သက်မွန်မြင့် ဦးဆောင်သော လူထုအသိပညာပေးလှုပ်ရှားမှုက လူ ငါးသန်းကျော်ကို ကျန်းမာရေးဆိုင်ရာများ ဖြန့်ဝေပေးနိုင်ခဲ့

သက်မွန်မြင့် ဦးဆောင်သော လူထုအသိပညာပေးလှုပ်ရှားမှုက လူ ငါးသန်းကျော်ကို ကျန်းမာရေးဆိုင်ရာများ ဖြန့်ဝေပေးနိုင်ခဲ့
April 27, 2017 Asian Fame

3:04 pm
သက်မွန်မြင့် ဦးဆောင်သော လူထုအသိပညာပေးလှုပ်ရှားမှုက လူ ငါးသန်းကျော်ကို ကျန်းမာရေးဆိုင်ရာများ ဖြန့်ဝေပေးနိုင်ခဲ့

Thet Mon Myint (2)

လင်းဟိန်း
ရန်ကုန်၊ ဧပြီ ၂၁

ကလေးငယ်တစ်ဦး၏ဘဝအစ ရက်တစ်ထောင်တွင် အာဟာရပြည့်ဝရန်အရေးကြီးကြောင်း လှုပ်ရှားမှုကမ်ပိန်းဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာများကို ဆို ရှယ်မီဒီယာမှတစ်ဆင့် လူငါးသန်း ကျော် အထိရောက်အောင် ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါကမ်ပိန်းကို Save the Children ကဦးဆောင်ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး Save the Children ဧ။် သံတမန်ဖြစ်သူ သရုပ်ဆောင် သက်မွန်မြင့်နှင့်အတူ ယမန်နှစ် အောက်တိုဘာလတွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ကဲ့သို့ကျန်းမာရေးအဖွဲ့ အစည်းများနှင့် အာဟာရဗေဒပညာရှင်များထံမှ လေ့လာသိရှိ ခဲ့သည့် မိခင်နှင့်ကလေးအတွက် အာဟာရ အကြံပြုချက်များကှိုလေန အ့န ဃ့ငိုမနည ၏ သံတမန် သက်မွန်မြင့်က ပြည်သူများ အတွက် မျှဝေပေးနိုင်ခဲ့ကြောင်း (WHO) ကထုတ်ပြန်ထားသည်။

သရုပ်ဆောင် သက်မွန်မြင့်က ”အထူးသဖြင့် မိခင်တွေဟာ ကိုယ်ဝန်ဆောင်စဉ် ကာလအတွင်းဆရာဝန်နဲ့ ပြသဆွေးနွေးခြင်း၊ အာဟာရပြည့်ဝတဲ့ အစားအစာ အမျိုးမျိုးကို စားသုံးခြင်း စသည် ဖြင့် အာဟာရပြည့်ဝပြီး ကျန်းမာဖို့ မိမိကိုယ်ကိုယ် စောင့်ရှောက်ဖို့လို အပ်ပါတယ်။ မွေးဖွားတဲ့အခါမှာ လည်း ကလေးကို မွေးမွေးပြီးချင်း တစ်နာရီအတွင်း မိခင်နို့တိုက်ကျွေး ရမှာဖြစ်ပြီး ကလေးအသက် ၆ လအတွင်း မိခင်နို့တစ်မျိုးတည်း ကိုသာ တိုက်ကျွေးသင့်ပါတယ်။ ကလေးအသက် ၆ လ ကျော်ချိန်မှာ တော့ အာဟာရပြည့်ဝတဲ့ ဖြည့် စွက် အစာတွေကို ကျွေးမွေးသင့် ပြီး ဖြည့်စွက်အစာနဲ့အတူ ကလေးအသက် ၂ နှစ်အထိ မိခင်နို့တိုက် ကျွေးသင့်ပါတယ်” ဟု ပြောသည်။ ကလေးများ၏ ဘဝအစ ရက် တစ်ထောင်အတွင်း ကောင်းမွန် သော အာဟာရ ရရှိပါက ကလေး ဘဝတစ်လျှောက်လုံးတွင် ကျန်း မာစွာနေထိုင်နိုင်ရန် အထောက် အကူပြုစေမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ ကလေးငယ် ၂၉ ရာခိုင်နှုန်းသည် အာဟာရ ချို့တဲ့ပြီး ပုညှက်မှုကို ခံစားနေရ ကြောင်း၊ ယင်းပုညှက်မှုသည် ဥာဏ်ရည် ဖွံ့ဖြိုးမှုနှင့် ရုပ်ပိုင်းဆိုင် ရာဖွံ့ဖြိုးမှုများကို ဆိုးကျိုးပေးနိုင်ကြောင်း Save the Children က ထုတ်ပြန်ထားသည်။ ယင်းပုညှက်မှုရောဂါကို မိဘများအနေဖြင့် ကလေးများ၏ ဘဝအစ ရက်တစ် ထောင်အတွင်းတွင် ကာကွယ်နိုင်ကြောင်း Save the Children ၏ သံတမန် သက်မွန်မြင့်က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*