သမိုင်းသည် ကြီးမြတ်သော ဆရာ

သမိုင်းသည် ကြီးမြတ်သော ဆရာ
April 5, 2017 Asian Fame

3:24 pm
သမိုင်းသည် ကြီးမြတ်သော ဆရာ

Kyuee-Hnisအံ့သြဖွယ်တော့ မရှိ။ အတိုင်း မသိ ရှည်လျား လှစွာသော ခေတ် ကာလများတစ်လျှောက် ရုပ်ကမ္ဘာ ကြီးသည် မူလပုံပန်း သွင်ပြင်မှ မမှတ်မိလောက်အောင် ပြောင်းလဲ ခဲ့ပါသော်လည်း…ရုပ်ကမ္ဘာကြီး တွင် မှီတင်းရှင်သန်လျက်ရှိကြသော မနုဿ လူသားတို့သည် အဝတ် အဆင်နှင့် ဓလေ့ထုံးတမ်း တချို့ သာပြောင်းလဲ ခဲ့ကြပြီး မူလအခြေခံ စိတ်နေသဘောထားတို့ ကား အပြောင်း အလဲမရှိကြ။ လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ ဒိဌိတို့သည် မူရင်းနေရာမှာပဲ စွဲစွဲမြဲမြဲ အထိုင် ချထားလျက် ရှိကြရာ ဆိုခဲ့သော အဆိုးအယုတ်၊ အလွဲအညံ့၊ အလေ့အထ တို့ကိုပင် လူ့သဘော လူ့သဘာဝဟု သတ်မှတ်ကြရ တော့မည်လော။ မဟုတ်ပါ၊ မဟုတ်သေးပါ။ အဆိုးအယုတ်ကို ဆန့်ကျင်သော အကောင်းအမြတ်၊ အလွဲအညံ့ကို ဖီလာပြုသည့် အမှန် အတော် အလေ့အထတို့ ရှင်သန် တည်မြဲလျက်သာ ရှိပါ၏။ စင်စစ် သော် ကမ္ဘာ တည်ဦးစ ရှေးကာလ ကတည်းက လူ့အဖွဲ့အစည်း အတွင်း ကောင်းမှုနှင့် မကောင်းမှု သည် မနားတမ်း တွန်းထိုးတိုက် ခိုက်လျက် ရှိကြရာ ‘ဘတစ်ပြန် ကျားတစ်ပြန်’ အနေအထား ကိုသာ မျှခြေအဖြစ် သတ်မှတ်ထားရပေ တော့မည်။

ကမ္ဘာဦးကာလတွင် ခိုးဆိုးလု ယက်သူများ ရှိခဲ့ကြရာ သူတို့ကို နှိမ်နင်း ချေဖျက်သူများ ပေါ်လာကြ သည်။ တစ်ခါတရံတွင် ဒုစရိုက်ဝါဒီ များကို နှိမ်နင်း ချေဖျက်ကြသူများ ကိုယ်တိုင် မိမိတို့၏ သမာဓိကို မထိန်းနိုင်တော့ဘဲ ဒုစရိုက်ဝါဒီများ ဘဝသို့ ဦးစောက်ကျွမ်းပြန် ထိုးကျ ပျက်စီး သွားကြရသည်။ မကြာ သေးမီက မက္ကဆီကို နိုင်ငံမှ ဖြစ်ရပ် တစ်ခုကို သာဓကအဖြစ် ရှုပါ။ မက္ကဆီကို နိုင်ငံ အနောက်မြောက် ဘက်တွင် အမေရိကန် ပြည်ထောင် စု အရီဇိုးနား ပြည်နယ်နှင့် ထိစပ် နေသည့် မြို့ငယ်ကလေး တစ်မြို့ရှိ သည်။ ထိုမြို့တွင် မူးယစ်ဆေးဝါး ဒုစရိုက်ဂိုဏ်းများ ကြီးစိုးပြီး တရား ဥပဒေစိုးမိုးမှု ကင်းမဲ့နေရာ မြို့လူထု သည် ကိုယ်စိတ်နှစ်ဖြာ ဒဏ်ရာ တွေရလာကြသည်။ မြို့လူထု၏ ဒုက္ခသုက္ခတွေကို တာဝန်ယူ တာဝန် ခံရမည့် အစိုးရကလည်း မျက်နှာလွှဲ ခဲပစ်၊ ဥပေက္ခာ ရှုထားသည်။ ဤ တွင် မြို့လူထုသည် မခံမရပ်နိုင် ဖြစ်လာကြပြီး လက်နက်ကိုင်စွဲကာ မူးယစ်ဂိုဏ်းတွေကို ကိုယ်တိုင် နှိမ် နင်းချေမှုန်း ကြတော့သည်။ အစိုးရ ကလည်း သူတို့ မစွမ်းနိုင်သော အရာကို အရပ်သားလူထုက စွမ်း စွမ်းတမံ ဆောင်ရွက် နေကြသည် ကိုကြည့်ပြီး လိုအပ်မှသာ ဝင် ရောက်စွက်ဖက်သည်။ ဤတွင် မည်သို့သော ဘေးထွက် ဆိုးကျိုး ပေါ်ပေါက်လာပါသနည်း။

