ကင်ဂျုံနန်၏ ရုပ်အလောင်းသည် မလေးရှား နိုင်ငံတွင်သာ ရှိနေသေးကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးပြော

ကင်ဂျုံနန်၏ ရုပ်အလောင်းသည် မလေးရှား နိုင်ငံတွင်သာ ရှိနေသေးကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးပြော
March 30, 2017 Asian Fame

11:54 am
ကင်ဂျုံနန်၏ ရုပ်အလောင်းသည် မလေးရှား နိုင်ငံတွင်သာ ရှိနေသေးကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးပြော

Malaysia(ကွာလာလမ်ပူ၊ မတ် ၂၈)

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ဖအေတူ မအေကွဲ အစ်ကို ကင်ဂျုံနန်၏ ရုပ်အလောင်းသည် မလေးရှား နိုင်ငံတွင်သာ ရှိနေသေးကြောင်း မလေးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးက ပြောသည်။

သို့ရာတွင် အချို့သော မလေးရှား သတင်းဌာနများကမူ ကင် ဂျုံနန်၏ ရုပ်အလောင်းသည် မြောက်ကိုရီးယား သို့ ပြန်ရောက် သွားပြီ ဖြစ်ကာ သင်္ဂြိုဟ်ပြီးစီးပြီဟု လည်းကောင်း၊ မကာအိုရှိ သူ့မိသားစုဟု ယုံကြည်ရသူတို့ဆီ ပို့ပေးလိုက်ပြီဟု လည်းကောင်း ဆိုနေကြ သည်။

သို့ရာတွင် မလေးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီး ဆူဘရာမန်းနီး ယန်းဆသာဆီဝမ် ကမူ ကင်ဂျုံနန်၏ ရုပ်အလောင်းသည် မလေး ရှား နိုင်ငံ ရှိ ရေခဲတိုက် တစ်ခုတွင် ရှိနေဆဲဖြစ်ပြီး ယင်းကို ပြန်ပို့ရန် အတွက် မြောက်ကိုရီးယား နိုင် ငံနှင့် ဆွေးနွေး ညှိနှိုင်းနေ ဆဲ ဖြစ်သည်ဟု မတ်လ ၂၈ ရက်က ပြောကြားပါသည်။

”ရုပ်အလောင်း ကို ပြန်ပို့တဲ့အခါ လိုလို မလိုလို ကျွန်တော့်ရဲ့ မှုခင်း ဆေးပညာဌာန အနေနဲ့ကတော့ အဲဒီ ရုပ်အလောင်းကို စစ်ဆေးဖို့တော့ လိုအပ်ပါတယ်”ဟု ကျန်းမာရေး ဝန်ကြီးက ပြောသည်။

ဖေဖော်ဝါရီ ၁၃ ရက်က ကွာလာလမ်ပူ လေဆိပ်ဝယ် အမျိုးသမီး နှစ်ဦးက ကင်ဂျုံနန်၏ မျက်နှာကို အဆိပ်ရည်ဖြင့် ဖျန်း၍ လုပ်ကြံ သတ်ဖြတ် ခဲ့ခြင်း ဖြစ်ပြီး၊ ယင်းလုပ်ကြံ သတ်ဖြတ်မှုသည် မြောက်ကိုရီး ယားနိုင်ငံ၏ လက်ချက်ဟု အများက သံသယရှိခဲ့ကြသည်။

PN002
ref: Malaysia says Kim Jong Nam’s body still in the country

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*