ဘာသာစကားကို ဘယ်သူက ပိုင်သတဲ့လဲ

ဘာသာစကားကို ဘယ်သူက ပိုင်သတဲ့လဲ
March 22, 2017 Asian Fame

12:28 pm
ဘာသာစကားကို ဘယ်သူက ပိုင်သတဲ့လဲ

Myint-Than-Articleလွန်ခဲ့သော အနှစ် နှစ်ဆယ် လောက်က လူလတ်ပိုင်း စာရေး ဆရာနှစ်ယောက် စာလုံး/ စကား လုံး တစ်လုံးနဲ့ ပတ်သက်လို့ သူပိုင် တယ် ငါပိုင်တယ် ပြောဖူးကြတယ်။ သူက အရင်သုံးတာ၊ ငါက အရင် သုံးတာ။ နောက်တော့ ဘယ်လိုဖြစ် သွားကြတယ်တော့ မသိဘူး။ အဲဒီ ကတည်းက ကျွန်တော်တို့ လူမျိုးရဲ့ စာလုံး/စကားလုံး အပေါ် နားလည် လက်ခံထားပုံနဲ့ ဘာသာစကားကို လက်ခံရှုမြင် ကြပုံတွေကို ကျွန်တော် ပိုပြီး စိတ်ဝင်စားလာမိတယ်။ အထူး သဖြင့် ဘာသာစကားဟာ သာမန် အဆင့်မှာ ဘာသာ စကားကို အသုံး ပြုသူတွေ အကြားမှာ ကူးလူးဆက်ဆံ မှုပြုပြီး ဆက်သွယ်မှု တစ်ခုကိုတည် ဆောက်ပေးတာပဲ။ ဘာသာစကား ဟာ ကိုယ် တစ်ယောက်တည်း သုံး မှာဆိုရင်တော့လည်း ကိုယ့်ဘာသာ ဖန်တီး ယူလို့ရတယ်။ ကိုယ့်အနက် ကိုယ်ဖွင့်လို့ ရတယ်။ တခြားလူတစ် ဦးတစ်ယောက်နဲ့ ဆက်သွယ်ဖို့က တော့ နှစ်ဦးစလုံး သိတဲ့ ဘာသာ စကားဖြစ်မှ။ ဒီတော့၊ ဘာသာ စကားတစ်ခုကို လူနှစ်ယောက်က သုံးလာပြီ ဆိုရင် အဲဒီဘာသာစကား ရဲ့ စကားလုံးတွေ စာလုံးတွေဟာ  ဒီလူနှစ်ယောက် အတွက်ပဲ။ ငါက တော့ ဒီစာလုံး/ စကားလုံးတွေ ပိုင် တယ်။ မင်း မသုံးနိုင်ဘူးလို့ မပြော နိုင်ဘူး။ လူအများနဲ့ ဆိုရင်တော့ ပိုဆိုးသေးတယ်။ ဘာသာစကားကို ထိန်းချုပ်ထားလို့ မရနိုင်ဘူး။ ဘာ သာစကားချင်း မတူတဲ့အခါ ပိုပြီး ဆိုးနေသေးတယ်။ အသံထွက်တူ တာနဲ့ အနက်တူတယ်လို့ ပြောလို့ မရဘူး။ တားလို့ မရဘူး။

