မန်း၌ ခိုးရာပါ ဆိုင်ကယ်အစီး ၃ဝ ကျော် ဖမ်းမိထား၍ ပိုင်ရှင်များ အထောက်အထား ပြ၍ လာရောက်ထုတ်ယူနိုင်

မန်း၌ ခိုးရာပါ ဆိုင်ကယ်အစီး ၃ဝ ကျော် ဖမ်းမိထား၍ ပိုင်ရှင်များ အထောက်အထား ပြ၍ လာရောက်ထုတ်ယူနိုင်
April 26, 2017 Asian Fame

3:38 pm
မန်း၌ ခိုးရာပါ ဆိုင်ကယ်အစီး ၃ဝ ကျော် ဖမ်းမိထား၍ ပိုင်ရှင်များ အထောက်အထား ပြ၍ လာရောက်ထုတ်ယူနိုင်

(မန္တလေး၊ ဧပြီ ၂၅)

မန္တလေးမြို့၌  ယခုလအတွင်း ဆိုင်ကယ် ခိုးသည့်တရားခံများအား ဆိုင်ကယ် ၃၂စီး နှင့်အတူ ဖမ်းဆီး ရမိထားသည့် အတွက် ပျောက် ဆုံး နေသူများ အနေနှင့်  အထောက်အ ထား အပြည့်အစုံဖြင့် လာရောက်ထုတ် ယူနိုင်ကြောင်း မန္တလေးတိုင်း ဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံး မှ သိရသည်။

”ပိုင်ရှင် မပေါ်တာလည်း အမှု ဖွင့်မှာပဲ။ ပေါ်တဲ့ဟာတွေ ကိုတော့  ထိန်းသိမ်း စစ်ဆေးနေတဲ့ ကာလမှာ  ပိုင်ရှင်တွေ ပေါ်လာရင် လာပြီးတော့ တိုက်ဆိုင်စစ်ဆေးပါ။ အထောက်အ ထားမှန်ကန်ရင် အမှုဖွင့် စစ်ဆေးပြီး ပြန်ပေးပါမယ်”ဟု မန္တလေး တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်း အကူဌာန စုမှူးရုံးမှ ဒုရဲမှူးမိုးသူကပြောသည်။

ထိုဆိုင်ကယ် ၃၂ စီးမှာ ဧပြီ ၁ ရက် မှ ၂၃ ရက်အထိ ဖမ်းဆီး ရမိထားသည့် ဆိုင်ကယ်များသာ ဖြစ်ပြီး CZI ၊ ၁၁ဝ၊ ၁၂၅၊ ကလပ် ဘီးနှင့်  Scopi အမျိုးအစားများ ဖြစ်ကြောင်း သိရသည်။

”ဧပြီ ၁ ရက်ကနေ ၂၃ ရက် အထိ တရားခံ ၁၁ ယောက် ဆိုင် ကယ် ၃၂ စီး ဖမ်းမိ ထားတာပါ။ အမှုဖွင့်ပြီးသား ပိုင်ရှင်ပေါ်ပြီးတာ က ၁၃ စီး၊ ကျန်တာက ပိုင်ရှင်မ ပေါ်သေးဘူး၊ လာမကြည့်ကြသေး တာပေါ့။ ကိုယ့်ဆိုင်ကယ် ဟုတ်၊ မဟုတ် လာကြည့် လို့ရတယ်” ဟု လည်း ၄င်းက ဆက်ပြောသည်။

ဆိုင်ကယ် ခိုးယူသူများတွင် တစ်ယောက်တည်း ၁ဝ စီး မှ ၁၁ စီးအထိ ခိုးယူသူများ ရှိသလို တစ် ယောက်တည်း ၂ စီးခိုးခြင်း၊ နှစ် ယောက်ပေါင်းပြီး ခိုးယူခြင်းများ လည်း ရှိကြောင်းသိရသည်။

ဆိုင်ကယ် ပျောက်ဆုံး သူများ အနေနှင့် ပိုင်ရှင် အမှန်တကယ်ဖြစ် ကြောင်း ကမ-၃ အုံနာဘုတ် အ ပါအဝင် အထောက်အထား ခိုင်လုံ စွာဖြင့် မန္တလေးတိုင်း ဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးသို့ လာရောက် စုံစမ်း နိုင်ကြောင်း မှုခင်း အကူဌာနစုမှူးရုံး က သတင်း ထုတ်ပြန် ထားသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*