နယူးယောက်တွင် မိုးမိခြင်း

နယူးယောက်တွင် မိုးမိခြင်း
March 23, 2017 Asian Fame

2:33 pm
နယူးယောက်တွင် မိုးမိခြင်း

Kyi-Min-Article(၁)
ထိုနေ့က မိုးရွာပါသည်။
အိပ်ခန်း မှနေ၍ လှမ်းကြည့် လိုက်တော့ သစ်ရွက်ကြွေတွေ ပြန့် ကျဲနေသော လမ်းက မိုးရေရွှဲနေ သည်။ မိုးပေါက်များ၏ ဒဏ်သာ မက တစ်ချက်ချက်  ဝှေ့လာသော လေပြင်း၏ ဒဏ်ကြောင့်ပါ သစ် ရွက်တွေ ပိြုေ<ွကကျလာကြသည်။ သြတမ် ဟုခေါ်သော ဆောင်းဦး ရာသီ၏ နောက်ဆုံးရက်များ။ Autumn ကို Fall ဟုလည်း ခေါ် သည်။ သစ်ရွက်တွေ ကြွေကျကြ သော အချိန်ဖြစ်၍ ဖြစ်သည်။ တည်းခိုရသော Queens ရပ်ကွက် ၏ လမ်းသွယ်များတွင် မြင့်ကျိုင်း သော မေပယ်လ်ပင်များ ရှိသည်။ လမ်းပေါ် ပလက်ဖောင်းပေါ်၊ အိမ် ခေါင်မိုးပေါ်နှင့် ပန်းခြံထဲမှာ သစ် ရွက်ကြွေတွေ ပြည့်နေ၏။ နီမြန်း ရွက်ကျင် ညိုလွင်မောင်းပြေပြေ ဆိုသော ဆရာမြို့မငြိမ်း၏ သီချင်း သံကို ကြားယောင်မိသည်။

အရွက် သည် အပင်အတွက် အစာချက်လုပ်ခြင်း တာဝန်ကို ထမ်းရသည်။ ဆောင်းတွင်းမှာ နေ ရောင်လည်း ကင်းပြီး နှင်းလည်း ဖုံးသည့် အခါ အစာချက်လုပ်ခွင့် ရတော့မည်မဟုတ်။ ထိုအခါ အ ပင်သေသွားလိမ့်မည်။ ထိုဆောင်း ၃ လ၏ ဒဏ်ကို ခံနိုင်ရန် အပင်၏ လုပ်ဆောင်မှုများ ပုံမှန်ဇီဝကမ္မဖြစ် စဉ်များကို အသေတစ်ပိုင်းဘဝ အ သက်မျှင်းမျှင်းဆက်ဖို့ hibernate  လုပ်ရမည်။ ဤလိုလုပ်နိုင်ဖို့ အပင် ၏ လုပ်သား များဖြစ်သော အရွက် များကို အပင် ကိုယ်တိုင်က အစာ ဖြတ် ရေဖြတ် ဖြတ်ရတော့သည်။ ဤလိုနှင့် အရွက်ကြွေ ရသည်။

ဆောင်းဝင်ပြီး ၄-၅-၁ဝ ရက် ကြာအထိ အရွက်တွေ တွယ်ကပ် နေတတ်ကြသေးသည်။ မိုးကလေး ရွာချလိုက်တော့ ထိုသစ္စာရှင်သစ် ရွက်များ မြေပေါ်မြန်မြန် ရောက် သွားကြပါတော့သည်။

(၂)

မိုးရွာနေသော်လည်း အပြင် ထွက်စရာရှိနေ၍ နွေးနွေးထွေး ထွေးရှိသော အိမ်ခန်းမှ ဆင်းကာ ကားထဲ ဝင်လိုက်ကြရသည်။ ယနေ့ ကတော့ ကားကြာကြာ စီးရမည် မဟုတ်။ မီးရထားဆိပ် သွားရမည်။ ထိုဘူတာသို့ အောင်အောင် လာ ကြိုမည်။ သူကရှေ့ဆောင် ၍နယူး ယောက် မက်ထရို ပိုလီတန်ပြတိုက် သို့ သွားကြမည်။

မြေအောက် ရထားဟု ဆိုရ သော်လည်း ကျွန်တော်တို့ စီးရ မည့် ဘူတာက မိုးပျံ လမ်းပိုင်းထဲ တွင်ပါသော မိုးပျံဘူတာ။ လှေ ကားမှတစ်ဆင့် လက်မှတ်ပေါက် ဆီရောက်၊ ထိုမှတစ်ဆင့် မိုးပျံ ရထားလမ်းပေါ် ပြန်ဆင်း။

