နေပြည်တော်တွင် ဆောက်လုပ်နေသည့် ပထမဆုံးတန်ဖိုးနည်းအိမ်ရာများကိုမေလဆန်းတွင် စတင်ရောင်းချနိုင်ရန် စီစဉ်နေ

နေပြည်တော်တွင် ဆောက်လုပ်နေသည့် ပထမဆုံးတန်ဖိုးနည်းအိမ်ရာများကိုမေလဆန်းတွင် စတင်ရောင်းချနိုင်ရန် စီစဉ်နေ
March 23, 2017 Asian Fame

10:54 am
နေပြည်တော်တွင် ဆောက်လုပ်နေသည့် ပထမဆုံးတန်ဖိုးနည်းအိမ်ရာများကိုမေလဆန်းတွင် စတင်ရောင်းချနိုင်ရန် စီစဉ်နေ

အောင်ပြည့်စုံ
နေပြည်တော်၊ မတ် ၂ဝ

နေပြည်တော် ဥတ္တရသီရိ မြို့နယ်တွင် ဆောက်လုပ်နေသည့် တန်ဖိုးနည်းအိမ်ရာများကို ယခု နှစ် မေလဆန်းတွင် စတင် ရောင်း ချရန် စီစဉ်ထားသည်။

”နေပြည်တော်မှာ ဒါကပထမဆုံး ဆောက်တာဖြစ်ပြီး အခန်းပေါင်း ၈ဝ ပါဝင်ပါတယ်။ ရေမီး ဆင်တဲ့အပိုင်းလောက်ပဲ ကျန်ပါ တော့တယ်။ ပြီးတာနဲ့ရောင်းပါ မယ်။ ရောင်းရင်လည်းအားလုံးကို အသိပေးပြီး ပွင့်လင်းမြင်သာစွာ ရောင်းမှာပါ” ဟု အိမ်ရာဖွံ့ဖြိုး ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။

ရွှေနံသာတန်ဖိုးနည်း အိမ်ရာများကို လူအများစု စိတ်ဝင်စားနေကြပြီး ရောင်းချရာတွင် နိုင်ငံပိုင်သတင်းစာများနှင့် မီဒီယာများတွင် ဖော်ပြကြေညာသွားမည်ဟု သိရသည်။ လက်ရှိအချိန်ထိ တန်ဖိုးနည်း အိမ်ရာအခန်းများကို ပြင်ပတွင် သတင်းများထွက်ပေါ်နေသလို ကြိုတင်ရောင်းချထားခြင်းမျိုး လုံးဝမရှိကြောင်း အိမ်ရာဖွံ့ဖြိုး ရေးဌာနခွဲမှ သိရသည်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) နှင့် ပူးပေါင်းကာ တစ်နိုင်ငံလုံး တွင် တန်ဖိုးနည်း အိမ်ရာစီမံကိန်း များကို အကောင်အထည်ဖော်လျက်ရှိသည်။ နေပြည်တော်တွင် ပထမဆုံး စတင်ဆောက်လုပ်သည့် တန်ဖိုးနည်းအိမ်ရာတွင် အခန်း ပေါင်း ၈ဝ ပါဝင်မည်ဖြစ်ပြီး ၈ ခန်းတွဲ ၅ ထပ် ၂ လုံးဖြစ်သည်။ အခန်းများအားလုံးတွင် ရေချိုးခန်း၊ အိမ်သာများ ပါဝင်မည်ဖြစ် ပြီး စုစုပေါင်းအကျယ်စတုရန်းပေ (၄ဝဝ) ဖြစ်သည်။ တိုက်ခန်းများ၏တန်ဖိုးကိုအကြမ်းဖျင်း သိန်း (၁ဝဝ) သတ်မှတ်ထားပြီး အပေါ် ထပ် အောက်ထပ်အလိုက် ဈေး နှုန်းကွာခြားချက်ရှိသွားမည်ဟု ဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ယခုရောင်းချမည့် နေပြည် တော် တန်ဖိုးနည်းအိမ်ရာများအတွက် ဝယ်ယူလိုသူများသည် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုး ရေးဘဏ် (CHDB) တွင်ပုံမှန်ငွေစာရင်း ဖွင့်လှစ်ထားသူများဖြစ်ရန်လိုပြီး ဘဏ်စာရင်းတွင် အနည်းဆုံးငွေကျပ်သိန်း ၃ဝ ရှိနေရန် လိုအပ်သည်။ ”တိုက်ခန်းတွေကို ဝယ်ယူ ရင် ၃ဝ ရာခိုင်နှုန်းက လက်ငင်း ချေရမှာပါ၊ ကျန်ငွေကိုတော့ ၈ နှစ်အထိ လစဉ်အရစ်ကျ ပေးချေနိုင်ပါတယ်” ဟု ဒုညွှန်မှူး ဦး ဝင်းနိုင်က ပြောသည်။ ဆောက်လုပ်ရေးဝန်ကြီး ဌာန မှ ယခုရောင်းချမည့်တန်ဖိုးနည်း အိမ်ရာများအပါအဝင် ၎င်းရွှေနံ သာရပ်ကွက်တွင် အခန်းပေါင်း ၄၇၆ ခန်းအထိ ပါဝင်သောအိမ်ရာ များ ဆက်လက်ဆောက်လုပ်သွား မည် ဖြစ်သည်။ ထို့ပြင် နေပြည်တော်တွင် လူဦးရေ ၈ဝဝဝ မှ ၁ဝဝဝဝ အထိ နေထိုင်နိုင်မည့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂၁၄၄ ခန်းကို ဒက္ခိဏသီရိမြို့တွင် ဆောက်လုပ် သွားရန် စီစဉ်နေကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*