ပုဂံရှိ နန်းမြင့်မျှော်စင်မှ နေဝင်နေထွက် ရှုခင်းအခမဲ့ ကြည့်ခွင့်ပေးနေ

ပုဂံရှိ နန်းမြင့်မျှော်စင်မှ နေဝင်နေထွက် ရှုခင်းအခမဲ့ ကြည့်ခွင့်ပေးနေ
March 31, 2017 Asian Fame

11:56 am
ပုဂံရှိ နန်းမြင့်မျှော်စင်မှ နေဝင်နေထွက် ရှုခင်းအခမဲ့ ကြည့်ခွင့်ပေးနေ

Bagan Nan Myint Tower

မေဇင်ဝင်း
ရန်ကုန်၊ မတ် ၂၄

ပုဂံသို့ လာရောက်သော ပြည်တွင်းပြည်ပဧည့်သည်များ ပုဂံရှိ နန်းမြင့်မျှော်စင် တတိယထပ်မှ နေဝင်နေထွက်ချိန်ရှုခင်း အခမဲ့ကြည့် ရှုနိုင်ပြီဖြစ်ကြောင်း ညောင်ဦး ခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောသည်။ ထိုသို့ ကြည့်ရှုခွင့်ကို မတ်လ ၂၁ ရက်မှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ပုဂံ၌ နေဝင်ရှုခင်းကြည့်ရန်အစားထိုးနေရာများ လုပ်ဆောင်နေချိန်ဖြစ်၍ ဧည့်သည်များ အဆင်ပြေစေရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း၊ မတ်လ ၂၁ ရက်မှ နောက်သုံးလအထိ အခမဲ့ ကြည့်ခွင့်ပေးထားကြောင်း ၎င်းက ပြောသည်။

”အဓိက က နေဝင်နေထွက်အတွက်ပါပဲ။ အဲဒါလေးကိုလုပ်ဖို့ ဟိုတယ်ပိုင်ရှင်ကို မေတ္တာရပ်ခံပြီး သူတို့က ပေးနိုင်တဲ့အချိန်ကို ပြန်ပြီး အကြောင်းကြားတာပါ။ စေ တီတွေပေါ်တက်တာလည်း မပိတ်သေးပါဘူး။ နန်းမြင့်မျှော်စင်က နေလည်းကြည့်လို့ရမှာပါ။ အခမဲ့ခွင့်ပြုထားတာက တတိယထပ်အထိပါပဲ” ဟု ၎င်းကပြောသည်။နန်းမြင့်မျှော်စင်သည် ထူးလုပ်ငန်းအုပ်စုက ပိုင်ဆိုင်သော Aureum Palace Hotel တွင်တည် ရှိပြီး မျှော်စင်တတိယထပ်မှာ ၄၂ ပေမြင့်ကာ လူဦးရေ ၅ဝဝ တစ် ချိန်တည်း နေဝင်နေထွက်ရှုခင်း ကြည့်ရှုနိုင်ကြောင်း သိရသည်။

”ရှုခင်းကြည့်ဖို့ နေရာသစ်တွေကလုပ်နေတုံးမို့လို့ ဟိုတယ်နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ပေးတာပါ။အချိန်အကန့်အသတ်နဲ့ပါ” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ကျော်က ပြောသည်။ ပုဂံစေတီများပေါ်မှ နေဝင် နေထွက်ရှုခင်းကြည့်ရှုမှုကို ယခု နှစ် စက်တင်ဘာလခန့်မှ စတင် ပိတ်မည်ဖြစ်ပြီး နေရာငါးခုကို အစားထိုး သတ်မှတ်ပေးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ် ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ပြော ကြားထားသည်။ ရှုခင်းကြည့်ရန် သတ်မှတ်ထား သောနေရာငါးခုမှာ ကိုမောက်ကန်၊ ညောင်လက်ဖက်ကန်၊ သူဌေးကန်၊ စူဠာမဏိကန်၊ အိုးထိန်းကုန်း (အ ရှေ့၊ အနောက်) တို့ဖြစ်ပြီး လက်ရှိ တွင် ကိုမောက်ကန်နှင့် အိုးထိန်း ကုန်းမှ ရှုခင်း ကြည့်ရှုနိုင်ပြီဖြစ် ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*