သူတို့အမြင်

သူတို့အမြင်
April 26, 2017 Asian Fame

2:50 pm
သူတို့အမြင်

Perspectiveမကြာသေးမီကပင် အခြေခံပညာ စာမေးပွဲ ရလဒ်များကို အတန်း ကူးပြောင်းမှု စာရင်း၊ အတန်း ကူးပြောင်းရန် ကျေနပ် ဖွယ်ရှိ သူများ စာရင်း၊ အောင်စာရင်း စသည့် ခေါင်းစဉ် အမျိုးမျိုးဖြင့် အခြေခံပညာ ကျောင်းများမှ ထုတ်ပြန်ကြေညာ ခဲ့ကြသည်ကို အားလုံး အသိပင် ဖြစ်ပါလိမ့်မည်။ ယင်းကိစ္စများနှင့် ပတ်သက်၍လည်း ဝေဖန်မှု အမျိုးမျိုး ပလူပျံအောင် ပေါ်ထွက်ခဲ့သည် ကိုလည်း အားလုံး အသိ ပင် ဖြစ်ပါလိမ့်မည်။ ထို့ကြောင့် မြန်မာနိုင်ငံ ပညာရေး စနစ်၏ ပစ္စက္ခ အခြေ အနေနှင့် ပတ်သက်၍ ပညာရေး ဆိုင်ရာ နယ်ပယ်မှ တာဝန်ရှိသူများ၊ ပညာရှင် များနှင့် အတွေ့အကြုံရှိ ပုဂ္ဂိုလ်တို့၏ အမြင်များကို မေးမြန်း၍ စုစည်းဖော်ပြလိုက်ရပါကြောင်း

ဒေါက်တာမောင်သင်း
ပြည်သူ့လွှတ်တော် ပညာရေးမြှင့် တင်မှုကော်မတီ

စာသင်ကျောင်းတွေက ကျေ နပ်ဖွယ်ရှိ သူများ စာရင်း၊  အတန်း ကူးပြောင်းမှုစာရင်း၊ အောင်စာရင်း စသဖြင့် ပုံစံမျိုးစုံနဲ့ အခြေခံပညာ စာမေးပွဲ ရလဒ်တွေ ကို ထုတ်ပြန် ကြေညာတာကိုတွေ့ခဲ့ရပါတယ်။ ဒါ ကိုကြည့်ခြင်းအားဖြင့် ဒါဟာ တစ် ပြေးညီမဖြစ်ဘူး။ ပညာရေး ဝန်ကြီး ဌာနက တစ်ပြေးညီ ဖြစ်အောင် မစီ စဉ်ထားဘူးဆိုတာ ပေါ်လွင် သွားပါ တယ်။ ဝန်ကြီးဌာနဟာ စာမေးပွဲ ရလဒ်တွေကို အတန်း ကူးပြောင်း မှု စာရင်းလို့ ပြောပြော၊ အောင်စာရင်း လို့ပဲ ဆိုဆို၊ အမည်နာမတစ်ခု သတ် မှတ်လိုက်တယ် ဆိုရင် အဲဒီအမည် တစ်မျိုး အတိုင်းပဲ ထုတ်ပြန်ကြေညာ ပေးရမှာပါ။ အခုက ဒီလိုမဟုတ်ပါ ဘူး။

