ပျော်ရွှင် ချမ်းမြေ့ခြင်းနှင့် ငွေ

ပျော်ရွှင် ချမ်းမြေ့ခြင်းနှင့် ငွေ
March 31, 2017 Asian Fame

2:51 pm
ပျော်ရွှင် ချမ်းမြေ့ခြင်းနှင့် ငွေ

Bo-Nyein-Thar-Article”ငွေ ငွေ၊ ဂုဏ်ဆိုတာ ငွေကို ခေါ်တယ်၊ လူမှာသာငွေ မရှိရင်…” ဟူ၍ ငယ်စဉ်က အရက် မူးမူးနှင့် အော်ဆိုခဲ့သောသီချင်း တစ်ပိုင်း တစ်စကို မှတ်မိသေးသည်။ ဘာရယ် လို့မဟုတ်။ ရည်းစားလည်းမရှိ။ အ သည်းလည်းမကွဲ။ အပေါင်းအသင်း အချင်း ချင်း ပေါင်း ဖွဲ့ခင်မင်ရာမှ အ ရက်သောက် တတ်သွားသည်။ အ ရက်မမူးသေးလျှင် အော်မဆိုရဲသော် လည်း အရက်ကလေး ဝင်ပါက အုပ် စုလိုက် ဝိုင်းအော်ဆိုကြသည်။ မိမိတို့ ကြားတွင် ငွေနှင့်ကြေးနှင့် အိုကေ ကာ စိုပြေနေပါက တစ်ဝိုင်းလုံးရှင်း တော့။ ပါလာသည့် ငွေပြောင် သ လင်း ခါသွားမှ ပွဲပြီးသည်။ ငွေစို့စို့ ပို့ပို့ပါ လာသူကလည်း လက်မနှေးဘဲထုတ် ရသည်။ မထုတ်၍မဖြစ် သူလည်း ယခင်အချိန်က အခြားငွေရှိသူတစ် ဦးဦးကို ”ဝိုင်းသမခဲ့သည်” ပဲ။ ထိုမှ ငွေကို ထီမထင်သောစိတ်မျိုး မသိ မသာ ကိန်းအောင်းနေသည်ထင်၏။

ယခု အသက်အရွယ်ရောက် တော့ ငွေကိုလေးစားလာသည်။ ကုန် ဈေးနှုန်းက အဆမတန် တက်နေ သည်။ ရထားသည့် ပင်စင်ကလေး က တိုရေရှားရေ။ ဒီကြားထဲ အခွန် အတွက် ဆိုပြီးဖြတ်သေးသည်။ မနေ့ကပဲ ကုန်ဈေးနှုန်း ကျဆင်းရေး၊ လုပ်ခတိုးရေး အပါအဝင်တောင်း ဆိုချက်များ ရရှိရန် ပြည်သူ ၅ဝဝ ခန့် အင်းစိန်တွင် ကြွေးကျော်ကာ ဆန္ဒ ထုတ်ဖော်ကြသည်ဟု သတင်း ကြားလိုက် သည်။ တောင်း ဆိုလျှင်ရ သည့် ဒီမိုကရေစီ ခေတ် ရောက်နေ ပြီလားမဆိုနိုင်။ တောင်းဆိုသည့်အ သံ ပိုများလာ၊ ပိုကျယ်လာကြသည်။

လက်တွေ့ဘဝက ဒီလောက် သင်ခန်းစာ ပေးနေ၍ ငွေသည် ဂုဏ် ဒြပ်တစ်မျိုး ဆိုသည်ကို သိရှိနား လည်လာသည်။ စီပွား ရှာခြင်း သည် ငွေရရန်သာ ဖြစ်ကြသည်ကို တွေ့ လာသည်။ ဤသို့သာ ဆိုလျှင် လခ စားဝန်ထမ်းမလုပ်ဘဲ နိုင်ငံခြားသွား ကာ ပန်းကန်ဆေး သည့် အလုပ်မျိုး ဘဲရရ ထွက်လုပ်လိုက်လျှင် ယခုအ ချိန် ဒူးနှံ့၍နေပေတော့။ နောင်တ ဆိုသည်မှာ နောင်မှ ရတတ်သည် လေ။ သို့သော် လည်း ငွေသည် အ ရာရာကို ပြီးစေနိုင်သလား ဆိုသည့် မေးခွန်းကိုမူ တိတိကျကျ မဖြေတတ် သေး။

