2:07 pm
လင်းဟိန်း
ရန်ကုန်၊ မတ် ၂၄
ယခု လဆန်းပိုင်းကတည်းက စတင်ဖြစ်ပွားနေခဲ့သော လောက်ကိုင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် တစ်နေ့လျှင် လူဦးရေ ၂ဝဝ ခန့်မှာ လာရှိုးမြို့နယ်သို့ တိန်း ရှောင်နေကြရကြောင်း ဒုက္ခသည်များကို ကူညီပေးနေသည့်ဒေသခံများက ပြောသည်။
လောက်ကိုင် မြို့နယ်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး လောက်ကိုင်မြို့နယ်အတွင်း၌ နေထိုင်ကြသူများမှာ လားရှိုးမြို့ရှိ မန်ဆူဘုန်းကြီးကျောင်းသို့ တစ်နေ့ လျှင်ပျမ်းမျှလူ ၂ဝဝ ခန့် တိန်းရှောင်လာကြခြင်း ဖြစ်သည်။ ”တိုက်ပွဲက ဆက်တိုက်ဖြစ် နေတာ တစ်ရက်တစ်ရက်ကို တိန်းရှောင်လာကြတဲ့သူတွေ မနည်းဘူး။ တောက်လျှောက်ဝင်လာကြတယ်” ဟု ဒုက္ခသည်များကို ကူညီပေးနေသည့် လားရှိုးဒေသခံဦးမောင် မောင်သန်းက ပြောသည်။ ယင်းစစ်ဘေးကြောင့် တိန်းရှောင် လာကြသည့် ဒုက္ခသည်ပမာဏသည် လားရှိုးမြို့နယ်အတွင်းသို့ တိန်းရှောင်လာကြသူများသာ ဖြစ် ပြီးတရုတ်ပြည်ဘက်သို့တိန်းရှောင် နေကြသူများလည်း ရှိနေသည်ဟု ၎င်းကပြောသည်။
လာရှိုးမြို့သို့တိန်းရှောင်လာသူ အများစုသည် မြန်မာပြည်အနှံ့မှ လောက်ကိုင်မြို့နယ်သို့ ကြံလာ ခုတ်ကြသူများဖြစ်ကာ မန်ဆူဆရာ တော်ကသူတို့ကို လားရှိုးမြို့မှတစ်ဆင့် မန္တလေးသို့ ပို့ဆောင်ပေးလျက်ရှိ သည်။ ယင်းအပြင်တိန်းရှောင်လာ ကြသူများထဲတွင် လောက်ကိုင် ဒေသခံတစ်ရာခန့်ပါဝင်ပြီး အများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များ ဖြစ်ကာ မန်ဆူဘုန်းကြီးကျောင်း၌ ခိုလှုံနေကြရကြောင်း ဦးမောင်မောင်သန်းက ပြောသည်။
”တိုက်ပွဲကြာလာရင် သူတို့အတွက်စားဝတ်နေရေး အခက်အခဲ ဖြစ်လာနိုင်တယ်” ဟု ၎င်းကပြောသည်။ အဆိုပါတိုက်ပွဲများမှာ မတ်လ ၆ ရက်နေ့ကတည်းကစတင်ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ လောက် ကိုင်မြို့ပေါ်တွင် တိုက်ပွဲများမရှိ တော့သော်လည်း နယ်စပ်ဒေသများနှင့် နယ်ကျေးရွာအနီးတစ်ဝိုက် ရှိတောင်တန်းများတွင် နေ့စဉ် ဖြစ်နေကြောင်း ၎င်းကပြောသည်။ ဦးမောင်မောင်သိန်းက”လက်နက်ကြီးနဲ့ ပစ်တဲ့အသံတွေကို နှစ်မိနစ် သုံးမိနစ်ခြားတစ်ခါ ကြားနေရတယ်” ဟု ပြောသည်။
ယင်းတိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည်ပေါင်း သုံးသောင်းခန့်မှာ တရုတ်ပြည်ဘက်သို့ တိန်းရှောင်ခဲ့ကြရပြီး တစ်သောင်းခန့်မှာ ပြည်တွင်းသို့ တိန်းရှောင်ခဲ့ကြရ ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ထားသည်။ တရုတ်နယ်စပ်နှင့် နီးသော ကျေးရွာများတွင်နေထိုင်သူများသည် တရုတ်ပြည်ဘက်သို့ တိန်းရှောင်ကြပြီး လားရှိုးမြို့အနီးတွင်နေထိုင်သူများက ပြည်တွင်းသို့တိန်းရှောင်လာကြခြင်း ဖြစ်သည်။
မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ MNDAA လက်နက်ကိုင်အဖွဲ့ဝင်ရောက်တိုက်ခိုက်မှုကြောင့် ဆရာမတစ်ဦးအပါအဝင် မီးရှို့ထားသည့် အလောင်း ၂ဝ၊ ကိုး ကန့်ယာဉ်ထိန်းရဲ ၅ ဦး၊ ပြည်သူ ၅ ဦး သေဆုံးကြောင်းနှင့် ကိုးကန့်ယာဉ်ထိန်းရဲ ၄ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး က ထုတ်ပြန်ထားသည်။