ဒီဘက်ခေတ်မှာကတော့ ဒီမို ကရေစီက တရားတဘောင်မဲ့ လွတ် လပ်ခြင်းအသွင် ကူးပြောင်းလာပုံရ တယ်။  Excessive Freedom  ကို ပြောချင်တာပါ။ လူအတော် များများ စိတ်ထဲမှာ မကျေနပ်ရင် တရားထစွဲ လို့ဆိုတဲ့ အမြင်လည်း ဝင်နေကြပုံ ပဲ။ ရှေ့နေ တစ်ယောက်က ပြောပြ ဖူးတယ်။ တို့ဆီမှာ အသရေဖျက်မှု ဆိုတာက အလွယ်ဆုံး တရားစွဲနည်း ပဲတဲ့။ လူတွေဟာ မိုးလင်းလို့ အိမ် ကထွက်လာတာ နဲ့ ဒီနေ့ဘယ်ကောင့် ကို တရားစွဲ ရပါ့မလဲလို့ တွေးနေကြ ပုံပဲတဲ့။ ဗိုလ်ချုပ်အောင်ဆန်း ပြော ဖူးတဲ့ လွတ်လပ်ရေး ရတော့ လမ်း ပေါ်မှာတက်ပြီး ဆေးလှမ်းကြတယ် ဆိုတာမျိုး။ လုပ်ချင်ရာ လုပ်လို့ဖြစ် တယ်ဆိုတဲ့ သဘော။ တကယ်တော့ လွတ်လပ်တာ၊ ဒီမိုကရေစီ ရှိတာ တွေနဲ့ မဆိုင်လှဘူး။ လူတွေရဲ့ နား လည်မှုပုံစံနဲ့ ဆိုင်လိမ့်မယ်။ ခုလို ရေးရတာ ကလည်း မြန်မာစာအရေး အသားထဲက အသံထွက်နဲ့ အရပ် တစ်ပါးက အသံထွက် တူနေတာကို မကျေနပ်လို့ တရားစွဲမယ် ဆိုသလား လုပ်တယ်လို့ ကြားရလို့။ မကြာခင် တုန်းက အမှတ်မထင် လေယာဉ် ကွင်းတစ်ခုမှာ မြန်မာလူငယ် ဥပဒေ ပညာရှင် တစ်ယောက်နဲ့တွေ့တော့ သူက ပြောပြတယ်။ သီချင်းစာသား ထဲက အသံထွက် တစ်ခုနဲ့ ကုန် ပစ္စည်းတစ်ခုရဲ့ အမှတ်အသားက ဥရောပ ဘာသာစကားနဲ့ ရေးထား တာဟာ မနီးယိုးစွဲ အသံထွက်ချင်း တူနေလို့ တရားစွဲမယ် ဘာမယ်ဆို တာတွေ ဖြစ်တယ်တဲ့။ ကျွန်တော် ကတော့ မယုံဘူး။ ခင်ဗျားဟာ ဟုတ်ရဲ့လားလို့ ပြောတော့ ကျွန် တော် မြန်မာပြည် ရောက်တာနဲ့ သိမ်းထားတဲ့ ဖြတ်စညှပ်စတွေ ပို့ လိုက်မယ် လို့ပြောပြီး မကြာခင်ကပဲ ရတယ်။ ကျွန်တော် မယုံခဲ့မိတာတွေ ဟာ တကယ့်ကို မယုံနိုင်လောက် အောင်ဖြစ် သွားတယ်။ ကျွန်တော် တို့လူမျိုးမှာ ကိုယ်ကျင့်တရား အပိုင်း မှာ ဘာတွေ ဖြစ်ကုန်သလဲ ဆိုတာ တွေးကြည့်စရာလို ဖြစ်လာတယ်။

