သမ္မတအိမ်တော် သင်္ကြန်မဏ္ဍပ် ယခုနှစ် မပြုလုပ်

သမ္မတအိမ်တော် သင်္ကြန်မဏ္ဍပ် ယခုနှစ် မပြုလုပ်
April 5, 2017 Asian Fame

11:55 am
သမ္မတအိမ်တော် သင်္ကြန်မဏ္ဍပ် ယခုနှစ် မပြုလုပ်

psd

စိုင်းလမင်း၊ ဝေရှိုင်းကျော်
နေပြည်တော်၊ ဧပြီ ၎

နှစ်စဉ်နေပြည်တော် သမ္မတအိမ် တော်တွင်ပြုလုပ်သည့် မဟာသင်္ကြန်မဏ္ဍပ်ကို ယခုနှစ်တွင် ပြုလုပ်တော့မည်မဟုတ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက ပြောသည်။

”ဒီနှစ်နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်တစ်ခုကိုသာ တည်ဆောက်မှာ ဖြစ်တယ်။ ဒါ့အပြင် ဒီမဏ္ဍပ်ကို စည်ကားအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ မဏ္ဍပ်အား စည်ကားအောင်ပြုလုပ်နိုင်ရေးအတွက် နာမည်ကြီး အနုပညာရှင်များပါ လာရောက် ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ် ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

ယခုနှစ်တွင် နေပြည်တော်၌ ပုဂ္ဂလိက ရေကစားမဏ္ဍပ်များ လာရောက်လျှောက်ထားခြင်းများလည်း မရှိသေးကြောင်း အထက်ပါ ကော်မတီမှ ဦးမင်းသူက ပြောသည်။ ”အခုချိန်ထိတော့ ရေကစားမဏ္ဍပ် ကြီးတွေ လျှောက်ထားတာတွေ မရှိသေးပါဘူး။ မဏ္ဍပ်အသေးလေးတွေတော့ ရှိမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ ပြီးခဲ့သည့်နှစ်က နေပြည်တော်တွင် မြို့တော်ဝန်မဏ္ဍပ်ကို မြို့တော်ခန်းမအတွင်း ပြုလုပ်ခဲ့ပြီး နာမည်ကြီး အဆိုတော်များထည့်သွင်းခြင်းမရှိသောကြောင့် လူနည်းပါးခဲ့ကြောင်းနေ ပြည်တော် စည်ပင်သာယာရေးကော်မတီက ပြောသည်။

ပြီးခဲ့သည်နှစ်များတွင် နေပြည်တော် သင်္ကြန်ကာလအတွင်း နိုင်ငံတော်သမ္မတအိမ်တော်ရှိ ရေကစားမဏ္ဍပ်၊ ရုပ်သံမီဒီယာ Sky Net မဏ္ဍပ်နှင့် နေပြည်တော် ဟိုတယ်ဇုန်လမ်းမကြီးရှိ မဏ္ဍုပ်များတွင် ပြုလုပ်ကျင်းပခဲ့ပြီး ယခုနှစ်တွင် မြို့တော်ခန်းမရှေ့မုခ်ဦးအဝင်ဝတွင် မြို့တော်ဝန်မဏ္ဍပ်တစ်ခုသာ ပြုလုပ်တော့မည်ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*