အသည်းရောဂါဖြစ်ပွားသူများအတွက် သံစစ်ကုသိုလ်ဖြစ် ဆေးခန်းဖွင့်မည်

အသည်းရောဂါဖြစ်ပွားသူများအတွက် သံစစ်ကုသိုလ်ဖြစ် ဆေးခန်းဖွင့်မည်
March 31, 2017 Asian Fame

12:21 pm
အသည်းရောဂါဖြစ်ပွားသူများအတွက် သံစစ်ကုသိုလ်ဖြစ် ဆေးခန်းဖွင့်မည်

သီဟ
ရန်ကုန်၊ မတ်လ ၂၄

အသည်းရောဂါ ဖြစ်ပွားမှုလျော့နည်းပပျောက်စေရန် ‘သံစစ်ကုသိုလ်ဖြစ် ဆေးခန်း’ ကို စမ်းချောင်းမြို့နယ်တွင် မကြာမီဖွင့်လှစ်တော့မည်ဟု အသည်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ခင်ပြုံး ကြည်ကပြောသည်။ ”လောလောဆယ်မှာတော့ ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနကို ဆေးခန်းဖွင့်ဖို့ လိုင် စင် တင်ထားပါတယ်။ သင်္ကြန် ပြီးတဲ့အချိန်လောက် ဒါမှမဟုတ် ဧပြီလလောက်တော့ ဆေးခန်းဖွင့် နိုင်မယ်ထင်ပါတယ်” ဟု ၎င်းက ပြောသည်။ အဆိုပါ ဆေးခန်းတွင် အသည်းရောဂါ (ဘီပိုး/စီပိုး) များကိုသာ အဓိက ကုသပေးမည် ဖြစ်သည်။

လာရောက်ပြသသော လူနာများကို အခမဲ့ စမ်းသပ်စစ်ဆေးပေးမည်ဖြစ်ပြီး အသည်းရောင် ဘီပိုး/စီပိုးများ အခမဲ့ စစ်ဆေးပေးကာ ဘီပိုးမရှိသူများကို ကာကွယ်ဆေး အခမဲ့ထိုးပေးမည် ဖြစ်သည်။ ထို့ပြင် ဆေးခန်းတွင် မရှိသော သွေးစစ်ခြင်း၊ ဓာတ်မှန် ရိုက်ခြင်းများကို ပြင်ပဓာတ်ခွဲခန်း များတွင် အထူးသက်သာသော နှုန်းထားများဖြင့် သွားရောက် စစ်ဆေးနိုင်အောင် စီစဉ်ပေးမည် ဖြစ်သည်။ ဆရာဝန်က ညွှန်ကြားသော ဆေးဝါးများကို သက်သာသော နှုန်းထားဖြင့် ဝယ်ယူနိုင်ရန် စီစဉ် ပေးမည်ဖြစ်ကြောင်း၊ ဆေးရုံတက် ရောက်ကုသရန် လိုအပ်သော လူနာများကို သက်ဆိုင်ရာ ပြည်သူ့ ဆေးရုံများသို့ လွှဲစာဖြင့် သွား ရောက်ပြသနိုင်ရန် စနစ်တကျ ကူ ညီ ဆောင်ရွက်ပေးမည် ဖြစ် ကြောင်း သိရသည်။ ”ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပြည်သူ့ဆေးရုံ ကြီးတွေမှာ ရှိတဲ့ အသည်းဌာနက အထူးကု ဆရာဝန်တွေလည်း လာ ရောက်ကုသပေးမှာပါ” ဟု သံစစ် ကုသိုလ်ဖြစ် ဆေးခန်းဖြစ်မြောက် ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရဲဝင်းမောင်က ပြောသည်။ဆေးခန်းကို အမှတ် (၃၃/ ၃၅) ပုသိမ်လမ်း၊ ကျွန်းတောအ လယ်ရပ်၊ စမ်းချောင်းမြို့နယ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဆေးခန်းနှင့် ပတ်သက်၍ မေးမြန်း စုံစမ်းလိုပါ က ဝ၉၉၆၄၄ ၈၂၈၂ဝ၊ ဝ၉ ၉၆၄၅ ၈၂၈၂ဝ တို့သို့ မေးမြန်းဆက်သွယ် နိုင်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*