11:31 am
သီဟ
ကော့ကရိတ် ၊ ဧပြီ ၎
သင်္ကြန်ပိတ်ရက်အတွက် နေရပ်ပြန်လာသော ထိုင်းရောက် မြန်မာလုပ်သားများ ပါဝင်သည့် မော်တော်ယာဉ် မြဝတီ-ကော့က ရိတ်လမ်းမကြီးတွင် တိမ်းမှောက်ခဲ့ ရာ ၄ ဦးသေဆုံးခဲ့ကြောင်း ကော့ကရိတ် မြို့မရဲစခန်းမှ သိရသည်။
မြန်မာလုပ်သား ၁၇ ဦး စီး နင်းလိုက်ပါလာသော လိုက်ထရပ် ယာဉ်သည် ဧပြီ ၃ ရက်တွင် မြဝ တီ-ကော့ကရိတ် အာရှလမ်းပိုင်း မိုင်တိုင် ၁၅၅-၁၅၆ ၌ လမ်းညာ ဘက်အခြမ်းသို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး မဲဆောက်မှ ကျိုက်မရောသို့ ပြန်လာသော မြန်မာအလုပ်သမား အမျိုးသား ၂ ဦးနှင့် အမျိုးသမီး တစ်ဦးတို့မှာ အခင်းဖြစ်နေရာတွင် ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ နောက်ထပ် အမျိုးသားတစ်ဦးမှာ ဆေးရုံသို့ အရောက်တွင် သေဆုံး သွားကြောင်း ကော့ကရိတ်မြို့မ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။
”အလုပ် လုပ်နေတာ ကြာပြီ ထင်တယ်။ သူတို့တွေ အများစုက ကျိုက်မရောက လူတွေချည်းပဲ။ သင်္ကြန်နား နီးလို့ အိမ်ပြန်လာ တုန်း အခုလိုဖြစ်သွားတာပဲ။ ကား ကွေ့ရာကနေ ညာဘက်ကို တိမ်း မှောက်သွားတာ” ဟု အဆိုပါ ရဲ အရာရှိကပြောသည်။ ဖြစ်စဉ်ကြောင့် မြဝတီဆေးရုံ တွင် အတွင်းလူနာအဖြစ် ၁ဝ ဦး တက်ရောက်ကုသနေပြီး ကျန် ၃ ဦးမှာ ဒဏ်ရာ အနည်းငယ် ရရှိကြောင်း သိရသည်။ အဆိုပါ ယာဉ်ကိုမောင်းနှင် ခဲ့သူ ယာဉ်မောင်းမှာ လက်ရှိတွင် ထွက်ပြေး တိမ်းရှောင်နေသည်ဟု သိရသည်။ အဆိုပါ ယာဉ်မောင်းကို ကော့ကရိတ် မြို့မရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈၊ ၃ဝ၄ (က)၊ ၂ဝ၂ အရ အမှု ဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။