွှေ့ နေထိုင်နေခြင်း ဖြစ်ကြောင်း အဆို ပါကျေးရွာမှ ကိုဇေယျာဝင်းက ပြောသည်။

”ပြောင်းရွှေ့ပေးထားတာ လူ ဦးရေ ၁၅ဝ လောက်ပြောင်းပေး ထားပါတယ်။ အခုထိတော့ ပြန် မလာကြသေးပါဘူး။ ဆင်အန္တ ရာယ် ကို ကြောက်နေကြတုန်းဖြစ် ပါတယ်။ သူတို့ စိုက်ပျိုးထားတဲ့ ဟင်းသီး ဟင်းရွက်ပင်တွေကို တောင် ရေမလောင်းနိုင်ကြဘူး” ၄င်းကပြောသည်။

ဆင်ကူးရွာဟောင်းတွင် အိမ် ခြေ ၉ဝ နီးပါးရှိကာ အနီးဝန်းကျင် တွင် ရွာငယ် ၃ ရွာရှိပြီး ထိုရွာများ မှ ဒေသခံ ၃ဝ ကျော်ကိုလည်း  ဆင်ကူးရွာဟောင်း ဘုန်းတော် ကြီး ကျောင်းသို့ ထပ်မံပြောင်းရွှေ့ ပေးထားကြောင်း ကိုဇေယျာဝင်း က ပြောသည်။

ဆင်ရိုင်း အန္တရာယ် တိမ်း ရှောင်သူများ၏ စားရေးသောက် ရေးနှင့် ပတ်သက်၍ ”ပြောင်းရွှေ့ သွားတဲ့သူတွေက အိမ်က ပါလာတာ တွေနဲ့ စားသောက်ကြပါတယ်။တချို့ကျတော့ မိသားစုဝင်တွေ က ကျွေးထားပါတယ်။ အခုထိတော့ ရှိတာလေးတွေနဲ့ ကြံဖန်စားနေ ကြပါတယ်”ဟု ၄င်းကပြောသည်။

လက်ရှိတွင်ကွန်ဂျီဆင်မောင်း အဖွဲ့များဖြင့် ဆင်ခြေရာလမ်း ကြောင်းအတိုင်း လိုက်လံရှာဖွေ နေသော်လည်း တောဆင်ရိုင်း များ ကို မတွေ့ရှိ ရသေးကြောင်း  သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မိုးဝါက ပြောသည်။

လက်ရှိတွင် တောဆင်ရိုင်း များ၏ အန္တရာယ်ကြောင့် သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူများ၊ သစ်တော လုံခြုံရေး ရဲတပ်ဖွဲ့၊ သာ ပေါင်း မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များက ဆင်ကူးရွာဟောင်းတွင်  လုံခြုံရေး ဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။

ဆင်နှင့်လူ ပဋိပက္ခဖြစ်ပွားမှု သည် ၂ဝ၁၄ ခုနှစ်တွင် ၂၈ ကြိမ်၊ ၂ဝ၁၅ ခုနှစ်တွင် ၁၂ ကြိမ်နှင့် ၂ဝ၁၆ ခုနှစ်တွင်  ၃၁ ကြိမ် အထိ ဖြစ်ပွား ခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနမှ သိရသည်။ ၂ဝ၁၅ ခုနှစ်တွင် ငါးဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

၂ဝ၁၆ တွင်မူ သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့သည်။

ယခုနှစ်တွင်မူ ဖေဖော်ဝါရီလကုန် အထိ သေဆုံးသူ ၁ ဦးရှိကာ ဒဏ်ရာရသူ ၂ ဦးရှိနေကြောင်း သယံဇာတ နှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*