ဂီတသံတစ်ခု ကြားလိုက်ရ၏။ နီဂရိုးအဘိုးကြီးတစ်ယောက်။ လှေ ကားရင်းတွင်ထိုင်ကာ သြဂင် အ သေးလေးတီးရင်း မိုက်ကရိုဖုန်း အားကိုးနှင့် သီချင်းဆိုနေသည်။ တောင်းရမ်းသည်ဟု တည့်တည့် ရေးလျှင် ရိုင်းရာကျပါမည်။ သူတို့ ဆီမှာ ပိုက်ဆံကို အသား လွတ် တောင်းရမ်းခွင့် မရှိပါ။ မျက်လှည့်၊ လက်လှည့်၊ အဆို၊ အတီး၊ အက တစ်ခုခုကို လုပ်ပြပြီးသာ သဒ္ဓါ ကြေး တောင်းခွင့်ရှိသည်။ ဤသို့ မီးရထား စင်္ကြံတို့၊ လမ်းဘေးပ လက်ဖောင်း တို့တွင် တောင်းရမ်း ရန်မှာလည်း တာဝန်ရှိသူ (များ သောအားဖြင့် ရဲဌာန) က ခွင့်ပြု ပေးမှရသည်။ လမ်းသွားလာမှု အနှောင့်အယှက် မဖြစ်နိုင်သည့် နေရာတို့တွင် သာ ခွင့်ပြုသည်။ ကျယ်ကျယ်လောင်လောင် ဆူဆူ ညံညံ လုပ်လျှင်တော့ အဖမ်းခံရ မည်။

သူဆိုနေသော သီချင်းက Ricky Nelson  ၏ Spanish Harlem သီချင်း။ ကျွန်တော်တို့ တက္ကသိုလ် တက်စက မြန်မာ့အသံ အင်္ဂလိပ်ပိုင်း မှ ကြားရတတ်သော သီချင်း။ သူ့ကို ပြုံးကြည့်နေတော့ သူကလည်း ပြန်ပြုံးပြီး ခေါင်းဆတ် ကာ နှုတ်ဆက် ရှာပါသည်။ ဘာမှ တော့ မထည့်ဝင်နိုင်ခဲ့။ ကိုယ်တိုင် က ဒေသခံတို့၏ အစောင့်အ ရှောက်ကို ခံနေရသူဖြစ်ရာ အိတ် ထဲမှာ ၂ဝ တန်တွေ၊ ရာတန်တွေ ချည်း သာ။ နှစ်ဆယ်တော့ လည်း မပေးနိုင်ပါ။ မြန်မာငွေနှင့် ဆိုလျှင် ၂ သောင်း ၇ ထောင်။

(၃)

အမေရိကကို လူမျိုးစုံရော သော ကော့စမိုပိုလီတန် လူ့ရပ်ဝန်း ဟု ခေါ်တတ်ကြသည်။ ကျွန်တော်  ကတော့  The Land of Other People ဟုပဲ ခေါ်လိုက်ချင်ပါတော့ သည်။ အနောက်ဘက် ကမ်းခြေ တစ်လွှားတွင် ဆန်ဖရန်စစ္စကို၊ လားစ်ဗေးဂတ်စ်၊ လော့စ်အင်ဂျ လိစ် စသဖြင့် ရောက်ခဲ့ရပြီ။ မြင် မြင်သမျှ မျက်နှာဖြူ အချိုး နည်း လွန်းသည်။ အသားဝါ၊ အသားညို၊ အသားမည်းတွေချည်း လိုလို သာ ဖြစ်နေ သည်။ ရထားတွဲထဲတွင် တွေ့ရသော ကျောင်းသူ၊ ကျောင်း သား တစ်သိုက်တွင် မျက်နှာဖြူသူ မဟုတ်သူတွေက များနေ၏။

မင်ဟတ်တန် Manhattan က မြို့လယ် ရပ်ကွက်ဖြစ်သည်။  East River  အမည်ရှိ မြစ်က ဖြတ်ပိုင်း ထားသောကြောင့် ကျွန်းဟု လည်း ခေါ်နိုင်သည်။ ထိုရပ်ကွက်တွင် ကုလသမဂ္ဂ ဌာနချုပ်တို့၊ World Trade Center တို့ရှိသည်။ မက်ထ ရိုပိုလီတန် ပြတိုက်ခေါ် ကမ္ဘာ သိ နာမည်ကျော် ပြတိုက်ကြီးမှာလည်း ထိုရပ်ကွက်တွင်းတွင် ရှိသည်။