တကယ်တမ်းမူ နှစ်သက်ကျေ နပ်ခြင်းမှာ စိတ်ခံစားချက် တစ်မျိုး သာဖြစ်၍ ထိုထိုသော ကြည်နူးမှု၊ ပျော်ရွင်မှု၊ နှစ်သက်မှု များမှာလည်း ကြာလျှင် ငြီးငွေ့သွားမည်သာ ဖြစ် ပါသည်။ ထိုအရာများမှာ အချိန်အ ခါ၊ နေရာ အနေအထားနှင့် အခြေ အနေ တို့ပေါ်တွင် တည်မှီနေခြင်း သာဖြစ်ပါသည်။ ၄င်းကဲ့သို့တည် နေသောအရာများ မပျောက်ဆုံး သွားဘူး ဆိုပါစို့။ မိမိကိုယ်တိုင်က ထိုအရာများကို စိတ်မဝင်စားတော့ လျှင်မည်သို့ ဆက်လုပ်ကြမည်နည်း။ အသစ်အသစ် များကို ရှာမလား။ ဤသို့ဖြင့်  အသစ်ကိုရှာ၍ ခံစား စံစားနေသည့် လောကီ သံသရာကြီး မှာ အဆုံးသတ်မည် မထင်တော့။

ငရဲဘုံရောက် သွားသော လူ တစ်ယောက် အကြောင်းကို ကြား ဖူးကြပါလိမ်မည်။ ထိုသူက ကနဦး တွင် ”ငရဲဘုံဆိုတာ သုခချမ်းသာ အပြည့်ပါလား။ ငါထင်ခဲ့သလို မဟုတ်ဘူး” ဟု ထင်မှတ်နေသည် ဆို၏။ စံပြရေခဲမုန့် စားချင်သည် ဟု စိတ်ထဲပေါ်လာရုံ ရှိသေး သည်။ ရေခဲမုန့် ကလျှာပေါ်ရောက်နေပြီ။ ခေတ်မီဇိမ်ခံ ပက်လက် ကုလားထိုင် နှင့်အိပ်ကာ အကြောလျှော့ အ ညောင်းဖြေရ လျှင် ကောင်းမည်ဟု စိတ်ကူးယဉ်နေတုန်း ရှိသေးသည်။ ထိုကုလားထိုင်ကြီးက ချက်ချင်း ခန္ဓာကိုယ် အောက် ရောက်လာသည်။ မိမိ စိတ်ကူး လိုက်သမျှ အရာများ အားလုံး အဆင်သင့် ရောက်နေသ ဖြင့် ဇိမ်ကျနေသည်ဟု ထင်မှတ်ရင်း ကြာလာတော့ တစ်ခုခုလိုနေသလို ခံစား လာရသည်။ သို့သော်လည်း စိတ်မကူးရဲ။ တစ်ခုခုကို စိတ်ကူးမိ လျှင် မမျှော်လင့်ဘဲပေါ်လာဦးမည်။ ဤသို့ဖြင့် ရက်မှလ၊ လမှနှစ်ပြောင်း လာသော်လည်း မိမိက ဒီအတိုင်း လိုဖြစ်နေ၍ မခံနိုင်အောင် ငြီးငွေ့ လာသည်။ နောက်ဆုံး မခံနိုင်လွန်း သဖြင့် ငရဲသား ကို ခေါ်၍ပြောပြ သောအခါ ”ရောက်စကတည်းက ပြောထားတာဘဲ။ ဒါ ငရဲပါလို့” ဟု ငရဲသားက မချိုမချဉ် မျက်နှာပေး ဖြင့် ပြောရင်း လှည့်ထွက်သွားသည်။ မယုံလျှင် ပုံပြင်ဟုသာ မှတ်လိုက် ပါ။ သို့ရာတွင် ယခုတွေ့နေ ရသော လက်တွေ့ လောကတွင် ထိုကဲ့သို့ ငရဲရောက်နေသည့် ငွေကြေးချမ်း သာကြွယ်ဝနေ သူများ အနမတဂ္ဂ။

