ကော့မှူးမြို့နယ် အတွင်း တံဆိပ်တုံးမပါဘဲ ကြိုတင်မဲ ကောက်ခံမှု မြို့နယ် ကော်မရှင်ကို တိုင်ကြားမည်ဟုဆို

ကော့မှူးမြို့နယ် အတွင်း တံဆိပ်တုံးမပါဘဲ ကြိုတင်မဲ ကောက်ခံမှု မြို့နယ် ကော်မရှင်ကို တိုင်ကြားမည်ဟုဆို
March 31, 2017 Asian Fame

5:58 pm
ကော့မှူးမြို့နယ် အတွင်း တံဆိပ်တုံးမပါဘဲ ကြိုတင်မဲ ကောက်ခံမှု မြို့နယ် ကော်မရှင်ကို တိုင်ကြားမည်ဟုဆို

1(ကော့မှူး -မတ် ၃၁ )

ကော့မှူးမြို့ နယ်၊ တောင်ချောင်ကျေးရွာမှာ ကော်မရှင် တံဆိပ်တုံး မပါဘဲ ကြိုတင်မဲကောက်ခံမှုနဲ့ပတ်သတ်ပြီး ရွာခံတွေ က မြို့  နယ်ကော်မရှင် အဖွဲ့  ခွဲထံ တိုင်ကြား သွားမယ်လို့  သိရပါတယ် ။  လူဦးရေ ၄၅၀ ကျော်ရှိတဲ့ တောင်ချောင်ကျေးရွာ မှာ မနေ့ က ကြိုတင် မဲကောက်ခံမှုတွေပြု လုပ်ခဲ့ရာမှာ အခုလိုဖြစ်စဉ်ဖြစ်ပေါ်ခဲ့တာကြောင့် ကျေးရွာပြည်သူတွေက အဆိုပါကျေးရွာ ရပ်ကျေးကော်မရှင် ကို တိုင်ကြားဖို့စီစဉ်နေတာဖြစ်တယ်လို့ ကော့မှူးမြို့နယ် NLD ပါတီ ဥက္ကဌ ဦးအေးသိန်းကဆိုပါတယ်။  ”

ရပ်ကျေး ဥက္ကဌ အနေနဲ့ တမင်တကာ လုပ်တာပေါ့ဗျာ တည့်တည့်ပြောရရင်တော့။ မရိုးသား ဘူးပေါ့ဗျာ ” လို့ သူက ဆိုပါတယ်။  အခု လိုဖြစ်ခဲ့တဲ့ အတွက် ရွေးကောက်ပွဲဝင် ပါတီအားလုံး စုဖွဲ့ ထားတဲ့ စေ့စပ်ညှိနှိုင်းရေး ကော်မတီ နဲ့ ရပ်ကျေးကော်မရှင် တို့ ညှိနှိုင်း ခဲ့ကြပြီး ဥပဒေ အတိုင်း ဆောင်ရွက်ဖို့ ညှိနှိုင်းရေးကော်မတီက ပြောခဲ့တယ်လို့  ဦးအေးသိန်း ကပြောပါတယ် ။ 

အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီ့း ကော့မှူးမြို့ နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌ ဦးအောင်မြတ် က ကောလာဟလတွေ သာဖြစ်တယ် လို့ပြောပါတယ် ။  ” မဟုတ်ပါဘူး သတင်းကြားတာတွေ။ ဒါတွေက အတိအကျတွေ မဟုတ်ပါဘူး။ ဟိုမှာ ဘာ ညာလေး နည်းနည်းဖြစ် တာကို သတင်းပျံ့ သွားတာပါ ” လို့ပြောပါတယ်။ 

တောင်ချောင်ကျေးရွာရဲ့ ရပ်ကျေးကော်မရှင် ဥက္ကဌဟာ ယခင်ရွေးကောက်ပွဲ အတွေ့ အကြုံလည်း ရှိ သူဖြစ်တယ် လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီကနေ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ဦးကျော်ဆွေဝင်း ကပြောပါတယ်။ 

”ကျွန်တော်ကတော့ ရိုးသားစွာ လွဲချော်မှုလို့ တော့ မထင်ဘူးဗျ။ ရိုးသားတဲ့ မှားယွင်းမှုတော့  ကျွန်တော် မထင်ဘူး” လို့ သူ ကပြော ပါတယ်။  ဆန္ဒမဲပေးရာမှာ ရွေးကောက်ပွဲကော်မရှင် ရဲ့တံဆိပ်တုံး၊ မဲရုံမှူး လက်မှတ်တို့ ပါရှိတဲ့ မဲလက်မှတ် နဲ့ ဆန္ဒမဲပေး ရမှာဖြစ်ပါ တယ်။  နိုင်ငံတော် ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ နယ်မြေဖြစ်တဲ့ ကော့မှူးမြို့ နယ် မှာ ရပ် ကွက်ပေါင်း ၇ ရပ်ကွက်နဲ့ ကျေးရွာပေါင်း ၅၅ ရွာ ရှိပါတယ်။ မဲပေးခွင့်ရှိသူ ၉၄၀၀၀ ကျော် ရှိနေပြီး မဲရုံပေါင်း ၁၅၅ ရုံရှိပါ တယ်။  ကော့မှူးမြို့ နယ် ကနေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်တွေဟာ ပြည်သူ့ လွှတ်တော် လစ်လပ်မဲဆန္ဒနယ် အတွက် ၀င်ရောက် ယှဉ်ပြိုင်ကြ ရတာဖြစ်ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂ ဦးနဲ့ ပါတီ ၇ ခုက ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉ ဦးအထိ ၀င်ရောက် ယှဉ်ပြိုင်တာဖြစ်ပါတယ်။  အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ပါတီ ၊ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ၊ ဒီမိုကရက်တစ်ပါတီ မြန်မာ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ် ပါတီ ၊မြန်မာ အမျိုးသား ကွန်ဂရက်ပါတီ၊ မြန်မာနိုင်ငံတောင်သူ လယ်သမား ဖွံ့ ဖြိုး တိုးတက်ရေး ပါတီ၊ အမျိုးသားတိုးတက်ရေး ပါတီတို့ နဲ့ တစ်သီး ပုဂ္ဂလ ၀င်ပြိုင်သူ နှစ်ဦးတို့  ကော့မှူးမြို့ နယ်မှာ ၀င်ရောက် ယှဉ်ပြိုင် ကြတာဖြစ်ပါတယ်။ 

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*