နောက်တစ်ခုက အအောင်တွေ များတယ်။ အကျမရှိဘူး ဆိုတဲ့ စကား သံတွေ။ ဒါတွေကိုလည်း နေရာ တော်တော် များများမှာ  ကြားနေ ရပါ တယ်။ မအောင်မရှိ  ငါ့တပည့် ဆိုတာ မျိုးဟာ၊ သူ့ဟာနဲ့သူတော့ ဟုတ်နေ ပေမယ့် ရေရှည်မှာ ကောင်းမွန်တဲ့ ရလဒ် ထွက်လာ မှာတော့  မဟုတ်ဘူး။ ဆိုလိုတာက မအောင်မရှိဘူး ဆိုတာ မကောင်းဘူး။ အရည်အသွေးကို အာ မခံနိုင်တဲ့ ပညာရေး ဖြစ်မလာနိုင် ဘူး။ အအောင်ပေးဖို့  မသင့်တော်ရင် အအောင် မပေးသင့်ဘူး။ အကျက တော့ထားရမှာပဲ။ ဒီလိုမဟုတ်ဘဲ အားလုံး အအောင်ဆိုရင် ကလေး တွေရဲ့ ကြိုးစားမှုနှုန်း ဒါတွေကို ထိ ခိုက်လာနိုင်ပါတယ်။ ခုဆို ကလေး တွေအနေနဲ့  စာမေးပွဲ ရလဒ်တွေကို စိတ်ဝင်စားကြ ရဲ့လား။ သွားရော ကြည့်ကြရဲ့လား။ ဒါတွေကို ကြည့်ရင် သိနိုင်မှာပါ။ စာမေးပွဲဆိုတာ ရလဒ် နှစ်ခုပဲ ရှိရမယ်။ အအောင်နဲ့အကျပဲ။ အအောင် များတယ်ဆိုရင် တကယ် ရော အရည်အသွေး ရှိကြရဲ့လား။မေးကို  မေးရမယ်။ အကျ များတယ် ဆိုရင်လည်း ဘာ့ကြောင့်လဲ အဖြေ ရှာရမယ်။ အချို့က အကျများတာ မကောင်းဘူး။ ကျတာများရင် ကလေး တွေဟာ ပညာရေးကို သင်ယူဖို့ စိတ်ပါဝင်စား ကြတော့ မှာ မဟုတ် ဘူး။ ကျောင်းထွက် သွားကြလိမ့်မယ်။ ဆက်တက်တော့မှာ မဟုတ်ဘူး။ ဒီ မှာက ယူနက်စကို စတာတွေနဲ့ ချိတ် ထားတော့ ကိန်းဂဏန်းတွေ ကို အ လေးထားရတယ်။ ကျောင်းဝင်နှုန်း တက်ဖို့ပဲ အဓိကထားတယ်။ကျောင်း ထွက်နှုန်းများရင် မကြိုက်ကြဘူး။ စားဝတ်နေရေး ကလည်း ရှိနေတော့။ ထွက်သူက ထွက်မှာပဲ။ တကယ်လုပ် ပေးရမှာက တစ်ဖက်က အသက်မွေး ဝမ်းကျောင်း ပညာ ဒါတွေ သင်ပေး ကြရမှာ။ ဒီလိုမဟုတ်ဘဲ ကိန်းဂဏန်း ကိုသာ အလေးထားနေမယ် ဆိုရင် တော့ အရည်အသွေးကို အာမခံတဲ့ ပညာရေးဖြစ် ကို ဖြစ်လာမှာ မဟုတ် ဘူး။

စာရေးဆရာ ကြည်မင်း

စာမေးပွဲအောင်တာက အောင် တာပဲ။ ဒါကို ကူးပြောင်းတယ် လို့ စာ ရင်းသွင်း၊ ရှုပ်ရှက် ခတ်နေတာပဲ။ အ မှန်က နောက် ကျောင်းကြီးကို တကယ်တက်မှ ကူးပြောင်းတယ်လို့ ပြောရမှာပေါ့။ အခု သူက နောက် တစ်တန်းကို ဆက်မတက်ဘူး ဆိုရင် ဒါကူးပြောင်းတယ် ဆိုတာ မဟုတ် တော့ဘူး။ ဒီလိုတွေတော့ ရှိတာပေါ့။ အဓိက အလုပ်နဲ့ သာမည အလုပ် ခွဲလုပ်တတ်ဖို့ လိုတယ်။ အခုဆို ရင် ပေါပေါလောလော တွေ ဖြစ်ကုန်ကြ တယ်။ ဖြေသမျှ အကုန်အောင်တယ် ဆိုတဲ့ သတင်းတွေကလည်း မကြား ချင်အဆုံး ကြားနေ ရတယ်။ မြန်မာ့ ပညာရေး ကတော့ အခုမှ ဆိုးတာ တော့ မဟုတ်ပါဘူး။ ဟိုးခေတ်တွေ တုန်း ကတည်းက ဆိုးလာတာပါ။ ၁၉၉၂ လောက်က စဉ်ဆက်မပြတ် အကဲခတ်ပြီး စာမေးပွဲ အအောင်အရှုံး လုပ်ကတည်း ကိုက မှားနေတာ။ စာ မေးပွဲ အစစ်ကြီး မရှိတော့ဘူး။ ဒီတော့ ပထမ၊ ဒုတိယ၊ တတိယဆုပေး လို့ မရပြန်တော့ဘူး။ အဲဒါနဲ့ ပြန်ပြောင်း၊ ပြန်လုပ် ဒါနဲ့ကို လုံးချာ ပတ်ချာလည် ပြီး လိုရင်းကို မရောက်ကြတော့ဘူး ဖြစ်နေတယ်။ ဟုတ်ပြီ။ ဆရာမ တစ် ဦးတည်းကပဲ စဉ်ဆက် မပြတ် အကဲ ခတ်ဆိုရင် အဲဒီ ဆရာ မှာရောဘက် လိုက်မှု မရှိနိုင်ဘူးလား။ ဒါတွေလည်း စိစစ်ဖို့ လိုတာပေါ့။ အချို့ကျတော့ လည်းပဲ အာ…အောင်နေတာပဲ ကွာ။ လုပ်မနေတော့ဘူး။ ဒါကတော့ ကျောင်းသားတွေ အပိုင်း။ ဆရာ တွေအပိုင်း ကျပြန်တော့လည်း အချို့ ကိုပြောတာပေါ့လေ ။ ပေါ့ပေါ့လေး ပဲ လုပ်ပေးလိုက်တယ်။ မသင်ကြတဲ့သူ နဲ့။ မသင်ကြတဲ့သူ ဆိုတာ တတ် အောင်မသင်ပေးတဲ့ သူတွေ ပြော တာပါ။ ဒါတွေ ရှိလာတယ်။ အခုဆို ရင် ကြားနေရတဲ့စကားတွေက သိပ် မကောင်းဘူး။ ဘာသာစုံအောင်ဖြေ မလာတဲ့ သူတွေတောင် အောင်တယ် ဆိုတဲ့ အသံတွေ ကြားနေရတယ်။ ဒါ မဖြစ်ဘူး။ ဟုတ်တယ်ဆိုရင် ခွင့်ပြု လို့လည်း မရဘူး။ လက်ခံပေးလို့လည်း မရဘူး။ ကျွန်တော်တို့ နိုင်ငံမှာ ပညာ ရေးနဲ့ ပတ်သက်ပြီးတော့ အခုထက် ထိ စိတ်မအေးရဘဲ နဲ့ ရင်လေးနေ ရသေးတယ်။ စနစ်ဆိုးကြီးတွေ၊ နည်း မှားကြီးတွေ လက်ခံ ကျင့်သုံးနေကြ တုန်းပဲ။ မတွန်းလှန်နိုင်ဘူး ဖြစ်နေ တယ်။ တိုင်းပြည်ကို တကယ် စေတနာ ရှိတယ် ဆိုရင် နည်းမှားတွေကို သတ္တိရှိရှိ ဖယ်ထုတ်ပစ်ရမယ်။ ခပ် ကြမ်းကြမ်းကို ကိုင်တွယ်ရမယ်။ ဒီ အခါမှာဆိုရင် ဆရာ၊ ဆရာမတွေ တာဝန်ဟာ အရမ်းကြီး လာလိမ့်မယ်။ သူတို့ကို တာဝန်ယူ၊ တာဝန်ခံခိုင်းရ မယ်။

တစ်ဖက် ကလည်း လိုအပ်တဲ့ ထောက်ပံ့မှုတွေ ရှိရမှာပေါ့။ အခုဆို ရင် ကလေးတွေ စာမတတ်ကြဘူး။ စာပဲ ကျက်နေကြတယ်။ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိတဲ့ ဆရာအချို့ရဲ့ လုပ်ရပ်တွေ ဖြစ်တဲ့ မေးခွန်းကြိုပေး တာတို့၊ စာအုပ်ထဲက အတိုင်းပဲ တစ်လုံးမှ မလွဲဘဲ တည့်မေးလိုက် တာတို့ ဒါတွေကို ရှောင်ရမယ်။ ဒါ ကတော့ ဆရာတွေ အပိုင်းပေါ့လေ။ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ် ကလေးတွေကို ဥာဏ်ရည်ဖွံ့ဖြိုးစေ ချင်တယ်။ အခုဟာက ဥာဏ်မဖွံ့ဖြိုး ဘဲနဲ့ ကျက်နိုင်တာပဲ ဖွံ့ဖြိုးနေတယ်။ ကျွန်တော် နောက်ဆုံး ပြောချင်တာ က မူကြီး တစ်ခုလုံးကို ပြင်ရမယ်။ တကယ်တတ်မှပဲ အအောင်ပေးသင့် တယ်။

