ထိုင်းရှိ CI အထောက်အထားထုတ်ပေးရေး စခန်းများ သင်္ကြန်ကာလအတွင်းပိတ်မည်

ထိုင်းရှိ CI အထောက်အထားထုတ်ပေးရေး စခန်းများ သင်္ကြန်ကာလအတွင်းပိတ်မည်
April 5, 2017 Asian Fame

1:34 pm
ထိုင်းရှိ CI အထောက်အထားထုတ်ပေးရေး စခန်းများ သင်္ကြန်ကာလအတွင်းပိတ်မည်

ရဲလွင်
ရန်ကုန်၊ ဧပြီ ၎

သင်္ကြန်ကာလအတွင်း ထိုင်းရှိ CI ထုတ်ပေးရေးစခန်းများ ပိတ်ထားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား သံအရာရှိရုံးက ကြေညာထားသည်။မည်သူမည်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် CI စာအုပ် ထုတ်ပေးရေးစခန်းများ ပိတ်ထားမည့်ရက်မှာ သင်္ကြန်ကာလဖြစ်သည့် ဧပြီလ ၁၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ စုစုပေါင်းငါးရက်ဖြစ်ကြောင်း မြန်မာအလုပ်သမားသံ အရာရှိရုံးက ဆိုထားသည်။

သို့သော် သင်္ကြန်အပြီး ၁၈ ရက်နေ့တွင် စခန်းများ ပြန်လည် ဖွင့်လှစ်ပြီး ပုံမှန်အတိုင်းပြန်လည် ထုတ်ပေးမည် ဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးက ကြေညာထား သည်။ ထိုင်းတွင် CI စာအုပ်ထုတ် ပေးခြင်းလုပ်ငန်းကို မတ်လအတွင်းကတည်းက ထိုင်းနိုင်ငံရှိ နေရာ ခြောက်ခုတွင် စခန်းခြောက်ခုဖွင့် လှစ်၍ ထုတ်ပေးနေခြင်းဖြစ်သည်။ ထိုင်းအစိုးရက သင်္ကြန်ကာလအတွင်း မြန်မာလုပ်သားများ နေ ရပ်ပြန်ခွင့်ကို ဧပြီလ ၅ ရက်နေ့မှ ၃ဝ ရက်နေ့ထိ ၂၅ ရက်ခွင့်ပြု ထားသည်။ ထို့ကြောင့် နေရပ်ပြန်မည့် မြန်မာလုပ်သားများ အနေဖြင့် လို အပ်သောစာရွက်စာတမ်း၊ ပတ် စပို့၊ အလုပ်လုပ်ခွင့် လက်မှတ် စသည်တို့ကို မိတ္တူအပါအဝင်ယူ ဆောင်သွားရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ လိုအပ်၍ စစ် ဆေးမှုများ ရှိနိုင်မည်ဖြစ်ကြောင်းထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိရုံးက သတိပေး ကြေညာ ထားသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*