ရန်ကုန်ရှိ မြို့နယ်အချို့မှ ဆေးယဉ်ပါးတီဘီဝေဒနာရှင်များအား အိမ်တိုင်ရာရောက် ပြုစု

ရန်ကုန်ရှိ မြို့နယ်အချို့မှ ဆေးယဉ်ပါးတီဘီဝေဒနာရှင်များအား အိမ်တိုင်ရာရောက် ပြုစု
April 5, 2017 Asian Fame

3:49 pm
ရန်ကုန်ရှိ မြို့နယ်အချို့မှ ဆေးယဉ်ပါးတီဘီဝေဒနာရှင်များအား အိမ်တိုင်ရာရောက် ပြုစု

သီဟ
ရန်ကုန်၊ မတ် ၃၁

စေတနာ့ဝန်ထမ်းများကို တီဘီရော ဂါ ပြုစုစောင့်ရှောက်နည်းသင်တန်းပေး ကာ မြို့နယ်အချို့မှ ဆေးယဉ်ပါးတီဘီ ဝေဒနာရှင်များအား အိမ်တိုင်ရာရောက် ပြုစုပေးနေကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်းမှ ပြည်သူလူထုအခြေပြု ဆေးယဉ် ပါးတီဘီတိုက်ဖျက်ရေးစီမံချက်မန်နေ ဂျာဒေါက်တာခင်ဆွေဝင်းကပြောသည်။

စေတနာ့ဝန်ထမ်း ပြည်သူ ၃ဝဝ ခန့်ကို တီဘီရောဂါနှင့် ပတ်သက်၍ အသိပညာပေးသင်တန်း တက်ရောက်စေခဲ့ ကာ ¤င်းတို့က သင်္ဃန်းကျွန်း၊ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွအပါအဝင် မြို့နယ် ၁၃ ခုမှ ဆေးယဉ်ပါး တီဘီရောဂါသည် ၄ဝဝ ကျော်ကို အိမ်တိုင်ရာရောက် ဆေးဝါး တိုက်ကျွေးခြင်း၊ ပြုစုခြင်းများ လုပ်ဆောင် ပေးနေကြောင်း သိရသည်။ ထို့ပြင် ဆေးယဉ်ပါးတီဘီ ရောဂါ သည်များကို တစ်လလျှင် သုံးသောင်း ကျပ်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့ လျက်ရှိကြောင်း ¤င်းက ပြောသည်။ ထိုရောဂါ ဖြစ်ပွားရခြင်းသည် ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးပတ်လည်အောင် မသောက်ခြင်း၊ တတ်ကျွမ်း သောဆရာဝန်နှင့် မကုသခြင်း၊ မိမိဘာ သာဆေးစပ်သောက်ခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းကပြောသည်။

”ရန်ကုန်က ဖွံ့ဖြိုးပေမယ့် ၁၉၆၂ အမျိုးသား တီဘီရောဂါ တိုက်ဖျက်ရေး စတင်ချိန်မှာ အောင်ဆန်းတီဘီရောဂါကုဆေးရုံတစ်ခုပဲရှိတယ်။ နယ်ကလူတွေ လည်း ရန် ကုန်လာကုရတာပေါ့။ ကူးစက်တတ်တဲ့ရောဂါဆိုတော့ ရောဂါသည်တွေ ပြန်သွားလည်း ကူးစက်ခံခဲ့ရသူတွေက ရန်ကုန်မှာကျန်ခဲ့တာပေါ့” ဟု ဒေါက်တာခင်ဆွေဝင်း က ပြောသည်။ ရန်ကုန်မြို့တွင် တီဘီရောဂါ အများ ဆုံး ဖြစ်ပွားနေပြီး တစ်နှစ်လျှင် တီဘီရောဂါ ဖြစ်ပွားသူ သုံးသောင်းခန့် ရှိ ကြောင်း၊ ဖြစ်ပွားသူ ၈ဝ ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်မှ ၄၅ နှစ်ကြားဖြစ်ကြောင်း ရန်ကုန်တိုင်း တီဘီ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဇော်မြင့်က ပြောသည်။

မြန်မာနိုင်ငံတွင်၂ဝ၁၄ ခုနှစ် စစ် တမ်းအရ လူဦးရေတစ်သိန်းတွင် တီဘီ ရောဂါဖြစ်ပွားသူ ၄၅၇ ဦးရှိပြီး သေဆုံး သူ ၅၉ ဦး ရှိခဲ့သည်။ ၂ဝ၁၆ ခုနှစ်တွင် Global TB Report မှ ထုတ်ပြန်ခဲ့ သော အစီရင်ခံစာအရ လူဦးရေ တစ်သိန်းတွင် တီဘီရောဂါ ဖြစ်ပွားနှုန်း ၃၆၅ ဦးသာ ရှိပြီး သေဆုံးနှုန်း ၄၉ ဦးသာ ရှိခဲ့ သဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထောင်စုနှစ် ရည်မှန်းချက်များအတိုင်း တီဘီရောဂါဖြစ်ပွားနှုန်းကို လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။ ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံသည် တီဘီရောဂါ ကူးစက်ခံထားရပြီး နှစ်စဉ် ကမ္ဘာပေါ်တွင် တီဘီလူနာ ၁ဝ ဒသမ ၄ သန်း ဖြစ်ပွားကာ ၁ ဒသမ ၈ သန်း သေဆုံးနေကြောင်း ဒေါက်တာဇော်မြင့် က ပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*