အမေရိကန်နှင့် မြန်မာစစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ပိုမို နွေးထွေးလာတော့မည်လား

အမေရိကန်နှင့် မြန်မာစစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ပိုမို နွေးထွေးလာတော့မည်လား
March 22, 2017 Asian Fame

11:15 am
အမေရိကန်နှင့် မြန်မာစစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ပိုမို နွေးထွေးလာတော့မည်လား

US navy at MITT

PNews
ရန်ကုန်၊မတ်လ၂၁

အမေရိကန် စစ်ဘက်ဆိုင်ရာသင်္ဘောတစ်စင်း မတ်လ ၂၁ ရက်နေ့က ရန်ကုန်သီလဝါဆိပ်ကမ်းသို့ ၅ ရက်ကြာအလည်အပတ်ခရီးစဉ်အဖြစ် ပထမဦးဆုံးရောက်ရှိလာ ခဲ့သည်။ ယင်း အမေရိကန်စစ်သင်္ဘော USNS Fall River (T-EPF-4) သည် ရေတပ်ဆိုင်ရာ သံတမန်အခင်းအကျင်းသစ်အဖြစ် ရောက်ရှိလာသော စစ်သင်္ဘောဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဆိုသည်။

၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်များက တပ်မတော်မှအရာရှိကြီး အချို့ အမေရိကန်စစ်သင်္ဘော USS Bonhomme Richard သို့ သွားရောက်လည်ပတ်ခြင်းနှင့် အို ဘားမားလုံခြုံရေးအတွက် ရခိုင်ကမ်းရိုးတန်းသို့ ရောက်ရှိလာသည့် အမေရိကန်စစ်ရေယာဉ် USS Peleliu (LHA-5) ပေါ်သို့ တက်ရောက်လေ့လာခြင်းဖြင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာဆက်ဆံရေးအချို့ ရှိခဲ့သည်။

မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိစဉ် သမ္မတ ဘားရက် အိုဘားမားက မြန်မာနှင့် စစ်ရေးဆိုင်ရာ ပူးပေါင်းဆက်ဆံမှုများ ပြုလုပ်မည်ဟု ပြောကြားပြီး နောက်ပိုင်း ဆက်ဆံရေးအနေအထားသည် ပိုမို ကောင်းမွန်သွားသည်ကို တွေ့ရသည်။ ယခင်နှစ်က တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်(ရေ)သည် အမေရိကန်နိုင်ငံတွင် ကျင်းပသည့် ရေကြောင်းဆိုင်ရာ အစည်းအဝေးသို့ တက်ခဲ့သည်။

ယခု အလည်အပတ်လာရောက်နေသည့် အမေရိကန်စစ်သင်္ဘောသည် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း အမေရိကန်ရေတပ်၏ အမှတ်(၇) ရေတပ်သင်္ဘောမှ ဂီတ တီးဝိုင်းနှင့် မြန်မာနိုင်ငံမှ ဂီတပညာ ရှင်များနှင့် တွေ့ဆုံကာ ဂီတအနု ပညာဆိုင်ရာ နှီးနှောဖလှယ်မှု အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ရန်ကုန်အမေရိကန်စင်တာ၌ အခမဲ့ ဂီတဖျော်ဖြေပွဲတစ်ခုပြုလုပ်ခြင်းတို့ကိုလည်း ဆောင်ရွက်မည်ဟု အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားသည်။ အမေရိကန် စစ်သင်္ဘော USNS Fall River (T-EPF-4) သည် သီရိလင်္ကာနိုင်ငံမှ မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံ နှင့် စင်ကာပူနိုင်တို့သို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*