12:12 pm
ယခင်အပတ်မှအဆက် …
ဆေးရုံများ၊ ကျန်းမာရေးဌာန များ၊ ရောဂါရှာဖွေရေးပစ္စည်းများ၊ ပညာရှင်များ၊ လုပ်သားများ စတဲ့ စတဲ့ စွမ်းအားစုများအတွက် ငွေ ကြေးစိုက်ထုတ်မှု အရင်းအနှီးသိပ် ရှိတာပေါ့။ ကျန်းမာရေးစနစ်တစ်ခု အတွက် မနည်းလှတဲ့ ငွေကြေးအ ရင်းအနှီးတွေကို မျှမျှတတဖြစ် အောင် စီမံခန့်ခွဲနိုင်ဖို့ အလွန်လို အပ်ပါတယ်။
တကယ်တော့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းဆိုတာ ရောဂါသည် လူနာနဲ့ ကုသသူသမား တို့ရဲ့ ဆေးကုသမှုလုပ်ငန်းတစ်ခု တည်း ဘယ်ဟုတ်မလဲ။ ပြီးပြည့်စုံ သော ကျန်းမာရေး စောင့်ရှောက်မှု (Comprehensive Health Care) မှာ လုပ်ငန်းလေးရပ်ပါဝင်တယ်။
– ကျန်းမာနေသော ပြည်သူများ အား ပို၍ကျန်းမာစေရန် လုပ်ပေးသော Promotive Health Service
– ရောဂါဖြစ်လတ္တံ့သော လူထု ကို ရောဂါမဖြစ်အောင် ကာကွယ်ပေးသော Preventive Health Service
– ဝေဒနာသည် လူနာများကို ရောဂါပျောက်ကင်းအောင် ကုသပေးသော Curative Health Service
– ရောဂါ၏ နောက်ဆက်တွဲဆိုး ကျိုးများကြောင့် ကိုယ်ကျိုး နည်းရသူများကို ပြန်လည်ထူ ထောင်၍ ပုံမှန်လူ့အဖွဲ့အစည်း တွင်း ပို့ဆောင်ပေးသော Rehabilitative Health Service ရယ်လို့ လုပ်ငန်းကြီး လေးရပ် လုံး လုပ်ပေးနိုင်ပါမှ ပြီးပြည့်စုံ တဲ့ ကျန်းမာရေးစောင့်ရှောက် မှုလို့ ဆိုသကိုး။
ဒါပေမယ့် ကျန်းမာရေးစောင့် ရှောက်မှုလို့ပြောရင် အရင်ဆုံး မျက် စိထဲပြေးမြင်တာက ဆေးရုံ၊ ဆေးခန်းများပဲ မဟုတ်လား။ ဆေးပညာ သမိုင်းတစ်လျှောက်လုံးလည်း ကုသရေးလုပ်ငန်းကသာ အဓိကကျန်း မာရေးစောင့်ရှောက်မှုအဖြစ် ပါဝင် ကပြအသုံးတော်ခံခဲ့တာ နှစ်ပရိ စ္ဆေဒကြာကြာလှပေါ့။ ဒါကြောင့်လည်း တစ်ကမ္ဘာလုံးရဲ့ ကျန်းမာ ရေးဘတ်ဂျက် ခွဲတမ်းဟာ အမြဲ တမ်း ၈ဝ-၂ဝ ပေါ်လစီပဲ။ ဆိုလိုတာ ကတော့ ကျန်းမာရေးဘတ်ဂျက်ရဲ့ ၈ဝ ရာခိုင်နှုန်းကို ကုသရေးလုပ်ငန်းမှာ သုံးစွဲပြီး ကျန်သုံးခုကတော့ ၂ဝ ရာခိုင်နှုန်းကို မျှသုံးကြရတယ်။ USA မှာ ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းအားလုံးကို ပုဂ္ဂလိကပိုင် ပြုလိုက်တယ်လို့ အထက်က တင်ပြခဲ့တယ်။ တကယ်တော့ ကုသရေးလုပ်ငန်းကိုသာ ပုဂ္ဂလိကပိုင်ပြုလို့ ရပါတယ်။ ကျန်လုပ်ငန်းသုံးခုကို ဘယ်ပုဂ္ဂလိက လုပ်ငန်းရှင်ကမှ အစိုးရထံမှ လက်လွှဲမယူဝံ့ပါလေ။ ထည့်သွင်းရင်းနှီးလိုက်တဲ့ အရင်း မှန်သမျှ ကျောက်ခဲရေမြုပ်သလို စွပ်ခနဲ မြုပ်ပြီး ဘာအကျိုးအမြတ် မှ မရတဲ့ ဒီလုပ်ငန်းတွေအတွက် ပီတိစားပြီး အားရှိမယ့် ဘိဇနက်သမားတစ်ယောက်မျှမရှိ။ မြတ် ချင်လို့ ရင်းနှီးမှုပြုတာကိုးဗျ။ ဘိဇ နက်လုပ်ငန်းရှင်တွေရဲ့အမြင်မှာ Promotive, Preventive & Rehabilitative ဆိုတဲ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း ၃ ရပ်ဟာ သွေးစုပ်ဖုတ်ကောင်ကြီး သုံးကောင်လို အန္တရာယ်ကြီးလွန်းလှတယ်။
ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများ၊ ကျန်းမာရေးပညာ ပေးခြင်း၊ အဖြစ်များရောဂါများ ထိန်းချုပ်ခြင်း၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုပေးခြင်း၊ ကာကွယ် ဆေးထိုးခြင်း ဒီလုပ်ငန်းတွေကြောင့် လူထုမှာ အကျိုးရှိတာ သေချာတယ် နော်။ ဒါပေမယ့် တစ်ဦးကောင်း၊ တစ်ယောက်ကောင်း အကျိုးရှိတာ မဟုတ်။ အားလုံးအပေါ်မှာ ဖြန့် ဝေရရှိသော အကျိုးတရားကိုး။ ဒါ ကြောင့် အားလုံးရထိုက်သောပစ္စည်း (Public Good) လို့ ပြောတာပေါ့။ အားလုံးရထိုက်လို့ အားလုံးတတ် နိုင်တဲ့ဈေးနှုန်း သတ်မှတ်ပါဆိုတော့ ဆင်းရဲချမ်းသာမရွေး၊ လူတန်းစားအားလုံး တတ်နိုင်တဲ့ဈေးနှုန်းကတော့ အလကားပေးခြင်းမှ တစ်ပါးအခြားမရှိလေ။ ဘယ်ဘိဇ နက်သမားက တာဝန်ယူရဲမှာလဲ။ ဘယ်တော့မှ အရင်းပြန်မပေါ်တဲ့ ငွေကြေးကိုစိုက်ထုတ်ပြီး ဒီကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို ပြည်သူလူထုအကျိုးအတွက် ဆောင်ရွက်ရသူက အစိုးရပဲပေါ့။
ကုသရေးလုပ်ငန်းကျတော့ လူနာမချိမဆံ့ ခံစားနေရတဲ့ဝေဒနာ ဗြုန်းခနဲ၊ ဒိုင်းခနဲသက်သာပျောက် ကင်းခြင်းဆိုတဲ့ အကျိုးအမြတ်ကို လူတစ်ဦးချင်းစီအနေနဲ့ ချက်ခြင်း လက်ငင်း ရရှိခံစားနိုင်တာကြောင့် ဒီအတွက် ကျသင့်တဲ့ငွေကြေး တစ်စုံတစ်ရာကိုလည်း ချက်ချင်း ပေးဖို့ ဝန်မလေးတတ်ကြဘူး။ အ သက်ထက် တန်ဖိုးရှိတာ မရှိဆို သကိုး။ တောင်းသမျှငွေကြေးကို သိပ်များတာပဲ၊ နည်းနည်း လျှော့ပါဦးလို့၊ အဆစ်ကလေးပေးပါဦး လို့၊ အသက်နဲ့ရင်းပြီး ဈေးဆစ် လေ့ မရှိစကောင်း။ ဒါကြောင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် တွေက အလွန်မျက်စိကျ သွားရေယိုစရာ လုပ်ငန်းကြီးပေါ့။ ဈေးကွက်စီးပွားရေးက မွေးထုတ်ပေး လိုက်တဲ့ ဆေးကွက်စီးပွားရေးဟာ ကမ္ဘာ့စီးပွားရေး မျက်နှာစာမှာ ကြံ တိုင်းအောင်၊ ဆောင်တိုင်းမြောက် အဆင့်အတန်းနဲ့ မျက်နှာပန်း အလွန်လှသပေါ့ခင်ဗျား။
Juan