ရထားပေါ်မှ ဆင်း၊ လှေကား အတိုင်း မြေပေါ်ပြန်တက်၊ ပလက် ဖောင်းပေါ်ရောက်။ တော်တော် ဝေးဝေး လျှောက်ရဦးမည်။ လက် နှစ်ဆုပ် သာသာခန့်သာ ရှိသော် လည်း နှင်းတောထဲမှာပင် နွေး သော မိုးကာသား အနွေးထည်ကို ထုတ်ဝတ် လိုက်ရသည်။ မိုးကား သည်းကောင်းတုန်း။

(၄)

နယူးယောက်တို့၊ ဝါရှင်တန် တို့ကဘယ်လို ဆိုတာတော့ ရုပ်ရှင် တွေထဲမှာ၊ စာအုပ်တွေထဲမှာ မြင် ဖူးနေခဲ့သည်။ သစ်ပင်တွေနှင့်၊ ပန်းခြံတွေနှင့် လှလှပပရှိနေသည် ကို ဒါအပြ ကောင်းအောင် လုပ် ထားတာပါဟု ထင်ခဲ့သည်။ ရန် ကုန်မြို့၏ ရှုပ်ထွေးပွေလီမှုများ ကြားမှာ အသားကျခဲ့ပြီ ဆိုတော့ လည်း ကိုယ့်ထက်ချမ်းသာ၊ ကိုယ့် ထက် ခေတ်မီပြီး  ကိုယ့်ထက် လူဦး ရေများသော မြို့ကြီး၌ သစ်ပင်တွေ၊ ပန်းခြံတွေ၊ မြေကွက်လပ်တွေ ကျန်မနေနိုင်တော့ဟု ထင်သည်။ အာဏာ ရှိသူတွေက သိမ်းယူတာ၊ ခရိုနီတွေက အကြံ အဖန် နှင့် လွှဲ ယူတာ၊ လူမျိုးခြားတွေက ပူးသတ် လက်ဝေခံတာမျိုးတွေနှင့် အသား ကျခဲ့ရပြီ ဆိုတော့လည်း ဘယ်နေ ရာက ဘာ ကြီးဖြစ် နေနေ ငါတို့ရွာ လိုပဲ ဖုံထူပြီး မျက်ခမ်းစပ်မှာပဲဟု သာ တွေးတတ်လာခဲ့သည်။ ကိုလို နီခေတ်၏ အမှတ်အသားဟု ဆိုရ လောက်သော ရိုးကုမ္ပဏီတို့၊ ဆူး လေနှင့် ပန်းဆိုးတန်း တစ်ဝိုက် ရှေး လက်ရာတို့၊ ဂျူဗလီဟော တို့ကို နိုင်ငံ ပိုင်သေး သလား၊ ဒေသန္တရ အစိုးရ အဖွဲ့က တာဝန်ယူထိန်း သိမ်းထားရဲ့လား ဆိုတာမျိုး ကျွန် တော် မတွေးချင်ပေ။ သမိုင်းဝင် ဆိုရန် တိုဗီလာ ကတော့ စေတနာ မပါဘဲ မွေးထားရသော လင်ပါ သားလို မှေးမှေးမှိန်မှိန် ရှိနေတာ လွန်ခဲ့သော ၃-၄ နှစ်က မြင်လိုက် ရသေးသည်။