ယင်း အခြေအနေနှင့် ဆက် စပ်၍ တစ်ခု တွေးမိလာသည်။ ဤ ကမ္ဘာလောက တွင် ငွေကဲ့သို့ ယုံ ကြည်မှုကို ပျောက်ဆုံး စေသော အ ရာမျိုး မရှိသေးဟု အချို့ကထင်ကြ သည်။ ထိုသို့ ထင်မှတ် လိုက်ကြသည် မှာ ငွေကို စနစ်တကျ မသုံး တတ် သေးခြင်းကြောင့် ဖြစ်ကောင်းဖြစ် မည်။ ငွေကို မှန်မှန်ကန်ကန်သာ သုံး တတ်လျှင် ပျော်ရွင် တတ်လာပါလိမ့် မည်ဟု တချို့ က ပြောကြမည်။ အ မှန်စင်စစ် ငွေဆိုသည်မှာ ရောင်း ဝယ်ဖလှယ်ရာတွင် အသုံးပြုရန်အ တွက် လူတို့ဖန်တီးထားသော ဓာတ် သတ္တုတစ်မျိုးသာဖြစ်ပါသည်။ ငွေ ကြောင့် လူတွင် မအိပ်နိုင်၊ စား၍ မရဖြစ်ရသည် ဆိုလျှင် မူလသဘာဝ နှင့် တစ်နေရာရာတွင် လွဲချော်နေ ပြီဟု အတပ်ပြောနိုင်ပါသည်။ မိမိ တို့ အသုံးချရန် ပြုပြင်ထားသော ပစ္စည်း တစ်ခုခုက မိမိတို့ အပေါ်တွင် လွမ်းမိုးနေသလား ဆိုသည်ကို သတိ ထားသင့်ပါသည်။  ခဏခဏစိတ် ကူး။ အကြိမ်ကြိမ်အခါခါ တွေးတော။ လက်တွေ့ကျကျ ဆင်ခြင်ကြည့်။ ရုပ် ဝတ္ထုများနှင့် ဆက်စပ်ကာ စည်းစိမ် တွေ့နေရသည်ထက် တစ်စုံတစ်ရာ အတွေ့အကြုံ ရလိုက်ပြီး အချိန်ကုန် သွားသည်က မိမိတို့အား ပိုပျော် ရွှင်စေနိုင်သည်ကို ယေဘုယျ အနေ နှင့် တွေ့လာမည်။ သီအိုရီများကို ရွတ်ပြနေသည်ဟု အထင်ရှိလျှင် ငွေနှင့် လက်တွေ့ စမ်းကြည့်နိုင်ပါ သည်။ ခရီးသွား အေဂျင်စီတစ်ခုခု နှင့် ဆက်သွယ်ပြီး ခရီးထွက်ကြည့် လိုက်။ သို့မဟုတ် ရုပ်ရှင်ကားတစ် ခုခုကို ကြည့်လိုက်။ ပစ္စည်းအသစ် တစ်ခုခုကို အိမ်၌ ဝယ်ယူကာ သုံး ကြည့်လိုက်။ ရေရှည်တွင် မည် သည်က ပျော်ရွှင်မှု ပိုရမည် ကိုသိ လာမည်။

မိမိတို့၏ မူရင်း အဆင့်အတန်း မျိုးသို့ နောက်ဆုံး ပြန်လည်ရောက် ကာ ပျော်ရွှင် ချမ်းမြေ့လာသည်မှာ မိမိတို့ စိတ်၏ စေစားရာနှင့် ဆိုင်ပါ သည်။ ထိုခံစားမှုသည် ဆန့်ကျင် ဘက် အကျိုးသက်ရောက်မှု များကို မမျှော်လင့်ဘဲ ပြောင်းလဲသွားစေ ပါသည်။ အတွေ့အကြုံ တစ်ခုခု ရပြီးသည် ဆိုပါစို့၊ သို့မဟုတ် ပစ္စည်း တစ်ခုခုကို ဝယ်ယူ ပိုင်ဆိုင်ပြီးသည် ဆိုပါစို့။ ယင်းအခြေအနေမျိုးတွင် ရှိမနေတော့ဘဲ ရုတ်တရက်ပြောင်း လဲတတ်ပါသည်။ ဘန်ကောက်သို့ ခရီးတို တစ်ခု သွားသည်ထက် ဆို ဖာတစ်လုံးကို ဝယ်ယူပိုင်ဆိုင်ရ သည်က ပို၍ လွယ်ကူ ပါသည်။ သို့ ရာတွင် တခါတစ်ရံ စိတ်ပျက်ဖွယ် ကောင်းသော အသုံးအဆောင် ပစ္စည်းများထက် ကြမ်းတမ်းသော အတွေ့ အကြုံနှင့် ပိုနီးစပ် သွားတတ် ပါသည်။

