ထိုင်းတွင် CI အထောက်အထား လာရောက်လျှောက်ထားသူ နည်းနေသေး

ထိုင်းတွင် CI အထောက်အထား လာရောက်လျှောက်ထားသူ နည်းနေသေး
March 23, 2017 Asian Fame

12:22 pm
ထိုင်းတွင် CI အထောက်အထား လာရောက်လျှောက်ထားသူ နည်းနေသေး

(ရန်ကုန်၊ မတ် ၂ဝ)

ထိုင်းတွင် CI စာချုပ် လျှောက်ထားခွင့် ရှိသူ ၈ သိန်းခန့် ရှိသော်လည်း မတ်လ ၁၆ ရက်နေ့ ထိ  လာရောက် လျှောက်ထားသူ ၂ သောင်းကျော် သာ ရှိသေး ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၏ စာရင်းများ အရ သိရသည်။

ထိုင်းတွင် စခန်း ၆ ခုဖွင့်၍ မတ်လ ၃ ရက်နေ့မှ စကာ CI  (မည်သူ မည်ဝါဖြစ်ကြောင်း သက် သေခံလက်မှတ်) စာအုပ်များကို ထုတ်ပေးနေခြင်းဖြစ်သည်။

”အရင်က စိစစ်မှုတွေ လုပ်တဲ့ အခါ လက်ဗွေနဲ့ ဓာတ်ပုံလောက်ပဲ ယူခဲ့တာ။ ဒါပေမယ့် အခုကျတော့ မျက်စိသူငယ်အိမ်ပါ ဖတ်ပြီး  စိစစ် တဲ့ပုံစံမျိုး အဆင့်တွေ တိုးသွားတာ ကြောင့်လည်း လုပ်ငန်းအဆင့်နည်း နည်း ပိုများသွားတာလည်း ပါတာ ပေါ့ဗျာ။ စခန်းတွေ စဖွင့်က တည်း က တစ်ရက်ကို စခန်းတစ်ခုမှာ ၂ဝဝ / ၃ဝဝ လောက် လာလျှောက် ကြမယ်လို့ မှန်းထားပြီးသားပါ။ တချို့ စခန်းတွေ ဆိုရင် ၅ဝဝ လောက်ထိ တက်ပါတယ်။ တချို့ စခန်း ကျတော့ နည်းပါတယ်။ ၁၆ ရက်နေ့ နောက်ပိုင်း စာရင်းကတော့ ကျွန်တော်တို့ဆီ တက်နေတုန်းမို့ ပြောမရသေးတာပါ” ဟု  အဆိုပါ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန် ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် ကလည်း  စခန်း ၆ ခု ဖွင့်လှစ်၍ CI စာအုပ် ထုတ်ပေး သော်လည်း မိမိတို့ လိုချင်သည့် ပမာဏ မရရှိကြောင်း၊ ထို့ပြင် နယ် မြေကျော်၍ CI စာအုပ် လာ လျှောက်သော အလုပ်သမားများကို နယ်မြေကျော်မှု နှင့် ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးမှုများ ရှိသည်ဟူသော သတင်းများ ထွက်ပေါ်နေကြောင်း၊ တာဝန်ရှိသူများ အနေဖြင့်လည်း ယင်းသို့ မဖမ်းဆီးရန် ပြောကြား ထားကြောင်း မီဒီယာများသို့ ပြော ကြားထား သည်။

ယင်းကြောင့် ဃှု စာအုပ်လာ ရောက်လျှောက်ထားရန် မလွယ် ကူသည့် အလုပ်သမားများအတွက် Mobile  ရွှေ့လျားစနစ်ဖြင့် စာအုပ် ထုတ်ပေးမည့် အစီအစဉ်ကို စီစဉ် နေကြောင်း အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။

၎င်း ဝန်ကြီးဌာန ရွှေ့ပြောင်း လုပ်သားရေးရာဌာနမှ တာဝန်ရှိသူ တစ်ဦးက ”ကျွန်တော်တို့ မတ်လ ၂ဝ /၂၁ မှာ ထိုင်းနဲ့ အစည်းအဝေး ရှိပါတယ်။ ဒီကိစ္စကို သူတို့ဘက်ကို တင်ပြရဦးမှာပါ။  ထိုင်းဘက်က ဒီ အစီအစဉ်ကို သဘောတူညီမှ ကျွန်တော်တို့ဘက်က စက်ပစ္စည်း လို အပ်ချက်တွေ စီစဉ်ရမယ်။ ပြီး ရင်လုပ်မယ့် အသေးစိတ် အစီအ စဉ်ကို တင်ပြရမယ်။ ကျွန်တော်တို့ တင်ပြပြီးတာကို ထိုင်းဘက်က လည်း သူတို့အစိုးရ အဖွဲ့အစည်း အဝေးမှာ ဆုံးဖြတ်ဦးမှာ။ ဒီတော့ အစီအစဉ် ဖြစ်ဖို့က တစ်လကျော် ချင်လည်း ကျော်သွားနိုင်တယ်” ဟု ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံရှိ မဟာချိုင်၊ မဲဆောက်၊ ရနောင်း၊ စမွတ်ပရာကန်၊ မယ်ဆိုင်စသည့် နေရာများတွင် CI စာအုပ် ထုတ် ပေးသည့် စခန်း စုစုပေါင်း ၆ ခုကို ဖွင့်လှစ်ထားသည်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*