ခေတ်ဟောင်း အမွေကို ထိန်း သိမ်းကြရာတွင် ကျွန်တော်တို့ လူ မျိုး အလွန် ညံ့ဖျင်းနေသေးသည်။ အင်းဝခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ် တို့မှ သစ်သား အဆောက်အအုံတွေကို ဘယ်လို စောင့်ရှောက် နေကြပါသနည်း။ တခြားမကြည့်နှင့်။ မန္တလေး မဟာ မုနိဝင်းထဲမှ ကျောက်စာရုံ ကိုပဲ ကြည့်ပါ။ ပုဂံခေတ် ဂူဘုရားများ မှ ကျောက်စာ၊ နှောင်းခေတ်မှ ကျောက်စာ၊ မူလ သို့မဟုတ် ဆင့် ထိုး သို့မဟုတ် စပ်ထိုးတွေသည် ရှေးဟောင်း သုတေသန အတွက် ရော၊ သမိုင်းအတွက်ပါ အလွန် အဖိုးတန်လှသော ရတနာတွေ ဖြစ်သည်။ ထိုရတနာတွေ ဘယ်လို ဘဝ ရောက်နေသလဲ သိလိုလျှင် ဝင်ကြည့်ကြပါ။ ပုဂံရှိ ပြိုင်စံရှား ရှေးဟောင်း အမွေအနှစ် များကို ခေတ်ပေါ် အုတ်ချပ် များဖြင့် လုပ် ချင်တိုင်း လုပ်သည့်အပြင် ဘုရား တွေကြားထဲ ဟိုတယ်ဆောက်၊ ဂေါက်ကွင်း ဖောက်လုပ်ခဲ့ကြသော ပုဂံ အဖျက် သမား များ၏ လုပ်ရပ်က အခိုင်အမာ မြင်နိုင်သေး၏။ ပုဂံ ဂူကျောင်း စေတီများသည် တစ်ပေ ကုလားရွာထိပ်က ၉ တောင်ပြည့် စေတီမဟုတ်။ ပြင်ချင်တိုင်း ထပြင် လို့မရ ဆိုသည်ကို သဘောမပေါက် ခဲ့ကြတာ အလွန် ထင်ရှားသည်။

(၅)

သြစတြေးလျတုန်းက ကြုံခဲ့ တာလေး ပြောပါဦးမည်။ သြစ တြေးလျကို အင်္ဂလိပ်တွေ ခြေချ အပြီး ပင်လယ်ကမ်းစပ်မှာ မြို့ငယ် (နောင်တော့ မြို့ကြီး) တွေတည် သည်။ သစ်သားသင်္ဘော များနှင့် ရွက်လွှင့်ရသော ခေတ်ဖြစ်၍  ကုန် စည်ဖလှယ်မှုမှာ ကမ်းစပ် တွင်သာ ရှိသည်။ ထို့အတွက် အကောက်ခွန် ရုံးတွေ တည်ဆောက်ကြရသည်။ ဘရစ္စဘိန်းမြို့က ကျွန်း၏ အရှေ့ စွန်း ပစိဖိတ် သမုဒ္ဒရာ ကမ်းစပ် တွင်ရှိသည်။ နှစ်ပေါင်း ရာချီနေပြီ ဖြစ်သော ထိုအကောက်ခွန်ရုံးကို နောက်တက် ဒေသန္တရ အစိုးရက ဖြိုဖျက်၍ အသစ်ဆောက်မည် လုပ်သောအခါ မြို့လူထုက ဆန္ဒပြ သည်။ ကွင်းစလန် တက္ကသိုလ်က ရန်ပုံငွေ စုဆောင်း၍ ဝယ်ယူပြီး အလှမပျက် မွမ်းမံကာ သင်တန်းခွဲ များ ပို့ပေးသည်။ မြစ်လက်တက် တစ်ခု နံဘေးတွင် ဆောက်ထား သော သစ်သားအိမ်များမှာ နှစ် ပေါင်း ရာချီနေ ပြီဖြစ်သည့်တိုင် သက်ဆိုင်ရာ ဖောင်ဒေးရှင်းများ က ပုံစံမပျက် ထိန်းသိမ်းပေးထား သည်။ မြို့တော်ခန်းမနှင့် မလှမ်းမ ကမ်းရှိ ပန်းခြံကိုလည်း ဝိတိုရိယ ခေတ်၏ ပုံစံ အတိုင်း ထိန်းသိမ်း ပေးထားသည်။

မန္တလေးနန်းမြို့ရော ဘယ်လို ရှိပါသလဲ။ မနော်ရမံ ဥယျာဉ်တော် ဆိုတာရော ဘယ်လိုလဲ။ စာဖွဲ့ရာ တွင် မပါမပြီးခဲ့သည့် ရွှေတချောင်း ကိုထား၊ ရေနီမြောင်းရော ဘယ်မှာ လဲ။

မိုးဖွဲဖွဲထဲတွင် လျှောက်နေရင်း လက်ျာဘက်ရှိ ပြည်သူပိုင် ပန်းခြံ ကြီးနှင့် တံတိုင်းပေါ်မှ ရုပ်တုများ ကို တစ်လှည့်စီငေးရင်း ကျွန်တော် တို့ မက်ထရိုပိုလီတန် ပြတိုက်သို့ သွားနေကြပါသည်။

ကြည်မင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*