10:50 am
စိုင်းလမင်း
ရန်ကုန်၊ ဧပြီ ၂၄
သွားလာရန် ခက်ခဲသော ဒေသများတွင် သဘာဝဘေးအန္တ ရာယ်များကြုံတွေ့ပါက အရေးပေါ် ကယ်ဆယ်ရန် ယခုအစိုးရသက်တမ်း အတွင်း ရဟတ်ယာဉ်များဝယ်ယူ သွားမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။
”ရဟတ်ယာဉ်ကတော့ မဖြစ် မနေဝယ်ယူမှာဖြစ်ပါတယ်။ ဒါပေ မယ့် ဆုံးဖြတ်ချက်တော့ မချရသေးဘူး။ ဝယ်ဖို့တော့ စဉ်းစားနေတယ်။ ပြီးခဲ့တဲ့နှစ်က ချင်းတို့၊ ကချင်တို့မှာ ဖြစ်သလို၊ ကားတွေ၊ ရထားတွေ မသွားနိုင်တဲ့နေရာ တွေ မှာ ရဟတ်ယာဉ်နဲ့ ကယ်မှရမယ်။ ဆုံးဖြတ်ချက်လည်း အမြန်ဆုံးချမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။ မည်သည့်ကုမ္ပဏီထံမှ ဝယ် ယူမည်ကိုလေ့လာနေပြီး လက်ရှိ အချိန်တွင် ရဟတ်ယာဉ် လိုအပ် ပါက တပ်မတော်က ကူညီပေးနေ ကြောင်း ဝန်ကြီးကပြောသည်။
မြန်မာနိုင်ငံသည် နှစ်စဉ် သဘာဝဘေးအန္တရာယ် ကြုံတွေ့ ရလေ့ရှိပြီး ၂ဝဝ၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်း ကြောင့်လူပေါင်းများစွာ သေကျေ ပျက်စီးခဲ့ရသဖြင့် အဆိုပါ ဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ကြိုတင် ပြင်ဆင်မှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။ပညာရှင်များ၏ လေ့လာ ဆန်းစစ်ချက်အရ ကမ္ဘာ့နိုင်ငံ ၁၇၁ နိုင်ငံတွင် သဘာဝဘေးဖြစ် ပွားမှု၌ မြန်မာနိုင်ငံသည် ဖြစ်ပွားမှု အများဆုံးအလိုက်အဆင့်(၄၂) တွင်ရှိပြီး သဘာဝဘေးရင်ဆိုင် တုံ့ပြန်ရန် အဆင်သင့်ဖြစ်မှုတွင် အဆင်သင့်မဖြစ်ခြင်း အဆင့် (၁၅)တွင်ရှိကြောင်း ဝန်ကြီးက ဧပြီ ၂၃ရက်နေ့က ဖျာပုံမြို့ခံများ နှင့်တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။