ဦးသက်လွင်
သင်တန်းရေးရာ ဌာနမှူး
ဒဂုံတက္ကသိုလ်

ကလေးတွေ စာသင်ခန်းထဲက ပျောက်သွားမှာကို အစိုးရက စိတ် ပူပုံရပါတယ်။ ဒါ့ကြောင့် ၁ဝ တန်း အထိ ရောက်အောင် ဆွဲခေါ်သွား တယ်လို့ မြင်ပါတယ်။ ကျွန်တော်က ကောင်းတယ်၊ ဆိုးတယ်ဆိုတာကို တော့ မဝေဖန်ချင်ဘူးဗျ။ ဘာ့ကြောင့် လဲဆိုတော့ လုပ်ရပ်တွေကို ကြည့်ရ ဦးမယ်လေ။ ကြည့်ပြီးတော့မှ ဝေဖန် တာ အကောင်းဆုံးပေါ့။ ကျွန်တော် တို့ ခေတ်တုန်း ကတော့ မဖြေနိုင်ရင် ကျပေါ့ဗျာ။ အခုကတော့ ခေတ် ပြောင်းသွားပြီလေ။ ဘာပဲဖြစ်ဖြစ် စာသင်ခန်းထဲမှာ ရှိနေရင်တော့ အ သိပညာ ရပ်နေမှာပဲ။ အစိုးရက အဲဒီအတိုင်း သွားနေတယ်လို့တော့ ကျွန်တော်မြင်ပါတယ်။ အပြောင်းအ လဲတစ်ခု လုပ်တဲ့အခါမှာ အားလုံးပူး ပေါင်းပါဝင်မှပဲရမယ်ဗျ။ ရန်ကုန် မှာလုပ်တဲ့ YBS ကိစ္စလိုပါပဲ။ ပြောင်း တဲ့သူက ပြောင်းတယ်၊ လိုက်မပြောင်း ချင်တဲ့သူက လိုက်မပြောင်းဘူး။ ဒီတော့ စနစ်တစ်ခုက မအောင်မြင် ဘူးဖြစ်နေတယ်။ စာမေးပွဲလည်း ဒီ အတိုင်းပါပဲ။ အပြစ်တွေ လိုက်ပြော နေမယ့်အစား ကိုယ်ဘာကောင်း အောင် လုပ်ပေးမလဲ၊ ကိုယ်က ဘယ် ဘက်က ပါဝင်နိုင်မလဲ။ ဒါပဲ အရေး ကြီးပါတယ်။ အားလုံးညီမှ ရမယ် ဗျ။ ကျွန်တော်ကတော့ အတန်း ကူးပြောင်းမှု စာရင်း ထုတ်ပြန်မှုကို အကောင်းဘက် က ရှုမြင်ပါတယ်။ အကောင်းပဲ ပြောလိုပါတယ်။

ဒေါက်တာ ဒေါ်ရင်ရင်နွယ်
ပညာရေးအကြံပေးအဖွဲ့ ခေါင်းဆောင်ဟောင်း

သမ္မတကြီး ဦးသိန်းစိန် လက် ထက်တုန်းက  မြို့ကြီး  ကျောင်းစစ် စာမေးပွဲတွေမှာ အဂတိ လိုက်စားမှု တွေ ရှိနေတာကို အားလုံးက သိရှိ ပြီးဖြစ်ပါတယ်။ အဂတိ လိုက်စားမှု ကို အားလုံးသဘော ပေါက်ကြပါ တယ်။ လက်ဆောင် သို့မဟုတ် ငွေ ပေးရင် ဆုရတာ တို့  အောင် ချက် ကောင်းတာတို့ စတာတွေလည်း ပါ တာပေါ့။ ရန်ကုန်မှာလည်း ရှိပါ တယ်။ အဲဒါကို အစိုးရက တိုက်ဖျက် ချင်တယ်။ ဘယ်လို တိုက်ဖျက်လိုက် လဲဆိုတော့ စာမေးပွဲတွေ ကို အစိုးရ က ကြီးကြပ် လိုက်တဲ့ သဘော၊ ထိန်း ချုပ်လိုက်တဲ့ သဘော။ ဒီတော့ ၄ တန်းနဲ့ ၈ တန်းမှာ ကျောင်းသား တွေကို သူတို့ကျောင်းရဲ့ ဆရာ၊ ဆရာမတွေ စာစစ်မယ့် အစား တခြား က ဆရာ ဆရာမတွေ စာစစ်တဲ့ သဘောပေါ့။ စာသင်ကျောင်းတွေက စာမေးပွဲကို ထိန်းချုပ်လို့ မရတော့ ဘူး။ အတန်းပိုင် ဆရာတွေလည်း ထိန်းချုပ်လို့ မရတော့ ဘူး။ မေးခွန်း တွေ ကိုယ့်ကျောင်းနဲ့ ကိုယ်ထုတ် တာမဟုတ်တော့ ပိုပြီး ဖိဖိစီးစီးလုပ် ကြရတယ်။ ကျောင်းသားရော၊ ဆရာ ရောပေါ့။ ဒီတော့ အားလုံးဟာ တတ် အောင် သင်ရမယ့် အခြေအနေကို စပြီး ပျိုးထောင်တဲ့ သဘောပါ။   အဲဒီ အခါမှာ အရည်အချင်းက စစ်လိုက် သလိုဖြစ်သွားပြီး အရည်အချင်း မှန်တွေ ပေါ်ကုန်ရော။ စလုပ်တဲ့နှစ် မှာပဲ စာမေးပွဲ ကျတာတွေတော့  ရှိခဲ့ တာပေါ့။ အခုက အအောင် များတယ် လို့ ပြောသံဆိုသံတွေ ကြားနေရ တော့ ဒီတစ်နှစ် နှစ်နှစ် အတွင်းမှာ အဲဒီလောက်အထိ ကျောင်းသားတွေ ရဲ့ အရည်အချင်း ဟာ ချက်ချင်း ပြောင်းလဲမှု ရှိသွားနိုင်လား ဆိုတာ မေးစရာ ဖြစ်လာတယ်။  ဆိုလိုတဲ့ အဓိပ္ပာယ်က အောင်ချက် အဲဒီ လောက်ထိ ရုတ်ချည်း တက်သွားခဲ့ရင် ဒါဟာ မေးခွန်း ထုတ်စရာရှိပါတယ်။ အောင်တဲ့ စံနှုန်းကို ကျောင်းသား များများ အောင်အောင် ဆွဲချလိုက် တာလား။  မေးစရာတွေ ရှိပါတယ်။ ကျွန်မပြောတဲ့ အဓိပ္ပာယ်က အ ပြောင်းအလဲ မလုပ်ဖို့ ပြောနေတာ မဟုတ်ပါဘူး ။ ပြောင်းသင့် တာကို ပြောင်းရပါမယ်။ ကိုယ့်ရဲ့ ပြောင်းလဲ မှုမှာ ဘယ်ဘက်ကို ထိခိုက်သွားလဲ။ ဘယ်ဘက်ကို မထိခိုက်ဘူးလဲ ပြန် မေးယူရမယ်။ ပညာအရည်အသွေး ကို မထိခိုက်ဘူး ဆိုရင် ပြောင်းပါ။ ၁၉၈၈ နောက်ပိုင်း တက္ကသိုလ်တွေ၊ အခြေခံပညာ ကျောင်းတွေက တအား အအောင် ပေးကြတယ်။ အဲဒီတော့ အရည်အသွေးတွေ၊ အရည်အချင်း တွေက မြင်တဲ့အတိုင်း ဖြစ်နေကြ တာပေါ့။

