ထိုင်းသို့ အလုပ်သွားလုပ်မည့် မြန်မာလုပ်သားများ ယခင်ထက် ကုန်ကျစရိတ်သက်သာတော့မည်

ထိုင်းသို့ အလုပ်သွားလုပ်မည့် မြန်မာလုပ်သားများ ယခင်ထက် ကုန်ကျစရိတ်သက်သာတော့မည်
April 5, 2017 Asian Fame

2:19 pm
ထိုင်းသို့ အလုပ်သွားလုပ်မည့် မြန်မာလုပ်သားများ ယခင်ထက် ကုန်ကျစရိတ်သက်သာတော့မည်

ရဲလွင်
ရန်ကုန်၊ ဧပြီ ၃

ထိုင်းသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ ကုန်ကျစရိတ် ပိုမိုသက်သာသွားနိုင်ဖွယ်ရှိပြီး အြေ<ွကွးစနစ်ဖြင့်သွား ရောက်ရန် မသေချာတော့ကြောင်း မြန်မာပြည်ပ အလုပ်အကိုင်ဝန် ဆောင်မှု လုပ်ငန်းရှင်များအသင်းချုပ် MOEAF မှ သိရသည်။ ယခင်ထိုင်းသို့ သွားရောက် အလုပ်လုပ်ကိုင်မည့် မြန်မာအလုပ်သမားများ အနေဖြင့် ကုန်ကျစရိတ် မြန်မာကျပ်ငွေ တစ်သိန်းခွဲနှင့် ထိုင်းနိုင်ငံဘက်သို့ ဘတ်တစ်သောင်း ပေးခဲ့ရသည်။

ယခုအခါ ထိုင်းအစိုးရက မြန်မာအလုပ်သမားများထံမှ အလုပ်သမားများ အမှန်တကယ် ကုန်ကျသည့် ဗီဇာခ၊ အလုပ်ပါမစ်ခ၊ ဆေးစစ်ခများသာ တောင်းခံရန် နှင့် နယ်စပ်မှလုပ်ငန်းခွင်အထိ ကားခ၊ အလုပ်သမား ခေါ်ယူခွင့် စပေါ်ငွေ ဘတ် ၁ဝဝဝဝ တို့ကို အလုပ်ရှင်က ကျခံပေးဆောင်ရမည်ဖြစ်ကြောင်း သတ်မှတ်လိုက် ပြီဖြစ်သည်။ ”ထိုင်းဘက်ကို ပေးရတဲ့ဘတ် ၁ဝဝဝဝ ကို အရင်တုန်းက အလုပ်သမားခေါ်တဲ့ ထိုင်းလုပ်ငန်းရှင်က ယာယီစိုက်ထုတ်ပြီးတော့ အလုပ် သမားတွေရဲ့လစာထဲက အရစ်ကျ ပြန်ဖြတ်တယ်။ အခု ထိုင်းအစိုးရက အဲဒီလို ဖြတ်ခွင့်မပေးတော့ဘူး။ ဒီတော့ အလုပ်သမားတွေအနေနဲ့ ဘတ်တစ်သောင်း မကုန်တော့ဘူး။ အရင်ကထက် သက်သာသွားမယ်။ ဘယ်လောက် သက်သာမလဲတော့ မသိသေးဘူး။ ဒါပေမယ့် ထိုင်းလုပ် ငန်းရှင်တွေဘက်က ယာယီစိုက် ထုတ်မှာ မဟုတ်တော့တဲ့အတွက် အလုပ်သမားတွေက အရင်လို အြေ<ွကးနဲ့ သွားပြီး အလုပ်လုပ်ဖို့ မကျိန်းသေတော့ဘူး” ဟု MOEAF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ထိုင်းအလုပ်သမား ဝန်ကြီးဌာန (DOE) နှင့် မြန်မာဘက်မှ MOEAF ၊ ထိုင်းအေဂျင်စီများ အဖွဲ့အစည်းတို့ တွေ့ဆုံဆွေးနွေး ပွဲကို ပြီးခဲ့သည့် ရက်ပိုင်းက ဘန် ကောက်မြို့ ထိုင်းအလုပ်သမား ဝန်ကြီးဌာန အဆောက်အအုံ DOE အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး အဆိုပါကိစ္စ ညှိနှိုင်း ခဲ့သေးကြောင်း သိရသည်။ထိုင်းအေဂျင်စီများအတွက် ဝန်ဆောင်ခကို ထိုင်းအလုပ်ရှင်များ ထံမှသာ ရယူရန်နှင့် မြန်မာအေ ဂျင်စီများနှင့် အလုပ်သမားများအပေါ် တောင်းခံခြင်းမပြုကြရန်ြဥနင်္ဗ အနေဖြင့် ထိုင်းအရာရှိ ကြီးများရှေ့မှောက်တွင် တောင်းဆိုခဲ့ရာ ထိုင်းအေဂျင်စီများ အဖွဲ့အစည်း ဥက္ကဋ္ဌကလည်း သဘောတူခဲ့ကြောင်း သိရသည်။

”အရင်က မြန်မာငွေ တစ်သိန်းခွဲ ပေးပြီးရင် ထိုင်းဘက် အခြမ်းကိုပေးရတဲ့ ဘတ်တစ်သောင်းကို ထိုင်းအလုပ်ရှင်က ယာယီစိုက်တယ်။ အခုမစိုက်တော့ရင် မြန်မာဘက်က အေဂျင်စီတွေက စိုက်ထုတ်မလား ဆိုတာမျိုးပေါ့။ အလုပ်သမားတွေက တစ်ခါတည်းပေးမလား ဆိုတာတော့ ညှိရမယ်။ ကျွန်တော်တို့ အေဂျင်စီတွေထဲမှာလည်း တချို့ အလုပ်သမားတွေအတွက် ယာယီ စိုက်ပေးမယ်ဆိုတာရှိတယ်။ တချို့ကလည်း မစိုက် ပေးနိုင်တဲ့ အေဂျင်စီတွေရှိတယ်။ ညှိနေတုန်းပါပဲ” ဟု MOEAF မှ တာဝန်ရှိသူကပြောသည်။ ထိုင်းသို့ သွားရောက်အလုပ် လုပ်ကိုင်မည့် မြန်မာလုပ်သားများ ထိုင်းဘက်ခြမ်းသို့ ပေးနေရသည့် ဘတ်တစ်သောင်းမှာ Work Permit ၊ ဗီဇာကြေး၊ သယ်ယူပို့ ဆောင်ခစရိတ်၊ ခရီးစဉ်အတွင်း တည်းခိုစားသောက်စရိတ် အပါအဝင်အထွေထွေ ကုန်ကျစရိတ် များဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*