ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်သုံးဦးကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ ကန့်ကွက်

ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်သုံးဦးကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ ကန့်ကွက်
April 26, 2017 Asian Fame

11:23 am
ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရ NLD ကိုယ်စားလှယ်သုံးဦးကို ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်များ ကန့်ကွက်

စိုင်းလမင်း
ရန်ကုန်၊ ဧပြီ ၂၅

ကြားဖြတ်ရွေးကောက်ပွဲတွင် ကော့မှူးမြို့နယ်နှင့် အခြားမြို့နယ် ၂ ခုမှ အနိုင်ရ ခဲ့သော NLD ကိုယ်စားလှယ်သုံးဦးကို ပြည်ခိုင်ဖြိုးပါတီမှ ကိုယ် စားလှယ်များက ကန့်ကွက်လွှာ တင်သွင်းထားကြောင်း သိရ သည်။

ရန်ကုန်တိုင်း ဒေသကြီး ကော့မှူးမြို့နယ်၊ လှိုင်သာယာ မြို့နယ်၊ ဒဂုံမြို့သစ် (အရှေ့ ပိုင်း) မြို့နယ်များမှ အနိုင်ရရှိ ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်များကို ရှုံးနိမ့်ခဲ့သော ပြိုင်ဘက်ပြည်ခိုင် ဖြိုးပါတီမှ ကိုယ်စားလှယ်များက ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်လွှာ တင်သွင်းထား ခြင်း ဖြစ်သည်။”ဟုတ်ပါတယ်။ ကျွန်တော် တို့ဆီကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကန့်ကွက်လွှာတွေ တင်သွင်းလိုက်တာပါ။ တရားမဲ့ပြုကျင့်လို့ဆိုပြီး ကန့်ကွက်လွှာတင်ထား တာပါ” ဟု ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

ကန့်ကွက်လွှာ တင်သွင်းရာတွင် ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်မှ အနိုင်ရကိုယ်စားလှယ် ဖြစ်သော ဦးနေကျော်အား ပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီမှ ဦးနေလင်းက လည်းကောင်း၊ ကော့မှူးမြို့နယ်မှ အနိုင်ရကိုယ် စားလှယ်ဖြစ်သော ဦးကျော်ဆွေ ဝင်းအား ဦးကျော်ဇင်ဟိန်းက လည်းကောင်း၊ လှိုင်သာယာမြို့ နယ်တွင် အနိုင်ရရှိခဲ့သော ဦးဝင်းမင်းအား ဦးတင်ယုက လည်းကောင်း ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိ ရသည်။

ထိုကဲ့သို့ ကန့်ကွက်လွှာ တင်သွင်းခံရခြင်းအပေါ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှ NLD ကိုယ်စားလှယ် ဦးနေကျော်က ၎င်းအနေဖြင့် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်ပြီး အနိုင်ရ ရှိခဲ့ခြင်းမျိုး လုံးဝမရှိကြောင်း ပြောသည်။ ”တစ်ခုခု မှားနေတယ်လို့ တော့ထင်တယ်။ ကျွန်တော့်အ နေနဲ့ကတော့ ကန့်ကွက်လွှာ သူ တို့ ဘယ်အတွက်ကြောင့် တင် သွင်းတာလဲဆိုတာကို နားကိုမ လည်ဘူး။ ကျွန်တော့်ဘက်က တော့ ရိုးရိုးသားသားပဲ ယှဉ်ပြိုင်ခဲ့တာပါ” ဟု ၎င်းကပြောသည်။

လှိုင်သာယာ မြို့နယ်မှ အနိုင်ရရှိခဲ့သူ NLD ကိုယ်စားလှယ် ဦးဝင်းမင်းကလည်း တရားမဲ့ပြုကျင့်သည်ဆိုသည်ကို မေးခွန်း ထုတ်လိုကြောင်း ပြောသည်။ ”ကျွန်တော်တို့က တရားမဲ့ ပြုကျင့်တာလား၊ ပြုကျင့်ခံရတာ လား ကွဲကွဲပြားပြားတော့ သိ သင့်တယ်”ဟု ၎င်းကပြောသည်။
ထိုသို့ ကန့်ကွက်လွှာတင်သွင်းမှုကို ရွေးကောက်ပွဲအပြီး ၄၅ ရက်နောက်ပိုင်းတွင် စစ်ဆေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။ယခုလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၉ ခုရှိပြီး NLD ပါတီ က ၉ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက ၂ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၆ နေရာ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်) က ၁ နေရာနှင့် ရခိုင်အမျိုးသား ပါတီက ၁ နေရာ အနိုင်ရရှိခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*