အခုလည်း ဟိုအရင်အတိုင်း မလုပ်ဖို့လိုတယ်။ အရည်အသွေးတွေ ကို ထိန်းဖို့ လိုတယ်။ ပြီးခဲ့တဲ့ သမ္မတ ကြီး ဦးသိန်းစိန် အစိုးရ လက်ထက် တုန်းက ကျွန်မတို့ပါ ပါဝင်လုပ်ဆောင် ခဲ့တဲ့ ဆရာကြီး ဒေါက်တာမြင့်သိန်း၊ ဆရာကြီးဒေါက်တာ သန်းဦးတို့၊ ဆရာကြီး ဦးတင်ညို တို့ ဦးဆောင် ခဲ့တဲ့ ပညာရေး ပြုပြင်ပြောင်းလဲရေး အဖွဲ့ဟာ စဉ်းစား ဝေဖန်သုံးသပ် တတ်တဲ့ အတွေးအခေါ် (Critical Thinking) ကိုပျိုးထောင် ပေးတဲ့ အ ခြေခံ သင်ရိုးညွှန်းတမ်း အသစ်တွေ ကို ရေးသား ပြုစုခဲ့ကြတယ်။ ဒါကို အစိုးရသစ်က သူငယ်တန်း အတွက် တော့  ကျင့်သုံးနေပြီ။ ဒီလို ကောင်း တာကိုတော့ လက်ခံ လုပ်သင့်ပါတယ်။ အတန်းကြီးတွေ အတွက်လည်း ဆက် လက် လုပ်ပါလို့ လည်း တိုက်တွန်းပါ တယ်။  အဲဒီအခြေခံ သင်ရိုးညွှန်း တမ်းအဖွဲ့က   ဒေါက်တာမြင့်သိန်း ဟာ ဆိုရင် နိုင်ငံခြားမှာ သင်ရိုးညွှန်း တမ်း နဲ့ ပါရဂူဘွဲ့ယူခဲ့တဲ့သူပါ။ ဒါ့ကြောင့် အဲဒီ သင်ရိုးညွှန်းတမ်း အတိုင်းသွားရင် မြန်မာ့ ပညာရေးဟာ တကယ်တတ် တဲ့ ကျောင်း သားတွေကို မွေးထုတ်ပေး နိုင်လိမ့်မယ်။ သင်ရိုး အဟောင်းက တော့ အလွတ်ကျက်တဲ့ စနစ်ပေါ့။ နိဂုံး ချုပ်အနေ အနဲ့ စာမေးပွဲ ဟာ ကျောင်း သား တစ်ယောက်ရဲ့ ပညာအရည်အ သွေးတတ်မြောက်မှုကို အကဲဖြတ်တဲ့ စာမေးပွဲပဲ ဖြစ်သင့်ပါတယ်။

