နိုင်ငံရေးအကျဉ်းသားများရှိနေသေးသည်ကို သတိပြုမိစေရန် လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်မည်

နိုင်ငံရေးအကျဉ်းသားများရှိနေသေးသည်ကို သတိပြုမိစေရန် လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်မည်
April 26, 2017 Asian Fame

2:45 pm
နိုင်ငံရေးအကျဉ်းသားများရှိနေသေးသည်ကို သတိပြုမိစေရန် လှုပ်ရှားမှုများ ဆက်လက်ပြုလုပ်မည်

aa

MZW

ရန်ကုန်၊ ဧပြီ ၂၄

မြန်မာနိုင်ငံရှိအကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ ရှိနေသေးကြောင်းကို အစိုးရ နှင့် နိုင်ငံတကာက သိစေရန် လှုပ် ရှားမှုများ ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP -B) မှ ဦးအောင် မျိုးကျော်က ပြောသည်။

အများစုက မြန်မာနိုင်ငံတွင် နိုင်/ကျဉ်းများ အားလုံးလွတ် မြောက်သွားပြီဟုထင်နေကြသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီး၌ နိုင်ငံရေးနှင့် ပတ်သက်၍ ဖမ်းဆီးထိန်း သိမ်းခံနေရသူ ၁၇၈ ယောက် ရှိ နေသေးကြောင်း၊ ထို့ကြောင့် နိုင်/ ကျဉ်းများရှိနေသည်ကို အားလုံးသတိပြုမိစေရန် အဆင်ပြေသည့်နည်းလမ်းမျိုးစုံဖြင့် လှုပ်ရှားသွား မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

သိသာသော လှုပ်ရှားမှုတစ်ခုအဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း သုံးနှစ်ပြည့်သည့် ဧပြီ ၂၁ ရက်တွင် အပြာရောင်အင်္ကျီဝတ်ကမ်ပိန်းပြုလုပ်ခဲ့ပြီး ပြည် တွင်း ပြည်ပရှိ နိုင်/ကျဉ်းများ၊ နိုင်/ကျဉ်းအရေး စိတ်ဝင်စားသူ၊ လူမှု အဖွဲ့အစည်အသီးသီးမှ တက်ြ<ွကလှုပ်ရှားသူများက အဆိုပါ ကမ်ပိန်းတွင် ပါဝင်ခဲ့သည်။ ကမ်ပိန်းတွင် ရန်ကုန်၊ ကလေး၊ ပုလော၊ လွိုင်ကော်၊ မြစ် ကြီးနား၊ ချောက်စသည့် မြို့နယ် များမှ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားရေးရာစိတ်ဝင်စားသူများ ပါဝင်ခဲ့သည်။

”ပုလောတို့ ဘာတို့ဆိုလည်း လူ့အခွင့်အရေး သင်တန်းသားတွေ ပါကြတယ်။ သူတို့ပုံတွေ လူမှုကွန်ရက်တွေမှာ တင်ကြတယ်၊ တချို့ကလည်း အင်တာနက်လိုင်းအခြေအနေကြောင့် ချက်ချင်းမ တက်တာတွေလည်း ရှိတယ်။ကျွန် တော်တို့ကတော့ ဧပြီ ၂၁ ရက်ကိုပဲ အဓိကထားပြီးလုပ်တာပါ” ဟု ဦးအောင်မျိုးကျော်က ပြောသည်။ လက်ရှိ အကျဉ်းထောင်များ တွင် အဖမ်းခံနေရသော နိုင်/ ကျဉ်းများအနက် အချို့မှာ ၎င်းတို့၏ အခွင့်အရေးအတွက် တောင်းဆိုခြင်းကြောင့်လည်း ကောင်း၊ အချို့က အစိုးရနှင့် တပ်မတော် ခေါင်းဆောင်ပိုင်းကို ဝေဖန်ခြင်းကြောင့် လည်းကောင်းဖမ်းဆီးခံရခြင်းဖြစ်ပြီး အချို့မှာ တိုင်းရင်းသားများ ဖြစ်ကြောင်း AAPP -B မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*