တရားဝင် ရောင်းချခွင့် မရသေးသော ပုဂံမှ စားသောက်ဆိုင် များကို ဆိုင်အနေအထားပေါ် မူတည် ခွင့်ပြုပေးမည်

တရားဝင် ရောင်းချခွင့် မရသေးသော ပုဂံမှ စားသောက်ဆိုင် များကို ဆိုင်အနေအထားပေါ် မူတည် ခွင့်ပြုပေးမည်
April 5, 2017 Asian Fame

2:33 pm
တရားဝင် ရောင်းချခွင့် မရသေးသော ပုဂံမှ စားသောက်ဆိုင် များကို ဆိုင်အနေအထားပေါ် မူတည် ခွင့်ပြုပေးမည်

(မန္တလေး၊ ဧပြီ ၄)

ပုဂံ ရှေးဟောင်းဇုန် နယ် နိမိတ်အတွင်း ယစ်မျိုး လိုင်စင်ဖြင့် တရားဝင် ရောင်းချခွင့် မရသေး သော စားသောက်ဆိုင် များအား ဆိုင် အခင်းအကျင်း အပေါ်မူတည် ၍ ခွင့်ပြုပေးသွားရန် အစီအစဉ်ရှိ ကြောင်း မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ထံ မှ သိရသည်။

”စားသောက်ဆိုင် တစ်ဆိုင်ဟာ သတ်မှတ် အရည်အချင်း ရှိတဲ့ ဆိုင်တစ်ဆိုင် ဖြစ်ခဲ့မယ် ဆိုရင်တော့ ခွင့် ပြုဖို့ အစီအစဉ်ရှိပါတယ်။ လမ်း ဘေးမှာ ဆိုင်ဖွင့်ရောင်းတာမျိုး ကျတော့ ခွင့်ပြုပေးလို့ မရဘူး။ ဘာ ဖြစ်လို့လဲ ဆိုတော့ နံပါတ် ၁ အမြင် မတင့်လို့ရယ်၊ နံပါတ် ၂ သူတို့မှာ က ဘာမှ အခွန်ဆောင်ထားတာ မဟုတ်တဲ့ အတွက်ရယ်ကြောင့်ပါ” ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်၊ ရှမ်းတိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးစိုင်းကျော်ဇောက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ပုဂံ ရှေးဟောင်းဇုန် နယ်နိမိတ် အတွင်းရှိ စားသောက် ဆိုင် လုပ်ငန်းရှင်များ အနေဖြင့် ပြည်တွင်းပြည်ပ ခရီးသွားများ၏ လိုအပ်ချက်အရ အရက်ဘီယာ ရောင်းချခြင်းဖြင့် ဝန်ဆောင်မှုပေး နေရရာ လုပ်ငန်းရှင် တချို့က တရား ဝင်လိုင်စင်ဖြင့်သာ ရောင်းဝယ်ချင် ကြကြောင်း သိရသဖြင့် ဝန်ကြီးနှင့် တွေ့ဆုံစဉ်မေးမြန်းရာ အထက်ပါ အတိုင်း ပြန်လည် ဖြေကြားလိုက် ခြင်းဖြစ်သည်။

ဒေသတွင်း တရားဝင်လိုင် စင်ဖြင့် ရောင်းချခွင့် ရှိပါက လုပ် ငန်းရှင် များအတွက် အဆင်ပြေ မည်ဖြစ်သလို နိုင်ငံတော် အတွက် လည်း အခွန်ငွေ ရရှိနိုင်သည်ဟု ဆိုသည်။

”ဟိုတယ်တွေ ကျတော့ သူ့ လုပ်ငန်းမှာကိုက လိုင်စင်ကပါပြီး သားဆိုတော့ ကိစ္စမရှိဘူး။ ကျွန် တော်တို့လို စားသောက်ဆိုင် တွေ ကျတော့ ရှေးဟောင်းဇုန် ဆိုတဲ့ ကန့်သတ်ချက်နဲ့ လိုင်စင်ချမပေး ဘူး။ တကယ်လို့ လိုင်စင်ချပေး မယ်ဆို ကျွန်တော် တို့က တရားဝင် အခွန်ဆောင်ပြီး ရောင်းချင်ပါ တယ်” ဟု ပုဂံမြို့သစ်မှ စား သောက်ဆိုင်ပိုင်ရှင် တစ်ဦးက ပေါ် ပြူလာနယူးစ် နှင့် တွေ့ဆုံစဉ် ပြော သည်။

ဒေသတွင်း လာရောက် လည် ပတ်ကြသည့် ခရီးသွား အများစုမှာ အဆင့်မြင့် ဟိုတယ်များ တွင်တည်း ခိုနိုင်သူများ မဟုတ်သလို တည်း ခိုသူများသည်လည်း စားသောက် ဆိုင်များ ကိုသာ နှစ်သက်ကြ ကြောင်း လုပ်ငန်းရှင် တချို့ ပြောစကား အရ သိရသည်။

”သပ်သပ်ရပ်ရပ်နဲ့ စည်းကမ်း တကျ ရောင်းချတဲ့ ဆိုင်တွေကိုတော့ လိုင်စင် ချထားပေး သွားဖို့ အစီအ စဉ်ရှိတယ်။ ပုဂံမှာ တော်တော်လေး ကောင်းတဲ့ စားသောက်ဆိုင်တွေ ရှိပါတယ်။ ဒါမျိုးတွေ ကျတော့ ကျွန် တော်တို့ ခွင့်ပြုပေးသွားဖို့ရှိပါ တယ်” ဟု ဝန်ကြီးက ပြောသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*