မည်သို့ပင်ဆိုစေ အတွေ့ အ ကြုံ အားလုံးသည် တစ်ညီတည်းဆို သလို အချိန်ကုန် ငွေကုန်ခံ ရကျိုး မနပ်ဟုပြော၍မရ။ သို့မဟုတ် အား ထုတ်ကြိုးပမ်းမှု အချို့သည် အချည်း အနှီးဖြစ်သွား တတ်သည်လည်း ရှိ တတ်၏။ စမ်းသပ်လေ့လာမှုတစ်ခု ၌ ပစ္စည်း တစ်ခုကို ဝယ်လိုက်သည် ဆိုပါစို့။ မူလတွင် လူမှုရေး အရဖြစ် လျှင်ဖြစ်မည်။ တစ်ဦးတည်း သီးခြား သုံးရန် ဖြစ်လျှင်ဖြစ်မည်။ လက်တွေ့ ၌ ပစ္စည်း တစ်ခုခုကို လက်ဝယ်ထား ကာ ကျေနပ်နေသူထက် ထိုပစ္စည်း ကို သုံးလိုက်သူက ပို၍ပျှော်ရွှင်ကျေ နပ်မှုရနိုင်မည်။ ”ကိုယ်ကအလှူ ဒါနလုပ်တာပဲ ဒီလောက်တော့ကုန် မှာပေါ့” ဟူ၍ ငွေအကုန်အကျခံ လိုက်ရသည်ကို ပို၍ ကျေနပ်ကောင်း ကျေနပ်နေ သူများရှိပါသည်။ ထိုသူ များကား မိမိတို့၏ စိတ်လိုအင်ကို ငွေဖြင့် ပေးဝယ် လိုက်ခြင်းသာ ဖြစ် ပါသည်။

အမှန်စင်စစ် ပစ္စည်းများကို တန်ဖိုးထားခဲ့ခြင်း ဆိုသည်မှာ မိမိ ၏ အထင်အမြင် သာဖြစ်ပါသည်။ ပစ္စည်းနှစ်ခု နှိုင်းယှဉ် ကြည့်၍ မည် သည့် ပစ္စည်းကိုမှ စိတ်မဝင်စား လျှင် ၄င်းတို့နှစ်ခုကြား၌ ကွာခြားမှု မရှိသလောက်ပင် ဖြစ်ပါသည်။ တကယ်တော့ အသုံးအဆောင်ရုပ် ဝတ္ထုများကို ပိုင်ဆိုင်ခြင်းထက် အ သုံးပြုနေရခြင်းက ပိုမိုပျော်ရွှင်စေ ပါသည်။ ယင်းအချက်မှာ လူများ နှင့် ရောထွေး ဆက်သွယ်မှု ရှိနေခြင်း ကို မိမိတို့ ကြိုက်နှစ်သက်ကြောင်း ပြနေပါသည်။ စကားပြောလျှင် ဟော ဟောဒိုင်းဒိုင်း ပွင့်ပွင့်လင်းလင်းပြော တတ် သူများ အတွက် သီးသန့်စဉ်း စားပေးနိုင်ပါသည်။ သူတို့မှာ အခြား သူများနှင့် ဈေးဝယ်ထွက်ပြီး ထူးထူး ခြားခြား ပျော်ရွှင်နေ တတ်ကြပါ သည်။ သူတို့ ဘာဝယ်ခဲ့ ဝယ်ခဲ့၊ ကိစ္စ မရှိ။ ဘဏ်တစ်ခုက ဖောက်သည် များ၏ ငွေသုံးလေ့သုံးထရှိသော အ ကျင့်စရိုက်များ၊ လူရည်လူသွေး များ၊ ပျော်ရွှင်စွာ နေတတ်ခြင်းများ နှင့်ပတ်သက် ၍ စူးစမ်းခဲ့သည်ဆို ၏။ ဖောက်သည် အချို့သည် ခံစား မှုလွန်ကာ အစွဲအလမ်းထား၍ အ ချိန် ကုန်ဆုံးစေသည်။ အချို့မှာ တစ်စုံ တစ်ရာကို ခွင့်ပြုရမည် ဆိုလျှင် အလွယ်တကူ သဘောတူ၍ လက်ခံ တတ်၏။ အချို့သူများကမူ ဂရုတ စိုက်နှင့် အမှားအယွင်း မရှိအောင် လုပ်တတ်သည်။ အချို့ကား အတွေ့ အကြုံရယူရန် ပွင့်ပွင့်လင်းလင်းရှိ သည်။ အစရှိသော အပြုအမူများ ကိုလေ့လာခဲ့သည်။ များသောအား ဖြင့် ယင်းအချက် များမှာ မိမိကိုယ် ကိုယ် ယုံကြည်ထားသူ အများစု၏ အလေ့အထ များ ဖြစ်တတ်၍ အ ခြားသူများကို ပျော်ရွှင်စေနိုင်၏။

