အလောင်းတော်ကဿပရှိ သစ်တောဝန်ထမ်းများကို လက်နက် တပ်ဆင်ပေးမည်

အလောင်းတော်ကဿပရှိ သစ်တောဝန်ထမ်းများကို လက်နက် တပ်ဆင်ပေးမည်
April 5, 2017 Asian Fame

12:22 pm
အလောင်းတော်ကဿပရှိ သစ်တောဝန်ထမ်းများကို လက်နက် တပ်ဆင်ပေးမည်

ဝေရှိုင်းကျော်
ရန်ကုန်၊ ဧပြီ ၃

အလောင်းတော်ကဿပတွင် သားငှက်တိရစ္ဆာန်များတရားမဝင် ဖမ်းဆီးခြင်းနှင့်သစ်တောသယံဇာတများ တရားမဝင်ခိုးထုတ်နေမှုများ ထိန်းသိမ်းနိုင်ရန် ဝန်ထမ်းများ အတွက်သေနတ်များတပ်ဆင်ပေး သွားမည်ဖြစ်ကြောင်း အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးက ပြောသည်။ ထိုသို့ လက်နက်များတပ်ဆင် ပေးခြင်းသည်ဥယျာဉ်အတွင်း သစ် တောသယံဇာတများ၊ သားငှက် တိရစ္ဆာန်များနှင့် အမဲလိုက်သတ် ဖြတ်ခြင်းများရှိနေမှုကြောင့်ထုတ်ပေး ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါ လက်နက်များ ပြန် လည် တပ်ဆင်ပေးနိုင်ရေးအတွက် ဝန်ထမ်း ၂ဝ ဦးကို သင်တန်းပေး နေပြီး ရိုင်ဖယ်သေနတ် ၁၈ လက် နှင့် စတင်းဂန်း ၂ လက် စုစုပေါင်း ၂ဝ လက်ကို လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း အလောင်းတော် ကဿပအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးမှ အုပ်ချုပ် ရေးမှူး ဦးမောင်မောင်နိုင်က ပြော သည်။ ”ဥယျာဉ်ကလည်းကျယ်တယ်။ ဝန်ထမ်းတွေက တောထဲမှာပဲ နေရတဲ့အတွက် အန္တရာယ်လည်း ရှိပါတယ်။ ဒါကြောင့် ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ မုဆိုးတွေက လည်း ရှိပါတယ်။သူတို့တွေက တူ မီးတွေကိုင်ကြပါတယ်။မုဆိုးတွေ ကို ဖမ်းဆီးပြီး ရဲစခန်းအပ်တာ တွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဥယျာဉ်အတွင်း ကင်းလှည့် ထိန်းသိမ်းရေးများကို စနစ်တကျဆောင်ရွန်နိုင်ရန်၊ မုဆိုး များ၏ အန္တရာယ်နှင့် တရားမဝင် သစ်တောသယံဇာတများ ထိန်း သိမ်းဆောင်ရွက်နိုင်စေရန် အဓိက ရည်ရွယ်ကြောင်း အလောင်း တော် ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးက ဆိုသည်။ လက်ရှိတွင် ဥယျာဉ်ဝန်ထမ်း များကို အနောက်မြောက်တိုင်း စစ် ဌာနချုပ်က ယင်းမာပင်မြို့နယ်၊ ကပိုင်းကျေးရွာ၊ ဥယျာဉ်ရှေ့တန်း စခန်းတွင် မတ်လ ၂၈ မှစပြီး ဧပြီလ ၇ ရက်နေ့အထိ သင်တန်း များ ပေးသွားမည်ဖြစ်ကြောင်း အထက်ပါ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။ အဆိုပါ အလောင်းတော် ကဿပအမျိုးသား ဥယျာဉ်အုပ် ချုပ်ရေးမှူးရုံးတွင် စုစုပေါင်း ဝန် ထမ်း ၈၅ ဦးရှိပြီး ကင်းလှည့်ထိန်း သိမ်းရေးတွင် ၂ဝ ဦးဆောင်ရွက်ကြောင်း သိရသည်။ အလောင်းတော် ကဿပ အမျိုးသားဥယျာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နှင့် မင်း ကင်းမြို့နယ်၊ တောင်တွင်းကြိုးဝိုင်း နှင့် ပုထိုးလုံသစ်တောကြိုးဝိုင်းတွင် တည်ရှိပြီး ဧရိယာစတုန်ရန်းမိုင် ၅၄၁ ဒသမ ၆၂ ကျယ်ဝန်းသည်။အဆိုပါ ဥယျာဉ်သည် ရွက် ပြတ်ရောနှောတော၊ အမြဲစိမ်း တော၊ တောင်ပေါ်တောနှင့် ထင်း ရှူးတော အမျိုးအစားများပေါက် ရောက်ပြီး ဆင်၊ ကျားသစ်၊ ပြောင်၊ ဆတ်၊ တောဆိတ်နှင့် ဝက်ဝံများ နေထိုင်ကျက်စားကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*