ဦးသန်းထိုက်အောင်
သမိုင်းဌာန ကထိက
ပုသိမ်တက္ကသိုလ်

ကျောင်းထွက် နည်းအောင် မအောင် အောင်အောင်လုပ်ပြီး အတန်းတင်နေရင်တော့ ဒါဟာ ထိ ရောက်တဲ့ ဆောင်ရွက်ချက်  မဟုတ် ဘူး။ အမှန်က ကျောင်းသားတွေကို ပျော်အောင်၊ ပညာကို ချစ်တတ် အောင်လုပ်ပေးနိုင်မှ ကလေးတွေ ဟာ ကျောင်းထွက် နည်းသွား ပါလိမ့် မယ်။ အခုက အဲဒီလို မဟုတ်ဘူးဗျ။ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ အခြေခံ ပညာ စာမေးပွဲစနစ်တွေဟာ မှား ယွင်းနေပါ တယ်။ ပြီးတော့ ဗဟို ချုပ်ကိုင်မှုတွေ အများကြီး ရှိနေတုန်း ပါပဲ။ ဗဟိုချုပ်ကိုင်မှု ဆိုတာ ကတော့ အပေါ်က လူကြီးတွေက အောင် ချက်တက်စေချင်တယ်။ ဒီတော့ နည်းမျိုးစုံနဲ့ အောင်အောင် လုပ်ခိုင်း တယ်။ အဲဒီအခါမှာ ဆရာ၊ ဆရာမ တွေက အောင်အောင် လုပ်ပေး ရ တယ်။ ဆရာ၊ ဆရာမတွေက ကိုယ့် ကျောင်းသားတွေရဲ့ အခြေအနေကို အသိဆုံးပါပဲ။ မသိဘဲ မတတ်ဘဲ တင်ပေးလိုက်ရရင် ဆရာ၊ ဆရာမ တွေရဲ့ စိတ်ထဲ ကျေနပ်မှာ မဟုတ် ဘူး။ ဒီလိုပဲ ကျောင်းသား ကလည်း သူ့ကိုယ်သူ ကျေနပ်မှာ မဟုတ်ဘူး။ သူ ဘာမှမသိဘဲ၊ မတတ်ဘဲ နဲ့အောင် လာတာလေ။ သူပညာကို လုံးဝတန် ဖိုးထားမှာ မဟုတ်ဘူး။ ဒါတွေကို ပညာရေး ဝန်ကြီးဌာနက ပကတိ အ မှန်တရား အတိုင်း သိဖို့ လိုတယ်။ ကျွန်တော်တို့ ဆီမှာ သင်ကြားရေး စနစ်ပြောင်းကို ပြောင်းရမယ်။ ဆရာ၊ ဆရာမတွေက နည်း နည်းတော့ ပင်ပန်းမှာပေါ့။ ကျောင်းသားနဲ့ ဆရာ၊ ဆရာမ အချိုး မျှတအောင်၊ သင် ထောက်ကူ ပစ္စည်းတွေ ပြည့်စုံအောင်၊ လုပ်ခလစာ လောက်ငှအောင် လုံ လောက်အောင် လုပ်ပေးရမယ်။ တတ်တတ် မတတ်တတ် အတန်း တင်ပေးနေမယ် ဆိုရင်တော့ ပညာ ရေးဟာ ဒီ့ထက်ဆိုးဖို့ပဲ ရှိတော့တယ်။