မူးယစ် ဒုစရိုက် နှိမ်နင်းရေး အရပ်သား ဗော်လံတီယာ တပ်ဖွဲ့ သည် အောင်မြင်မှုတွင် ယစ်မူးရုံ သာမက သွားရည်ကျလောက်စရာ မူးယစ်ဆေးဝါးမှ ရရှိသည့် အမြတ် အစွန်း ငွေကြေးဓနတွေကို တပ်မက် တောင့်တလာကြသည်။ လွယ်ကူပါ သည်။ သူတို့မှာ လက်နက်ကိုင် တပ်ဖွဲ့တွေရှိနေပြီ မဟုတ်ပါလား။ မူးယစ်ဆေးဝါး ဒုစရိုက် ကုန်သွယ် မှုကို သူတို့ကိုယ်တိုင် လုပ်ကြလေ တော့သည်။ ဤသို့ဤနှယ် ပြည်သူ လူထုအပေါ် သစ္စာဖောက်သည့် အမူအကျင့်မျိုး မှာ မဆန်းလှပါ။

၁၉၆ဝ ခုနှစ်များဆီတုန်းက ဧရာဝတီ မြစ်ဝကျွန်းပေါ်နေ စာရေး သူ၏ ဆွေမျိုးသားချင်း များသည် ‘နိုင်ငံရေးသမား’ အမည်ခံ လက် နက်ကိုင်များ၏ အနိုင်ကျင့် လူပေါ် လူညွန့်ခူးမှုတွေကို ခံနေကြရ သည်။

မကြာမီ အနိုင်ကျင့်ခံ ပြည်သူ များဘက်မှ လက်နက်ကိုင် ပြည်သူ့ စစ်အဖွဲ့များ ပေါ်လာကြသည်။ ပြည်သူ့စစ် ခေါင်းဆောင်တစ်ဦးမှာ လွတ်လပ်ရေးခေတ်ဦး ပြည်တွင်း စစ်မီး အရှိန်အဟုန် ကောင်းစဉ်က လက်စောင်း ထက်ခဲ့ဖူးသော စာရေး သူ၏ဦးကြီးတစ်ယောက် ဖြစ်နေ သည်။ ထိုဦးကြီးသည် တောရွာမှာ မနေဘဲ လုံခြုံမှုရှိသော မြို့ပေါ်မှာ တပည့်တပန်းများနှင့်နေသည်။ တစ်ခါသော် သူ၏ ဇာတိကျေးရွာ ကို ‘သူပုန်လက်ခံ၊ သူပုန်အားပေး သောရွာ’ ဟုဆိုကာ သူကိုယ်တိုင် ခေါင်းဆောင်ပြီး ဝင်စီးသည်။ စင်စစ် သော် ထိုအချိန်က ရွာအနီးတွင် သော်မှ သောင်းကျန်းသူတွေ မခို အောင်းခဲ့ကြပါ။ ရွာထဲတွင်ကား သောင်းကျန်းသူတို့၏ခြေရာပင် မရှိ။ သို့သော် ဦးကြီး ခေါင်းဆောင်သော ပြည်သူ့စစ်အဖွဲ့သည်”ပြေးနိုင်မှ လွတ်မဟဲ့နော်။ နင်တို့အသက်ဖက် နဲ့ထုပ်ကြရော့လဟဲ့”ဟု ညာသံပေး ကာ ရွာကိုဝင်ရောက်ပစ်ခတ် သိမ်းပိုက်ကြသည်။

