“ရန်ကုန်တိုင်း သမဝါယမ ဦးစီးဌာန လက်ရှိဘဏ္ဍာနှစ်တွင် ကျပ်သန်း ၁၈ဝဝ သုံးခဲ့သော်လည်း ဝင်ငွေ ၁ဝ သန်းသာ ပြန်ရ”

“ရန်ကုန်တိုင်း သမဝါယမ ဦးစီးဌာန လက်ရှိဘဏ္ဍာနှစ်တွင် ကျပ်သန်း ၁၈ဝဝ သုံးခဲ့သော်လည်း ဝင်ငွေ ၁ဝ သန်းသာ ပြန်ရ”
March 30, 2017 Asian Fame

11:03 am
“ရန်ကုန်တိုင်း သမဝါယမ ဦးစီးဌာန လက်ရှိဘဏ္ဍာနှစ်တွင် ကျပ်သန်း ၁၈ဝဝ သုံးခဲ့သော်လည်း ဝင်ငွေ ၁ဝ သန်းသာ ပြန်ရ”

(ရန်ကုန်၊ မတ် ၂၈)

ရန်ကုန်တိုင်း သမဝါယဦးစီးဌာန သည် လက်ရှိဘဏ္ဍာနှစ်တွင် ကျပ်သန်း ၁၈ဝဝ ကျော်သုံးစွဲခဲ့ သော်လည်း  ဝင်ငွေ ကျပ် ၁ဝ သန်းကျော် သာ ပြန်လည် ရရှိခဲ့ သည်ဟု ၄င်းတို့၏ သာမန် အသုံးစရိတ် ရှင်းလင်းချက်တွင် ဖော်ပြထားသည်။

၂ဝ၁၇ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေ ကြမ်းကို တိုင်းလွှတ်တော်၌ မတ်လ ၂၈ ရက်က ဆွေးနွေး ရာတွင် မင်္ဂလာတောင် ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးရန်အောင်က ထိုသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။

” သမဝါယမရဲ့ တစ်နှစ်လုံး ဝင်ငွေ က သူတို့ ခရီးသွားစရိတ်တောင် မရဘူး ဖြစ်နေတယ်။  အံ့လည်း အံ့သြမိတယ်။ နောက် သင်တန်းကျောင်း ဆိုင်ခန်းတွေ၊ နိုင်ငံပိုင်အခန်းတွေ ငှားရမ်းခက ၂ ဒသမ ဝ၆၆ သန်းဆိုတော့ ဒါဟာ မဟာ လွဲချော်မှု ကြီး ဖြစ်နေပါတယ်။ တစ်တိုင်း လုံးက တစ်နှစ်လုံးစာ ငှားရမ်းတဲ့ ဒီငွေ ကြေးဟာ ရန်ကုန်မြို့၊ မြို့နယ် တစ်ခု ဆိုင် ခန်း ငှားရမ်းခ ဈေးထက် လျော့နည်း နေတာ အလွန် စိုးရိမ်စွာ တွေ့ရှိရပါ တယ်”ဟု ဦးရန်အောင်က ပြောသည်။

ထို့ကြောင့် အစိုးရအဖွဲ့အနေဖြင့် သေချာ စုံစမ်း စစ်ဆေး ဖော်ထုတ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ၄င်းက ပြော သည်။

”ဒီလိုမျိုးကိစ္စမျိုးကို အစိုးရ အဖွဲ့က သေသေချာချာ ဖိဖိစီးစီး  မဖော်ထုတ်ရင် နေရင်း ထိုင်ရင်း အစိုးရသစ်ရဲ့ ဂုဏ် သိက္ခာ ကျဆင်း မှာ ဖြစ်ပါ တယ်။  ပြည်သူ လူထုရဲ့ ချွေးနဲစာတွေ ဖြစ်တာကြောင့် အလေးအနက်ထား ဆောင်ရွက်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးရန်အောင်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သမဝါယမ ဦးစီးဌာနသည် ယခုဘဏ္ဍာနှစ် အတွင်း စာအုပ်စာတမ်းနှင့် သတင်းစာဟောင်း ရောင်းရကျပ်ငွေ (ဝ ဒသမ ဝ၉၈)သန်း၊ အသင်းမှတ်ပုံတင်ကြေး (၈ ဒသမ ၂၅၈) သန်း၊ ဆိုင်ခန်းများ၊ နိုင်ငံပိုင်အခန်းများ ငှားရမ်းခငွေ ( ၂ ဒသမ ဝ၆၆) သန်းတို့ ကို ရရှိခဲ့ပြီး ဝန်ထမ်းလစာ ချီးမြှင့်ငွေ တစ်ခုတည်းဖြင့်ပင် သန်း (၁၇၁၉ ဒသမ ၉၆ဝ) ရှိခဲ့ပြီး  ခရီးသွားလာစရိတ်မှာ (၂ဝ ဒသမ ၃၉၈) သန်း ရှိခဲ့သည်ဟု သိရသည်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*