ဦးအောင်ကျော်သူ
အထက်တန်းပြဆရာ

၎ တန်း၊ ၈ တန်း စာမေးပွဲ တွေ  ၁ဝဝ ရာခိုင်နှုန်းနီးပါး အောင်မြင် ကြတယ်လို့ ကြားသိ နေရပါတယ်။ ထူးထူးခြားခြား ကြားရ တာလေး တွေလည်း ရှိပါတယ်။ လစဉ်စာမေး ပွဲ ကျနေတဲ့သူတွေ၊  အခု အောင်ကြ ပါတယ်။ ဒါ့အပြင် မအောင်သင့် တဲ့ တော်တော်လေး ကို ညံ့တဲ့ ကလေး တွေဆိုရင် အောင်ပါတယ်လို့ ပြော တဲ့အသံတွေလည်း ကြားနေရပါ တယ်။ တော်တော်လေးကို ဆိုးဆိုး ရွားရွားပါပဲ။ ဒီ အောင်စာရင်းတွေ မထွက်ခင် ကျွန်တော်တို့ အကြားပေါ့ လေ။ ဝန်ကြီးကိုယ်တိုင်၊ ညွှန်ချုပ် တွေကိုယ်တိုင်က အားလုံးကို အ အောင်ပေးပါ ဆိုတဲ့ ပြောကြားမှုတွေ ရှိနေတယ်။ အရင်တုန်း ကလည်း အဲ ဒီလို ရှိခဲ့တယ်လေ။ ဒီတော့ ဟုတ်မှ ဟုတ်ပါ့ မလားလို့ ကျွန်တော်တို့ စောင့် ကြည့်နေခဲ့တယ်။ အောင်စာရင်း လည်း လက်တွေ့ထွက်လာရော။ ကြားတဲ့ သတင်းက မမှားဘူးလို့ပြော ရမယ်။ အကုန် အောင်ကြတာကိုး။ အရင်တုန်း ကတော့ နောက်ဆုံး စာ မေးပွဲတွေနဲ့ အအောင်အရှုံး သတ် မှတ်တာကိုး။ အခုက အဲဒီလို မဟုတ် တော့ဘူး။ လပတ် စာမေးပွဲတွေရဲ့ ရမှတ်တွေ၊ အကဲဖြတ် မှတ်တမ်းတွေ ကို ကျွန်တော်တို့က လစဉ်ပို့ရတယ်။ အဲဒါတွေကိုပါ ယူပြီး သူတို့က အ အောင်ပေးလိုက်တယ်။ နှစ်ဘာသာ ဖြေပြီး လာမဖြေတဲ့ သူတောင် အောင် တယ်လို့ ပြောတယ်။ သူ့ကို နှုတ်မေး နှုတ်ဖြေတွေ လုပ်တယ်။ ပြန်ဖြေခိုင်း လို့ အောင်တယ်လို့တော့ ပြောတာ ပေါ့လေ။ ကျတဲ့လူကတော့ နည်း နည်းပါးပါး ရှိပါတယ်။ အဲဒီလို ကြီး လုပ်လိုက်တော့ သင်ကြားရေး ဆရာ၊ ဆရာမတွေမှာ ခံစားမှုတွေ ရှိသွား ကြတယ်။ လုံးဝ အအောင် မပေးသင့် တာကို အအောင် ပေးလိုက်ရတဲ့  ဆရာ၊ ဆရာမတစ်ယောက်ရဲ့ ခံစား ချက်ကို သိဖို့လိုတယ်။ အခုလုပ်လိုက် တဲ့စနစ်က စာမေးပွဲ ကျတဲ့သူတွေ ကို တစ်ခါပြန်ဖြေခိုင်းတဲ့ ကုစားစနစ် ထက်တောင် ပိုဆိုးမယ်။ ကုစား စနစ်ကမှ သူ့ထက် နည်းနည်း ပိုသာ မယ်။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပဲ ပြောမယ်။ ဒီနှစ် စနစ်ကြီးဟာ ကျောင်းသားတွေ အတွက် တော် တော် အန္တရာယ်ရှိတယ်။ ပြီးတော့ ဆရာ၊ ဆရာမတွေ ရဲ့ သင်ကြားစွမ်း ရည်ကို ထိခိုက်နိုင်တယ်။ ကျောင်း သားတွေ အတွက်  အန္တရာယ် ဆိုတာ က သူတို့ဟာ ကြိုးစား လည်း အောင် တယ်၊ မကြိုးစားလည်း မကျဘူး။ ဒီ လိုစိတ်ဝင် သွားလိမ့်မယ်။ အဲဒီကျ ရင်စာကို စိတ်ဝင်စားတော့မှာ မဟုတ် ဘူး။ နောက် တစ်ခု က သူတို့ဟာ ဘာ မှမတတ်ဘူး။ နောက်တစ်တန်း တက်သွားတယ်။ အဲဒီအတန်းမှာ လည်း မလိုက်နိုင်ဘူး။ အဲဒီလို ဆိုရင် သူတို့ ကျောင်းနေ မပျော်တော့ဘူး။ ဒါတစ်ခုပဲ။ ဆက်စပ်ပြီး တွေးကြည့် လိုက်ရင် တော်တော်ကြောက်ဖို့ ကောင်းတယ်။ ဆရာ၊ ဆရာမတွေ ဘက်ကို ကျွန်တော် ပြောပြမယ်။ ကျွန်တော် တို့က ၄ တန်းကို အခြေခံ ပညာ မူလတန်း အဆင့်ရဲ့ရေစစ်၊ ၈ တန်းကို အခြေခံပညာ အလယ် တန်း အဆင့်ရဲ့ ရေစစ်၊ ၁ဝ တန်းကို တော့ အခြေခံပညာ အဆင့်ရဲ့ ရေ စစ်ကြီးလို့ ကျွန်တော်တို့ ဆရာ၊ ဆရာမတွေ မှတ်ယူထားတယ်။ ၄ တန်း၊ ၈ တန်းကို ခရိုင်စစ်၊ တိုင်း ပြည်နယ် စစ်လို့ သတ်မှတ်လိုက်ပြီး နောက်ပိုင်း ဆရာ၊ ဆရာမတွေဟာ အချိန်ပိုတွေ ခေါ်ကြတယ်။ ည ကျောင်းတွေ ဖွင့်တယ်။ အင်နဲ့ အားနဲ့ ကို သင်ကြတယ်။ အကျရှိ တာကိုး။ အခု ဒီလိုဖြစ်သွားတော့ အဲဒီလို အင်နဲ့ အားနဲ့ သင်တာလျော့ ကျသွားမလားလို့ ကျွန်တော် စိတ်ပူ တယ်။ မဖြစ်သင့်ပါဘူး။ အောင်သင့် တဲ့လူ အအောင်ပေးရမယ်။ ကျသင့် တဲ့လူ ကျကိုကျရမယ်။ ဒါမှ အာမခံ ချက်ရှိမယ့် ပညာရေး တစ်ခု ဖြစ်မှာ ပေါ့ဗျာ။ ပြီးတော့လည်း ရှိသေးတယ်။ ကျွန်တော် တို့ဟာ ပညာရေး ဝန်ကြီး ဌာနရဲ့ တစ်မိုးအောက်မှာ နေတာ ပါ။ ဒီ့အတွက် စာမေးပွဲ ရလဒ်တွေကို ထုတ်ပြန်တဲ့ အခါမှာ တစ်မျိုးတစ် စားတည်း ဖြစ်ရမှာ။ အခုတော့ အ တန်းကူးပြောင်းမှုစာရင်း၊ ကျေနပ် ဖွယ်ဖြစ်သူများ စာရင်း၊ အတန်း ကူး ပြောင်း မှု အောင်စာရင်း အမျိုးမျိုးကွဲ နေတယ်။ ဒါဟာ မဖြစ်သင့်ဘူးလို့ လည်း ပြောချင်ပါတယ်။