ကျေးရွာလူထုကား သေနတ် ဖောက်သံကြားကတည်းက အိမ် ခြံကျွဲနွားတွေကို ပေယျာလကန် ပြုကာ လွတ်ရာကျွတ်ရာ ထွက် ပြေးခဲ့ကြရပြီး ပြည်သူ့စစ်များက ဒုတိယကမ္ဘာစစ် လက်ကျန် အင်္ဂ လိပ်ရိုင်ဖယ် အစုတ်ကြီးတွေ တ ကားကားဖြင့် တစ်အိမ်တက်ဆင်း မွှေနှောက် ရှာဖွေကြသည်။ သူပုန် သူကန် သောင်းကျန်းသူကို ရှာဖွေကြခြင်းလော။ မဟုတ်ပါ။ ဆန်တွေ၊ ဆီတွေ၊ ပေါ့ပါးသော အဖိုးတန် ပစ္စည်းတွေ ရှာဖွေကြခြင်း ပါ။ သူတို့ စိတ်ကြိုက် မွှေနှောက် ရှာဖွေပြီးတော့ သူတို့လိုရာ တစ်နိုင်တစ်ပိုင် သယ်ဆောင်ပြီး အောင်မြင်စွာ ဆုတ်ခွာသွားခဲ့ကြ တော့သည်။

နောင်နှစ်ပေါင်း များစွာကြာ၍ စာရေးသူ၏ဦးကြီး ခေါင်းဖြူစွယ် ကျိုးဖြစ်နေချိန်တွင် အထက်က ဆိုခဲ့သောဖြစ်ရပ် အကြောင်း စာရေး သူက စကားစပ်ကြည့်ခဲ့ပါသည်။

”ငါကအစ ငါ့ရဲဘော်တွေ အားလုံး လခတစ်ပြားမှ ရခဲ့ကြတာ မဟုတ်ဘူးလေ။ ကိုယ့်ထမင်း ကိုယ်စားရတယ်။ ယူနီဖောင်း ကိုယ့်ဘာသာ ဝယ်ဝတ်ရတယ်။ ဒီ တော့ အခွင့်ကြုံတဲ့ အခါ စားဖို့ သောက်ဖို့ လောက်တော့ ခရီးသွား ဟန်လွှဲယူခဲ့ကြတာ တရားပါတယ် ကွာ” ဟု ဦးကြီးက အကြောင်းပြ ချက်ပေး ရှင်းပြသည်။ သူ့ရဲဘော် တွေ၏ သူခိုးဓားပြ ဆန်သောလုပ် ရပ်ကို ကျေးရွာသူ ကျေးရွာသား တွေက ဘယ်သူ့ထံ တိုင်ကြားရမှန်း လည်းမသိ။ သိလျှင်လည်း တိုင်ကြား ဝံ့ကြမည် မဟုတ်ကြပါ။ ထို့ကြောင့် လည်း စစ်ရေး ပဋိပက္ခ များကြားမှာ ဟိုမပြေးသာ သည်မရှောင်သာနှင့် ကြားညပ်ကြ ရကုန်သော အပြစ်မဲ့ ပြည်သူများကို ‘ကျွဲနှစ်ကောင်ခတ် တဲ့ကြားက မြေစာပင်’ ဟု ဥပမာ ပေးခဲ့ကြခြင်းမှာ မှန်သလောက် ရင်မချိစရာ ကောင်းသည်။