ပင်စင်စားကဲ့သို့ လူကြီး အ ချို့သည် အပေါင်းအဖော် များအား ခင်မင်ကာ ဖျှော်ဖြေရေး ပွဲများနှင့် စားသောက်ဆိုင်များတွင် ထင်မှတ် ထားသည်ထက် ငွေများစွာ သုံး တတ်သည်။ ထိုအချိန်မျိုး၌ ကိုယ့် ကိုယ်ကို ထိန်းသိမ်း၍ အကောင်း အဆိုးကို ပိုင်းဖြတ်ကာ ခွဲခြားနိုင်သူ များသည် ပတ်ဝန်းကျင် နှင့် အံဝင် ခွင်ကျရှိစေရန် ငွေထုတ် သုံးတတ် သည်။ တစ်ဖန် မိမိတို့၏ တစ်ဦး ချင်း ကိုယ်ရည်ကိုယ်သွေး နှင့်အညီ အချိန်ကုန်ဆုံးစေသော သူများ သည် ထိုအလေ့အထနှင့် ကွဲလွှဲ ဆန့်ကျင်နေ သူတို့ထက် ပိုမိုပျော် ရွှင်ကြသည်ကို တွေ့ရ၏။ လေ့လာ မှုတစ်ခုတွင် ပွင့်ပွင့်လင်းလင်း နှင့် ပျော်ပျော် နေတတ်သူများ နှင့် ရှက် တတ်၍ မိမိအတွေး များဖြင့်သာ အတွင်းကြိတ် ခံစားနေသူများက အရက်ဆိုင် တစ်ဆိုင်ဆိုင် သို့မဟုတ် စာအုပ်ဆိုင် တစ်ဆိုင်ဆိုင်သို့ ရောက် ကြသည်။ ထိုဆိုင်နှစ်မျိုး ရှိသည့်အ နက် တစ်ဆိုင်ဆိုင်၏ လက်ခံပြေ စာကို လက်ဝယ် ရရှိခဲ့ကြသည်။ စား သောက်ဆိုင်တွင် ငွေများကို သုံး ဖြုန်းရန် အတင်းအားပေးခံရသော အခါ ပွင့်လင်း၍ ရယ်ရယ်မောမော နေတတ်သူက ပျော်နေသည်။ ထို အချိန်တွင် အတွေးသမားကလည်း စာအုပ် အရောင်းဆိုင်တွင် အဆင် ပြေနေ သည်။ ငွေဆိုသည်မှာ တစ် ခါတစ်ရံတွင် စိတ်၏ အဆာပြေဖြစ် တတ်ပါ သည်။

သို့သော်လည်း ပျော်ရွှင်မြူး ထူးစွာ အချိန်မကုန်မီ သတိပြုရ မည့် အကြောင်းတစ်ရပ် ရှိသည်။ တစ်ဦး တစ်ယောက်၏ လောလော ဆယ် ဘဏ်စာရင်းတွင် ရှိသောဝင် ငွေ၊ အရင်းအနှီး၊ ငွေသားများထက် ပို၍ ဘဝ၌ နေပျော်ခြင်းနှင့် အပြန် အလှန် ဆက်စပ်ထားသည်။ သို့သော် လည်း ထိုအချက်သည် စေတနာ မကောင်းသင့်ဟု ဆိုလိုရင်း မဟုတ်။ မိမိတို့အတွက် ဖြစ်ဖြစ်၊ ဆေးရုံတက် နေသော ကလေး တစ်ယောက် အ တွက်ဖြစ်ဖြစ် စားကောင်းသည့် မုန့် ပဲသရေစာများကို သူတစ်ပါးအား ဝယ်ခိုင်းသောအခါ မကျန်းမာသော ကလေး အတွက် စားချင်ဖွယ်ရာ များဝယ်ပေးရ သဖြင့် အပြုသဘော ဆောင်သော ခံစားမှုများကို ရသည် ဆိုကြ၏။ ယင်းအချက်က ဆင်းရဲ သော တိုင်းပြည် တွင်ဖြစ်စေ၊ ချမ်း သာသော တိုင်းပြည်တွင် ဖြစ်စေ ခြားနားခြင်း မရှိချေ။ ၄င်းနည်းတူ မိသားစုနှင့် သူငယ်ချင်း များ အတွက် ဆောင်ရွက်ပေးရာ တွင် စိတ်လိုလက် ရပြုတတ်ကာ ကျေနပ်သွားတတ် သည်။ အံ့အားသင့် စရာတော့ မ ဟုတ်။ သူတို့က တစ်နည်းနည်းနှင့် ဆက်နွှယ် နီးစပ်နေသည်လေ။

မည်သို့ဆိုစေ ငွေသည် ရှေ့ တန်းသို့ ရောက်လွန်းနေသည်များ ကို တွေ့ရ၊ မြင်ရသောအခါ ဘဝင် မကျဖြစ်နေပါသေးသည်။

ဘိုငြိမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*