ကိုမင်းသူကျော်
ဥက္ကဋ္ဌ၊ စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ

အတန်း ကူးပြောင်းတာတွေ၊ အောင်စာရင်း ထုတ်တာတွေ အဲဒါ တွေ မပြောချင်တော့ဘူး။ အဓိက ပြောချင်တာ ကတော့ စာမေးပွဲဖြစ် စဉ်ကြီးတစ်ခုလုံး ကို ပြောင်းလဲပေးစေ ချင်တယ်။ အောင်ချက် ကောင်းတယ် ပဲ ပြောပြော၊ အောင်ချက် နည်းတယ် ပဲ ပြောပြော ဒါတွေဟာ ဘာမှ သုံး စားလို့မရဘူး။ တကယ့် ပညာတတ် မှ သုံးစားလို့ရမယ်။ ကျွန်တော်တို့ ကိုယ်တိုင် ဒီစနစ်ကြီးကို ဖြတ်သန်း လာခဲ့တာပါ။ ကျွန်တော်တို့ကို စာ တတ်အောင် သင်ပေးတာ မဟုတ် ဘူး။ ကျွန်တော်တို့က စာကျက်ရ တာ။ ကိုယ်ကျက်ထားတဲ့ ဟာကို ချ ရေး။ ပြီးတော့ အဲဒါတွေက ဦးနှောက် ထဲမှာမရှိ။ ဘာမှလည်း သုံးလို့မရ ဘူး။ အဲဒါဟာ ဘာ့ကြောင့်လဲဆို တော့ လက်တွေ့ လုပ်ငန်းတွေ အား နည်းလို့ပဲ။ ကျွန်တော် ပြောချင်တာ က ဘာသာရပ် ဆိုင်ရာ ဆရာ၊ ဆရာမ တွေရဲ့ သင်ကြားနည်း စနစ်တွေ ကို ပြောင်းလဲဖို့ လိုတယ်။ ကျွန်တော်တို့ ပိုပိုပြီးကောင်းတဲ့ စနစ်တစ်ခု လိုချင် ပါတယ်။ ကျွန်တော်တို့ ရှေ့မှာ တိုး တက်အောင် လုပ်ခဲ့တဲ့ နိုင်ငံတွေ အ များကြီး ရှိတယ်။ ဒါ့ကြောင့် ကျွန် တော်တို့ တွေဟာ အစကနေ ပြန်ပြီး စဉ်းစားပြီး ခက်ခက်ခဲခဲ လုပ်ဖို့မလို ပါဘူး။ ကျွန်တော် တို့အတွက် ပို ကောင်းတဲ့ စနစ်တစ်ခုကို ပညာရှင် တွေက ဖ်ာဆောင် ပေးပါတယ်။ အားလုံး ပူးပေါင်းပါဝင် ဖော်ဆောင် ပေး ကြဖို့လည်း လိုပါတယ်။ အောင် ချက် ကောင်းတိုင်း ပညာရေးဟာ ကောင်းတာမဟုတ်ပါဘူး။

ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*