ကျွန်တော့်မိတ်ဆွေ ကိုရွှေမှူး ဆိုတာ ဆစ်ဒနီကို ရောက်လာတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် လောက် က။ သူက အင်္ဂလိပ်စာ ဌာနက။ စနေနေ့တိုင်း သူရယ် ကျွန်တော်ရယ် ကိုတင်မော်ရယ် ကျွန်တော် တို့အိမ် မှာ စားကြသောက်ကြတယ်။ တစ် နေ့တော့ သူက ရယ်စရာ တစ်ခုပြော တယ်။ သြစတြေလျံတွေက ‘ရှစ်’ ကို အတော်သုံးတာ။ ကျုပ်လည်း သူတို့လို ရှစ်တွေ သုံးလိုက်တာ ပါ လာတဲ့ရှစ်တွေ ကုန်သလောက်ရှိ နေပြီ။  ဟိုပြန်ရောက်မှပဲ ဟိုက ရှစ်ဖြစ်ရတော့ မှာတဲ့။ သာမန် နား ထောင်ရင်တော့ ဘာမျှအဓိပ္ပာယ် မရှိ လှဘူး။ သူပြောတဲ့ ရှစ်ဆိုတာက Shit ကို ပြောတာ။ သူပြောတဲ့အ တိုင်းပဲ။ သြစတြေလျံတွေကှ့Shit ကို အတော်သုံးတယ်။ တည့်တည့် အနက် ပေးရရင်တော့ မစင်ပဲ၊ ချေး ပဲ။ သာမန်ကတော့ အညာဘက်ဆီ မှာ ပြောတတ်ကြတဲ့ ”ချီးတဲ့မှပဲ” ဆိုတာမျိုး။
ဒါပေတဲ့ သုံးတဲ့ အ ကြောင်းရပ်ကို လိုက်လို့ အနက်ကွဲ သွားတယ်။  I don’t give a shit ဆို တာက ငါ သောက်ဂရုကို မစိုက် ဘူးလို့ ပြောချင်တာ။ အာမေဋိတ်  သဘောမျိုးနဲ့ Shit! ဆိုတာကို လည်း သိပ်သုံးကြတယ်။ ကိုရွှေမှူး ပြောသလိုပဲ။ ရှစ်အသုံး များတော့ ရှစ်တွေ ကုန်သလောက် ရှိသွားတယ်။ ဒါပေတဲ့ သူက ဘာသာစကား နှစ်မျိုး အကြား အနက်ကို ဘာသာစကား ကို ဆော့ကစားရင်း ပြောတာ။ သူ ပြောချင်တဲ့အဓိပ္ပာယ်က ဟိုကပါ လာတဲ့ အညစ် အကြေးတွေ ကုန်ပြီ ဆိုတာပဲ။ ဒီမှာ ကျွန်တော် ဆိုလိုချင် တာက ဘာသာစကား မတူညီမှု အတွင်းမှာ အသံထွက်ကို တည်ပြီး တစ်စုံတစ်ရာ ကန့်သတ်လို့ မရဘူး ဆိုတာပဲ။ ဒီမိုကရေစီ ရလို့ မြင်မြင် ရာကို တရားစွဲလို့ရတယ် ဆိုတာ လက်ခံပြီး တရားစွဲမယ် ဆိုရင်တော့ သြစတြေလျံတွေ သုံးတဲ့ အင်္ဂလိပ် စကားထဲမှာ ‘ရှစ်’ဆိုတာကို အလွဲ သုံးစားပြုမှုနဲ့ တရားစွဲဖို့ပဲ ရှိတော့ တယ်။ မဟုတ်လည်း အသရေဖျက်မှု နဲ့ စွဲကြ။

ခုတော့ ဒီမိုကရေစီ ဆိုတာက အနက်လွဲတွေ ရယူလာကြပုံပဲ။ မြန်မာပြည်က ဒီမိုကရေစီက ဘာသာ စကားကို သေ ဒဏ် ပေးနိုင် တယ်လို့ ဘာသာစကား ပညာရှင် တစ်ယောက် က ပြောတယ်။ ဘာဖြစ်လို့လဲ ဆို တော့ လူမျိုးတစ်မျိုးကို အဲဒီလူမျိုး လို့ မခေါ်ရဘူး လို့ အမိန့်ထုတ်တာ မင်းတို့ တစ်နိုင်ငံပဲ ထင်တယ်လို့ပြော ပြီးရှင်းပြတယ်။ ဟစ်တလာက ဂျူး ကို မျိုးဖြုတ်တာ၊ ဘာသာစကား အရ ရှိနေခြင်း ကို မသတ်ဘူးတဲ့။ ကျွန် တော်ကတော့ သိပ်နားမလည်ဘူး။ နားမလည်ဆို နိုင်ငံရေးနဲ့ မပတ် သက်ချင်ဘူး။ ဒါပေတဲ့ သူပေးတဲ့ ဆင်ခြေတွေ က နည်းလမ်း တကျမို့ မငြင်းသာဘူး။ တစ်ချိန်တည်း လောက်မှာပဲ ကုလသမဂ္ဂ ဘက်က လူတစ်ယောက်က ပြောပြန်တယ်။ မင်းတို့ဆီ က လူတွေက ဘာသာ စကားကို သူတို့ပိုင်တယ်လို့ ထင်နေ ကြတာ။ ဒီလူမျိုးကို ဟိုလူမျိုးလို့ ခေါ်ရမယ်လို့ ပြောတာက မယုံနိုင် လောက်အောင် ဆန်းတယ်။ လူမျိုး ဆိုတာ အဲဒီလိုလုပ်လို့ မရဘူးလို့ ပြောတယ်။ သူက လူတော်ပါ။ မြောင် လူမျိုးတွေ ကိစ္စတုန်း က သူနဲ့ တွေ့ဖူးလို့ သူ့အကြောင်း သိတယ်။ ဘာသာစကားဆိုတာ အဲဒီလိုလုပ် လို့မရမှန်း လူအတော်များများ သိပါ တယ်။ ဘယ်သူ က ပြောတာတုန်း လို့ မေးတော့ စစ်ဗိုလ်လူထွက် တစ်ယောက်က ပြောတာတဲ့။ ဒီ တော့လည်း ပြောလိုက်မိတယ်။ စစ်ဗိုလ်ဆိုတာ အာဏာရှင်မဟုတ် တောင် အာဏာရှင်ရဲ့ လက်ပါးစေ သက်သက်ပဲလို့ ပြောရင်း စကားကို ဖြည်ချလိုက်ရတယ်။ သံသရာရှည် မှာစိုးလို့။ တစ်ခုတော့ ငြင်းလို့မရ တာက ဘာသာစကားကို၊ ဘာသာ စကားအရ တည်ရှိနေခြင်းတွေကို အာဏာနဲ့ သတ်ပစ်လို့ မရတာပဲ။