ရှေးလူတွေကအစ မျက်မှောက် ခေတ်လူသားအထိ တစ်စုံ တစ်ရာ သော အလုပ်ကို ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်နေ ကြခြင်းဖြစ်သည်။ ရည်ရွယ်ချက် အကောင်းအဆိုးကို သမိုင်းက ဆုံးဖြတ်သွားသည်။ လုပ် ဆောင်မှုအမှားအမှန်ကို သမိုင်းက သက်သေခံ သွားသည်။ ရောမ ဧကရာဇ် ဂျူးလိယက်ဆီဇာသည် ရောမသမိုင်း တစ်လျှောက်လုံး ဘုန်း တန်ခိုးအာဏာ အတောက်ပ အထည်ဝါဆုံး ဖြစ်ပါသည်။ အီဂျစ် ပြည်ကို တိုက်ခိုက် သိမ်းပိုက်ချိန် အထိ သူ၏ လုပ်ဆောင်ချက်ကို အပြစ်ပြောစရာ မရှိသေး။ အီဂျစ် ဘုရင်မ ကလီယိုပက်ထရာကို လက်ထပ်၍ နှစ်ပြည်ထောင်ရွှေလမ်း ငွေလမ်းဖောက်ရန် အားထုတ်ခြင်း ကိုတော့ ရောမဆီးနိတ် Senate (လွှတ်တော်) က လက်မခံနိုင်ဘဲ ဂျူးလိယက် ဆီဇာကို လုပ်ကြံကြ သည်။ ဂျူးလိယက်ဆီဇာ နတ်ရွာစံ သော်လည်း ပြဿနာက အေးငြိမ်း မသွားဘဲ ပြည်တွင်းစစ် ဆီသို့ ဦးတည် သွားခဲ့ပြန်ပါသည်။ လူ တစ်ဦး တစ်ယောက်၏ ဘဝသည် သူ၏ ကျင့်ကြံပြုမူမှု အပေါ် မူတည် ကာ သူ့နိုင်ငံ၏ သမိုင်းလမ်းကြောင်း ကို ကွေ့ကောက် သွားစေကြောင်း ဂျူးလိယက်ဆီဇာ ၏ဖြစ်ရပ်က သာ ဓက ပြပါသည်။ ဂျူးလီယက်ဆီဇာ သည် ရောမ၏ ဂုဏ်ကိုမြှင့်တင် ပေးနိုင်ခဲ့သည်။ သို့သော် သူလုပ် ကြံခံရခြင်းအားဖြင့် ရောမသည် ဗရုတ်ဗရက် ကသောင်းကနင်း ဖြစ်သွားသည်။ စာရေးသူတို့ နိုင်ငံ မှာတော့ ဗိုလ်ချုပ်အောင်ဆန်း သည် ကိုယ်ကျိုးမဖက်၊ ကိုယ်ရေး ကိုယ်တာ အရေးအရာ ဦးစားမပေး ဘဲ သူ့ကျွန်ဘဝက လွတ်အောင် ဦးလည်မသုန် ကြိုးပမ်းခဲ့သည်။ သူ လုပ်ကြံခံ လိုက်ရခြင်းအားဖြင့် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရ သည့်တိုင် ဗရုတ်ဗရက် ကသောင်း ကနင်း ဖြစ်သွားသည်။ ထိုသို့ မတည်ငြိမ် မအေးချမ်းသည့် အခြေအနေမှ ယနေ့ တိုင်အောင် မထမြောက်နိုင်သေးပါ။

