စင်ကာပူတွင် ကျောင်းတက်ရင်း အလုပ်လုပ်လို သူများအတွက် ဒီပလိုမာ သင်တန်းများ မိတ်ဆက်

စင်ကာပူတွင် ကျောင်းတက်ရင်း အလုပ်လုပ်လို သူများအတွက် ဒီပလိုမာ သင်တန်းများ မိတ်ဆက်
March 31, 2017 Asian Fame

2:38 pm
စင်ကာပူတွင် ကျောင်းတက်ရင်း အလုပ်လုပ်လို သူများအတွက် ဒီပလိုမာ သင်တန်းများ မိတ်ဆက်

(ရန်ကုန်၊ မတ် ၂၄)

စင်ကာပူနိုင်ငံတွင် ဟိုတယ် လုပ်ငန်းဆိုင်ရာ ကျောင်းတက် ရင်း အလုပ် လုပ်လိုသူများကို Myanmar United Channel Consultancy ကုမ္ပဏီက ဝန် ဆောင်မှုပေးနေပြီ ဖြစ်သည်။

အစားအသောက် နှင့် အ ဖျော်ရည်ပြုလုပ်နည်း၊ ဟိုတယ် ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အခမ်း အနား ပြင်ဆင်နည်းစသည့် မေ ဂျာတို့ကို သင်ယူနိုင်မည်ဖြစ်ပြီး စင်ကာပူနိုင်ငံရှိ ICAS Training and Education  ကောလိပ်တွင် တက်ရောက်ရမည် ဖြစ်သည်။

အစားအသောက် နှင့် အဖျာ် ရည်ပြုလုပ်နည်းကို ခြောက်လ သင်ယူရမည်ဖြစ်ပြီး နောက်ထပ် ခြောက်လကို စင်ကာပူနိုင်ငံ တွင် အလုပ်လုပ်ကိုင် ရမည်ဖြစ်ကာ အ ချိန်ပို လုပ်အားခ အပါအဝင် တစ်လလျှင် စင်ကာပူ ဒေါ်လာ ၁၃ဝဝ ခန့် ရရှိမည်ဖြစ်သည်။

”အလုပ် လုပ်တဲ့အခါမှာလည်း အလုပ် သွားရှာစရာမလိုဘူး။ ကုမ္ပ ဏီတွေက ကျောင်းကိုလာရွေးကြ တာ” ဟုMyanmar United Channel Consultancy ကုမ္ပဏီမှအကြံပေး ဒေါ်အိမျိုးဆွေက ပြော သည်။

ယင်းအပြင် ဟိုတယ်ပိုင်းဆိုင် ရာ စီမံခန့်ခွဲမှုကို သင်ကြားလိုပါက ရှစ်လ သင်ယူရမည်ဖြစ်ပြီး ကျောင်း တက်နေစဉ်ကာလ အတွင်း စင် ကာပူနိုင်ငံ၌ အမြဲတမ်း နေထိုင်ခွင့် လျှောက်ထားနိုင်မည် ဖြစ်သည်။

ဟိုတယ်လုပ်ငန်း မဟုတ်ဘဲ အခြားသော လုပ်ငန်းများကို လုပ် ကိုင်လိုသူများ အနေဖြင့်  စင်ကာ ပူတွင် အမြဲတမ်း နေထိုင်ခွင့် ရရှိ စေရန်အတွက် အဆိုပါကျောင်း ကို တက်ရောက်နိုင်ကြောင်း ၄င်း က ပြောသည်။

”ဒီအတိုင်းဆိုရင် စက်ကာပူ မှာ အမြဲတမ်းနေထိုင်ခွင့် ရဖို့ဆို တာ မလွယ်ဘူး။ ဒီကျောင်းကို တက်ပြီး အမြဲ နေထိုင်ခွင့်လျှောက် ရင် အရမ်းလွယ်သွားပြီ” ဟု  ဒေါ်အိမျိုးဆွေက ပြောသည်။

အဆိုပါကျောင်းကို တက် ရောက်လိုသူများသည် အင်္ဂလိပ် စကားကို ကောင်းမွန်စွာပြောဆို နိုင်ရမည်ဖြစ်ပြီး ပညာအရည် အချင်းထောက်ခံချက်၊ သန်းခေါင် စာရင်းမိတ္တူ တို့လိုအပ်မည်ဖြစ် သည်။

ကျောင်းတက်လိုသူများသည် လျှောက်လွှာ တင်ရန်အတွက် စင် ကာပူဒေါ်လာ ၁ဝဝ ပေးရမည် ဖြစ်ပြီး ကျောင်းတက်စရိတ် အဖြစ် စင်ကာပူ ဒေါ်လာခြောက်ထောင် ပေးသွင်းရမည်ဖြစ်သည်။

စင်ကာပူတွင် နေထိုင်ရမည့် အဆောင်ကို ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီက စီစဉ်ပေးမည်ဖြစ်ပြီး စင်ကာပူ ဒေါ်လာ ၃၃ဝ ပေးသွင်း ရမည်ဖြစ်ကာ လျှောက်လွှာတင် ထားစဉ်ကာလ အတွင်း Myanmar United Channel Consultancy ကုမ္ပဏီက အင်္ဂလိပ်စကားပြော အခမဲ့ သင်ကြားပေးမည်ဖြစ်သည်။

လင်းဟိန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*