ပရဟိတဂေဟာများတွင် ရှိရမည့်စံညွှန်းများ ပြန်လည်ပြင်ဆင်ရန် စီစဉ်

ပရဟိတဂေဟာများတွင် ရှိရမည့်စံညွှန်းများ ပြန်လည်ပြင်ဆင်ရန် စီစဉ်
April 5, 2017 Asian Fame

11:49 am
ပရဟိတဂေဟာများတွင် ရှိရမည့်စံညွှန်းများ ပြန်လည်ပြင်ဆင်ရန် စီစဉ်

Photo-ဖိုးဇော်

မေဇင်ဝင်း
ရန်ကုန်၊ ဧပြီ ၎

ပရဟိတဂေဟာများအတွက် ပြုစုစောင့်ရှောက်ရမည့်အနိမ့်ဆုံး စံညွှန်းများကို ပြန်လည်ပြင်ဆင် ရေးဆွဲနေကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။ပရဟိတဂေဟာသင်တန်း ကျောင်းများအတွက် စံညွှန်းများကို ယခင်က ရေးဆွဲထားသော်လည်း အချို့နေရာများတွင် လိုအပ်ချက် များရှိလာသဖြင့် ပြန်လည်ပြင်ဆင် ခြင်းဖြစ်ကြောင်း၊ ထိုသို့ပြင်ဆင်ရေး အတွက် ပရဟိတဂေဟာများမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ပြည်နယ်နှင့်တိုင်းဦးစီး မှူးများပူးပေါင်းကာ ဆွေးနွေးပွဲ များပြုလုပ်နေကြောင်း လူမှုဝန် ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

”ဥပမာပြောရရင် ဂေဟာတစ်ခု ဖွင့်မယ်ဆိုရင် အနည်းဆုံး ကလေး အယောက် ၃ဝ လောက်ရှိရမယ်။ သူတို့ကိုစောင့်ရှောက်ဖို့ အနည်း ဆုံး ကျပ်သိန်း ၅ဝ ဘဏ်မှာ ရှိရမယ်။ အဲဒီလိုမရှိဘဲနဲ့ဖွင့်တော့ ကလေးတွေမှာ အစားအသောက် ဒုက္ခရောက်တာရှိတယ်။ အဆောင် ဆိုလည်း မိန်းကလေးသပ်သပ် ယောက်ျားလေးသပ်သပ်ရှိရမယ်။ မိန်းကလေးအဆောင်ဆိုလည်း အဆောင်မှူးထားပေးရမယ်ပေါ့။ အဲဒါမျိုးတွေပါ”ဟု ၎င်းကပြောသည်။ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် လွှမ်းခြုံနိုင်ရန်အတွက်ထိုသို့ စံညွှန်းများ ပြင်ဆင်ရေးဆွဲခြင်း ဖြစ်ပြီး ယူနီဆက်နှင့် အခြားဆက်စပ် ဌာနများမှလည်း ပါဝင်ဆွေးနွေးနေကြောင်း ညောင်ဦးခရိုင်လူမှု ဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောသည်။ ”လူမှုဝန်ထမ်းက အသိအမှတ် ပြုလက်မှတ်မရသေးတဲ့ဂေဟာတွေ အသိအမှတ်ပြုလက်မှတ်ရအောင် လုပ်ဆောင်ဖို့ဆိုတာတွေလည်းပါ မှာပေါ့”ဟု ၎င်းကပြောသည်။ အဖွဲ့အစည်းများ စုပေါင်းဆွေးနွေးကြသည်များကို သုံးသပ်ကာ လက်ရှိ ရှိနေသော စည်းမျဉ်းများတွင် ထပ်ဖြည့်သင့်သည်များ ကိုဖြည့်၍ မလိုအပ်သည့်အချက်များကို ပြန်ဖြုတ်မည်ဖြစ်ကြောင်းလူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*