ခုလည်း အကြောင်းတစ်ခု ကြားလာ ရပြန်တယ်။ ဒီစာလုံး/ စကားလုံးကို ဒီအဖွဲ့အစည်းကပဲ သုံးရမယ်၊ ဟိုအဖွဲ့အစည်း က မသုံး ရဘူးဆိုတဲ့ အကြောင်း။ ဒါကတော့ လည်း တိမ်လွန်းပါတယ်။ အစ်ကိုကြီး ကို ‘ကွီး’ လို့ရေးတာကို လက်ခံနေ နိုင်ကြသေးရင် ဘာဖြစ်လို့ တခြား စာလုံး၊ စကားလုံးတွေ ကို ထိန်းကွပ် ကန့်သတ်နေကြရတာလဲ။ ဘာဖြစ် လို့ ငါပိုင်တယ်၊ သူပိုင်တယ်လို့ ကန့်သတ်ပြနေ ကြရမှာလဲ။ ခုဆို ဒီမိုကရေစီစနစ်အောက်မှာ ဆိုရှယ် လစ်ခေတ်တုန်း ကလောက် ဂျာနယ် တွေ မဂ္ဂဇင်းတွေမှာ လွတ်လွတ် လပ်လပ် မရေးရဲတာတွေ ပေါ်လာ ပြီ။ အယ်ဒီတာတွေ ကိုယ်တိုင်က လည်း သူတို့ကို အမှုပတ်မှာကြောက် လာပြီ။ ဘာသာစကား အခြေခံ လွတ်လပ်မှု ဆိုတာကလည်း ဒီမိုက ရေစီစနစ် အတွင်းမှာ ရှိနေရတဲ့ လွတ်လပ်မှု တစ်မျိုး။ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်၊ လွတ်လပ် စွာ ကိုးကွယ်ခွင့် ဆိုတာတွေလိုပဲ။ လိုအပ် မှုတစ်ခုပဲ။ ဘာသာစကားကို ထိန်း ချုပ်ပစ်မယ်။ ဘာသာ စကားကို သုံးစွဲပြီး ရမ်းကားပစ် ချင်တယ် ဆို တာတွေကတော့ ဒီမိုကရေစီ စနစ် အတွင်းက အနက်လွဲတွေပဲ။ ဒါပေ တဲ့လည်း ဘတ်စ်ကား အဟောင်း တွေနေရာမှာ အသစ် အစားထိုးရင်း တကယ်ဖြစ်နေတာနဲ့ ဖြစ်သင့်တာ တွေကို..၊ အဓိကနဲ့ သာမညကို ..နေရာချင်းပြောင်း။ တိုင်းသူ ပြည်သားရဲ့ အာရုံပြောင်း။ အဲဒီ လောက်တော့ လွယ်ချင်မှတော့ လွယ်မယ်။  ။

မြင့်သန်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*