ပေါ့ပါးပြီး ဈေးသက်သာသော Smart Home အဆောက်အအုံများ မှာယူနိုင်ပြီ

ပေါ့ပါးပြီး ဈေးသက်သာသော Smart Home အဆောက်အအုံများ မှာယူနိုင်ပြီ
March 30, 2017 Asian Fame

11:40 am
ပေါ့ပါးပြီး ဈေးသက်သာသော Smart Home အဆောက်အအုံများ မှာယူနိုင်ပြီ

Smart-Home1(မန္တလေး၊ မတ် ၂၈)

သစ်အစားထိုး ဈေးနှုန်းသက် သာသည့် Smart Home အဆောက် အအုံများကို မန္တလေးမြို့ အခြေ စိုက် ကုမ္ပဏီတစ်ခုမှ ဆောက်လုပ် တပ်ဆင် ရောင်းချပေးလျက်ရှိရာ မှာယူပါက မည်သည့်အရပ်ဒေသ ကိုမဆို လိုက်လံ တပ်ဆင်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

”Smart Home အိမ်ဆိုတာက Fiberglass  နဲ့ တည်ဆောက်တာပါ။ ပေါ့ပါးသလောက် သယ်ရလွယ်တဲ့ အတွက် သွားလာရေး သယ်ယူရ ခက်ခဲတဲ့နေရာတွေ အထိ အလွယ် တကူ သယ်သွားနိုင်တယ်။ အဲဒီလို နေရာတွေအတွက် ရည်ရွယ်ပြီး တော့လည်း ဒီ Smart Home အိမ် ဆိုတာကို ထုတ်လုပ် ရောင်းချတာ ပါ။ ဘယ်ဒေသကပဲ ဖြစ်ဖြစ် မှာယူ နိုင်ပါတယ်”ဟု Smart  Home  အဆောက်အအုံ ထုတ်လုပ်ရောင်း ချသည့် UD Group Co.,Ltd  မှ ဒါရိုက်တာ ကိုဝေလင်းထွန်းက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ထိုင်းနိုင်ငံမှ မှာယူတင်သွင်း သည့် အဆင့်မြင့် ဖိုင်ဘာချပ်များနှင့် တည်ဆောက်ခြင်းဖြစ်ပြီး အဆောက် အအုံ တစ်လုံးလျှင် ဖိုင်ဘာချပ် ၂၁ ချပ်၊ မူလီအလုံးရေ ၁၅ဝ သာပါဝင် မည်ဖြစ်၍ ပေါ့ပါးပြီး လူသုံးလေးဦး ခန့်ဖြင့် အလွယ်တကူ တပ်ဆင်နိုင် ကြောင်း သိရသည်။

”အဓိက အားသာချက်တွေ ကတော့ လေဒဏ်ခံနိုင်တယ်။ ဘယ်လောက် အထိ ခံနိုင်လဲဆို တော့ တစ်နာရီ မိုင်နှစ်ရာကျော် လောက် အထိကို ခံနိုင်တယ်။ နောက်ပြီးတော့ မီးဘေးအန္တရာယ် အတွက်လည်း စိတ်ချရတယ်။ ငလျင်ဒဏ်လည်း ခံနိုင်တယ်။ ခြ မစားဘူး။ ပိုးမွှားဒဏ် ခံနိုင်တယ်။ ဖြုတ်ရ တပ်ရလွယ်တယ်။ တစ်ခုနဲ့ တစ်ခု ဆက်လို့ရတယ်။ တစ်ဧကကို အလုံး ၃ဝ လောက် အလွယ် တကူ ဆောက်လို့ရတယ်။ တပ်ဆင်ချိန် ၃ နာရီလောက် နဲ့ပြီးပါတယ်။ အိမ် တစ်လုံးလုံးရဲ့ Weight က ၅ဝဝ ကီလို ဂရမ်လောက်ပဲ ရှိတာပါ။  နှစ် ပေါင်းငါးဆယ် အထက် သက်တမ်း ရှိပါတယ်”ဟုလည်း ၄င်းက
ဆိုသည်။

Smart Home  အဆောက်အ အုံကို စက်လုံးပုံဒီဇိုင်းဖြင့် တည် ဆောက်ထားခြင်း ဖြစ်ပြီး ကုမ္ပဏီမှ လတ်တလော ရောင်းချပေးလျက် ရှိ သော အမြင့် ၁၂ ပေခန့်နှင့် ၃၁၄ စတုရန်းပေ အကျယ်အဝန်း ရှိသည့် Smart Home အဆောက်အအုံ တစ်လုံးတွင် ရေချိုးခန်း အိမ်သာ အပါအဝင် နှစ်ယောက် အိပ်ခန်း ၁ ခန်း၊ မီးဖိုချောင်ခန်း ၁ ခန်းနှင့် ဧည့်ခန်း ၁ ခန်းပါဝင်ကြောင်း၊ မြန်မာငွေကျပ် သိန်းသုံးဆယ်မှ လေးဆယ့်ငါးသိန်း အထိ အမျိုး အစားအလိုက် တန်ဖိုးသတ်မှတ် ထားကြောင်း၊ နောက်ပိုင်းတွင် လေးထောင့်ပုံဒီဇိုင်းများ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မှာယူလိုပါက မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၁)၊ ၅၉ လမ်း၊ ဖိုးရာဇာလမ်းနှင့် ဇော်ဂျီလမ်းထောင့်ရှိ UD Group Office  သို့ ဆက်သွယ်မှာယူနိုင် ကြောင်း သိရသည်။

စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*