မနုဿ လူသားတို့ မည်သည် ကိုယ်ကျိုးကိုယ့်အုပ်စု အကျိုး၏ လွှမ်းမိုးမှုကို တွန်းလှန် ဖယ်ရှားနိုင် ခဲသည်။ နိုင်ငံတော်၏ မျက်နှာကို အလေးအမြတ်ပြု ထောက်ထားသူ များမှာ လူနည်းစုသာ ဖြစ်ကြသည်။ မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသား အုပ်စုများ ထွေပြားပြီး ပထဝီဝင် အရ တောင်ပေါ် မြေပြန့် ကွဲပြား ခြားနားမှုများ ရှိသောနိုင်ငံတွင် နိုင်ငံသားတိုင်း တန်းတူညီတူ ဖြစ်မှု ဖန်တီးပေးနိုင်ရန် မလွယ်ကူလှပါ။ မဖြစ်နိုင်ဟူ၍ကား မဟုတ်။ ကာလ၊ ဒေသ၊ ပယောဂညီညွတ် သည့်ကာလ သို့ရောက်အောင် ဇွဲ ဖြင့် သွားနေကြရဦးမည်။ တစ်နေ့ နေ့ တစ်ချိန်ချိန်မှာတော့ နိုင်ငံ တော်အတွက် အကျိုးရှိသော အပေးအယူ ညှိနှိုင်းမှုတစ်ခုပေါ်ထွန်း လာလိမ့်မည်ဟု ယုံကြည်သည်။ ထိုသို့သော ကောင်းမွန်သေချာ သည့် အပေးအယူ Compromise ရမလာဘဲနှင့်တော့ ‘ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံ’ ဟူ သည်ကို အိပ်မက်ပင် မက်၍မရပါ။

လူသည် ဖောက်ပြန်ပြောင်းလဲ တတ်သည် ကတော့ မှန်ပါ၏။ သို့သော် နိုင်ငံတော် တည်ဆောက် ရေးနယ်ပယ်တွင် ဖောက်ပြန် ပြောင်းလဲမှုမရှိသော နိုင်ငံသား ကောင်းတွေ ဦးဆောင်နေလျှင်၊ ထိုသူတွေ အင်အား ကောင်းနေ လျှင်၊ ထိုသူတွေက စံပြနိုင်ငံရေး သမားတွေ ဖြစ်နေကြလျှင်၊ ပြည် သူလူထုကလည်း ဘေးပယောဂ ၏ အန္တရာယ်ကို ပါးပါးနပ်နပ် ကြိုတင် နားလည် ထားလျှင် မြန်မာနိုင်ငံသည် လှပကောင်းမွန်သော အနာဂတ်ကို မျှော်မှန်းနိုင်မည် ဖြစ်သည်။

ယနေ့ပြည်သူလူထုသည် အတိတ်မှ ရှည်လျားသော ပဒေ သရာဇ်ခေတ်များထဲတွင် သင်ယူ လိုက်နာစရာ များကို တွေ့ရှိနိုင်သည်။ သူ့ကျွန်ဘဝ နယ်ချဲ့ ကိုလိုနီခေတ် ထဲမှာလည်း မိမိတို့၏ အားသာချက် အားနည်းချက်တွေကို တွေ့ရှိနိုင် သည်။ လွတ်လပ်ရေး ရသည်မှ ယနေ့အထိ မျက်မှောက်ခေတ် သမိုင်းထဲတွင်လည်း ဆောင်ရန် ရှောင်ရန် များစွာကို လေ့လာကြည့် နိုင်သည်။ ဆရာကောင်း က စိတ်လို လက်ရသင်ကြား ပို့ချပေးနေသည် ကို ဂရုမမူသော တပည့်သည် ဗာလာနံ တပည့်ဆိုးသာ ဖြစ်ရော့ မည်။ ဆရာကောင်း တပည့် ဖြစ်ပါ လျက် ပန်းကောင်းမပန်နိုင်ခြင်း မှာ ပန်စရာ ဦးခေါင်း မရှိ၍များလော …။ သမိုင်းသည် ဆရာကောင်း ပီသစွာ အစဉ်အမြဲ သင်ကြားပို့ချ လျက်ရှိပါသည်။ ။

ကြူးနှစ်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*