ရန်ကုန်မြို့ရှိ ဈေး ၂၁ ဈေးကို ပြင်ဆင်ဆောက်လုပ်မည်

ရန်ကုန်မြို့ရှိ ဈေး ၂၁ ဈေးကို ပြင်ဆင်ဆောက်လုပ်မည်
April 26, 2017 Asian Fame

2:13 pm
ရန်ကုန်မြို့ရှိ ဈေး ၂၁ ဈေးကို ပြင်ဆင်ဆောက်လုပ်မည်

ဖြိုးထက်အောင်
ရန်ကုန်၊ ဧပြီ ၂၅

သိမ်ကြီးဈေးအပါအဝင် ရန်ကုန်မြို့ရှိ ဈေး ၂၁ ဈေး ကို အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရကပြောသည်။” ဦးစားပေးအဖြစ် ပြင်ဆင်ဆောက်လုပ်ဖို့ သတ်မှတ်ထားတဲ့ ဈေးပေါင်း ၂၁ဈေးရှိပါတယ်။ အဲဒီမှာ ပန်းဘဲတန်း မြို့နယ်က သိမ်ကြီးဈေး (ဃ) ရုံအပါအဝင် ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာနဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။

ဧပြီလ ၂၅ ရက်နေ့က ပြုလုပ်သော ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်တွင် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးပပလှိုင်က သိမ်ကြီးဈေး (ဃ) ရုံအား ပြန်လည် စည်ကားလာစေရေး အဆင့်မြှင့်ရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ရာ ၎င်းကထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။”ကျွန်တော်တို့ ရရှိထားတဲ့ ဘတ်ဂျက်ဘောင်အတွင်းက မဟုတ်ဘဲ Public – Private Partnership စနစ်နဲ့ အကောင်အထည်ဖော်ဖို့ စီစဉ်လျက်ရှိပါတယ်” ဟု ဦးမြင့် သောင်းက ပြောသည်။ အဆင့်မြှင့်တင်မည့် ဈေးများတွင် ကြည့်မြင်တိုင်ညဈေး၊ စံပြဈေး စသည့်ဈေးများလည်း ပါဝင်ကြောင်း သိရ သည်။ ထိုသို့ အဆင့်မြှင့်တင်မှုကို မည်သည့်အချိန်တွင် စတင်လုပ်ဆောင်မည်ဆိုသည်ကိုမူ ဝန်ကြီးကထည့်သွင်း ပြောကြားခဲ့ခြင်းမရှိပေ။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*