ရန်ကုန် မီးအလှပွဲတော်နှင့် ပတ်သတ်၍ တိုင်းအစိုးရကို လွှတ်တော် ကိုယ်စားလှယ် ဝေဖန်

ရန်ကုန် မီးအလှပွဲတော်နှင့် ပတ်သတ်၍ တိုင်းအစိုးရကို လွှတ်တော် ကိုယ်စားလှယ် ဝေဖန်
March 23, 2017 Asian Fame

4:11 pm
ရန်ကုန် မီးအလှပွဲတော်နှင့် ပတ်သတ်၍ တိုင်းအစိုးရကို လွှတ်တော် ကိုယ်စားလှယ် ဝေဖန်

(ရန်ကုန် -မတ် ၂၃)

ရန်ကုန်တိုင်း အစိုးရက လျှပ်စစ်မီးချွေတာမယ် လို့ ပြောနေပေမယ့် ရန်ကုန်မှာ လက်ရှိ ကျင်းပနေတဲ့ မီးအလှ ပွဲတော် Lighting Festival ကို ကျင်းပ ခွင့်ပြုခဲ့တဲ့ လုပ်ရပ်ဟာ မဖြစ်သင့်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ ကဝေဖန် လိုက်ပါတယ် ။

”ဒီလိုပွဲကြီး လုပ်တာဟာ အခြေအနေ အချိန်အခါအရ သတင်းကျွတ်တို့ ၊တန်ဆောင်မုန်းတို့  မီးထွန်းပွဲတော် ဆိုရင် မပြောလိုပါဘူး ။ ဟိုနေ့ ကလုပ်သွားတဲ့ အကယ်ဒမီပွဲလိုဟာမျိုး အခမ်းအနားဖြစ်တဲ့ အတွက် သုံးရပါမယ် ။ ဒီလို ပွဲကြီးကျတော့ အလကားလည်း မဟုတ် ပါဘူး ပြည်သူ ကိုဝန်ဆောင်မှု ပေးတာလည်း မဟုတ်ပါဘူး။ ကျပ်သုံးထောင်နဲ့ ပါ” လို့ ဦးကျော်ဇေယျက ယနေ့ ကျင်းပတဲ့ တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာပြောပါတယ်။

မနှစ်က ရန်ကုန်တိုင်း အတွင်း လျှပ်စစ်ဓါတ်အား ပေးဝေမှုနဲ့ ပတ်သတ်ပြီး ကျပ်ငွေ ဘီလီယံ ၄၇၀ လောက် အရှုံးခံခဲ့ရတယ် လို့ ဝန်ကြီးဒေါ်နီလာကျော် ကပြောဆိုထားသလို လာမယ့်နွေရာသီ မှာလည်း မီးပြတ်တာကတော့ ရှိနေဦးမယ် လို့ မတ်လ ၃ ရက်နေ့  ကပြောဆို ထားပါတယ်။”

တိုင်းဒေသကြီး အစိုးရအဖွဲ့  ရဲ့ခွင့်ပြုချက်နဲ့ လုပ်တာလို့ သိရတယ်။ လုပ်မယ့် အချိန်ကလည်း ဧပြီလကုန်အထိ လုပ်မယ့် အနေ အထားဖြစ် ပါတယ်။ သင်္ကြန်တွင်းတောင် လုပ်မယ့် အနေအထား ၊နေ့ လယ်ရေဆော့ပြီး ပိုက်ဆံတတ်နိုင်မယ့် သူတွေက တစ်ညလုံး ကဲမယ့် အနေအထား ရှိနိုင်ပါတယ် ။ အစိုးရအဖွဲ့  အနေနဲ့ လျှပ်စစ်မီးချွေတာမယ် ချွေတာမယ် နဲ့ ဒီမှာတော့ မီးထွန်းပွဲတော်ကြီး လုပ်ပြီး လူတစ်စု က ပျော်ပါးနေတာ မျိုးဖြစ်ရင်တော့ မကောင်းပါဘူးလို့ ပဲသုံးသပ်ချင်ပါတယ်။ ဒါတစ်လပြည့်ရင် သုံးထောင်နဲ့ ဆိုရင် လူတစ်သောင်း နဲ့ ပဲထားပါဦး သိန်း၂၅၀ လောက် ၀င်ငွေရနေတဲ့သဘော ရှိပါတယ် ။ ကျွန်တော်တို့ အစိုးရတော့ ဘယ်လောက် ရသလဲတော့ မသိ ဘူးပေါ့လေ ” လို့ ဦးကျော်ဇေယျက ဆက်ပြောပါတယ်။

ဒဂုံမြို့ နယ် ၊ပြည်သူ့ ရင်ပြင်မှာ ကျင်းပနေတဲ့ မီးအလှပွဲတော်မှာ LED မီးသီးပေါင်း သန်း ၇ဝ ထွန်းညှိထားပြီး အသည်းပုံ၊ ပန်းအလှပုံ၊ ဆင်ပုံ စတဲ့အရုပ်ပုံ များစွာနဲ့ပုံဖော်ပြသထားပါတယ် ။ပွဲတော်ကို မတ်လ ၁၉ ရက်မှ ဧပြီ ၃၁ ရက်အထိ ပြုလုပ် သွားမှာဖြစ်ပြီး ၀င်ကြေး အနေနဲ့ လူကြီးတစ်ဦး ကျပ် ၃၀၀၀ ၊ကျောင်းသား ကတ်ပြနိုင်သောကျောင်းသား တစ်ဦးကို ငွေကျပ် ၁၅၀၀ နူန်း သတ်မှတ်ထားပြီး ငါးနှစ်အောက် ကလေးများ အခမဲ့ ၀င်ရောက်ကြည့်ရူ့နိုင်တယ်လို့သိရပါတယ် ။  ရန်ကုန်တိုင်းဒေသကြီး အစိုးရဟာ လျှပ်စစ်ကဏ္ဍမှာ မနှစ်ကထက် ၂ ဆနီးပါး တိုးတက်ဖို့ စီမံကိန်း ချမျှော်မှန်းထားပါတယ်။

သတင်း -ဖြိုးထက်အောင်

ဓာတ်ပုံ -ကောင်းစွမ်းသာ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*