ရှေ့ဆက်မည့် အမျိုးသားပညာရေးမဟာဗျူဟာကိုအစိုးရကြေညာ၊ ယခင် NLD ပညာရေးကွန်ရက် အဖွဲ့ဝင်ဟောင်း ဒေါက်တာသိန်းလွင်က လိုအပ်ချက်ရှိနေသည်ဟု ဝေဖန်

ရှေ့ဆက်မည့် အမျိုးသားပညာရေးမဟာဗျူဟာကိုအစိုးရကြေညာ၊ ယခင် NLD ပညာရေးကွန်ရက် အဖွဲ့ဝင်ဟောင်း ဒေါက်တာသိန်းလွင်က လိုအပ်ချက်ရှိနေသည်ဟု ဝေဖန်
March 22, 2017 Asian Fame

4:15 pm
ရှေ့ဆက်မည့် အမျိုးသားပညာရေးမဟာဗျူဟာကိုအစိုးရကြေညာ၊ ယခင် NLD ပညာရေးကွန်ရက် အဖွဲ့ဝင်ဟောင်း ဒေါက်တာသိန်းလွင်က လိုအပ်ချက်ရှိနေသည်ဟု ဝေဖန်

Dr Thein Lwin

PNews
နေပြည်တော်၊ မတ်၂ဝ

ပညာရေး အသုံးစရိတ်ကို ၅ နှစ်အတွင်း မူလထက် ၂ ဆ ပိုမိုများပြားသည့် ငွေကျပ်ဘီလျံ ၁ သောင်းကျော် အသုံးပြုသွားမည်ဆိုသော အကြောင်းအရာပါသည့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အမျိုးသားပညာရေးမဟာဗျူဟာတို့ကို အစိုးရကယခု မတ်လ လလယ်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

ပညာရေး ဝန်ကြီးဌာနက ထုတ်ဝေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မှာတမ်းပါသည့် စာမျက်နှာ ၃၆ မျက်နှာရှိ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအနှစ်ချုပ်တွင် အစိုးရ က ဆောင်ရွက်သွားမည့် အခြေခံပညာကဏ္ဍ၊ အဆင့်မြင့် ပညာကဏ္ဍ၊ ကျောင်းပြင်ပပညာရေး၊ သက်မွေးပညာ ကဏ္ဍစသည်တို့ကို စုံလင်စွာ ဖော်ပြထားသည်ကို တွေ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်က ယခု ပညာရေးစီမံကိန်းသည် ပညာရေးစနစ် တစ်ခုလုံးကို ပြုပြင်ပြောင်းလဲပေးမည့် ဘက်စုံ လွှမ်းခြုံသော လမ်းပြမြေပုံ ဖြစ်သည်ဟု ပြောသည်။ ပညာရေး ဝန်ကြီးဌာနမှ အမည်မဖော်လိုသော အရာရှိတစ်ဦးက ဘက်စုံထောင်စုံအကွက်စေ့သည့် စီမံကိန်းတစ်ရပ်ဟု ညွှန်းဆိုသည်။

သို့သော်လည်း ယခင် NLD ပညာရေးကွန်ရက် အဖွဲ့ဝင်ဟောင်း ဒေါက်တာသိန်းလွင် (NNER) က ပညာရေးဝန်ကြီး ဌာန၏ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂ဝ၁၆-၂ဝ၂၁) တွင် လိုအပ်ချက်များရှိနေသည်ဟု ပြောသည်။ ၎င်းက အစိုးရ၏ ပညာရေး လုပ်ငန်းများတွင် လူထုအဖွဲ့ အစည်းများ၏ ပါဝင်နိုင်မှု အခွင့် အလမ်း နည်းပါးနေခြင်း၊ ဒီမိုက ရေစီ ဖက်ဒရယ်နိုင်ငံ စနစ်ကို ဦးတည်သည့် ပညာရေးပြုပြင် ပြောင်းလဲမှုများပါဝင်နေမှုမရှိခြင်း နှင့် ကျောင်းသားသမဂ္ဂများ ဖွဲ့စည်းရန်ကိစ္စ ပါဝင်နေခြင်း မရှိသည်တို့ကို အဓိကထား ဝေဖန်ခဲ့သည်။

ဒေါက်တာသိန်းလွင်က နိုင်ငံ ခေါင်းဆောင်တစ်ဦး (သို့မဟုတ်) အစိုးရတစ်ရပ်သည် မိမိ၏ပညာရေးရည်မှန်းချက် နောက်သို့ နိုင်ငံသားအားလုံး၊ တိုင်းရင်းသားလူမျိုးများအားလုံးကို လိုက်စေ ခြင်းသည်၊ လူမျိုးများ၏ လိုအပ် ချက်၊ နိုင်ငံသားများ၏ လိုအပ် ချက်နှင့် ကိုက်ညီမှုမရှိနိုင်ဟု ပြစ်တင် ဝေဖန်စကားပြောသလို နိုင်ငံခေါင်းဆောင် (သို့မဟုတ်) အစိုးရ၏ ဆောင်ရွက်ချက်များ သည် (နိုင်ငံသားများကိုချစ်၍ ဆောင်ရွက်သည်ဖြစ်စေ) အများ ၏ ဆန္ဒနှင့် ထပ်တူမကျနိုင်၍ ပြင် ဆင်သင့်သည်များကို ပြင်ဆင်ရန် အစိုးရကို အကြံပြုထားသည်။ ပဲခူးတိုင်းအတွင်းမှ အထက် တန်းပြ ကျောင်းဆရာ တစ်ဦးဖြစ် သူ ဦးအောင်ကျော်သူက ”ပညာ ရေးနဲ့ပတ်သက်တဲ့ ဥပဒေတွေ ထွက်တယ်၊ စီမံကိန်းတွေ ထွက် တယ်။ ကျွန်တော်တို့ လိုချင်တာက လက်တွေ့လုပ်ရပ်တွေ။ ခုက ဒါ တွေ မတွေ့သေးဘူး” ဟု ပြောသည်။ ဝါရင့် ပညာရေး ကျွမ်းကျင်သူ အချို့က အစိုးရသစ်၏ စီမံကိန်း အပေါ် ဝေဖန်ရန် စောလွန်း သေးသည်ဟု မှတ်ချက်ပြုသည်။အစိုးရသစ်က ထုတ်ပြန်သည့် ပညာရေး အသုံးစရိတ်ပမာဏသည် သမ္မတဦးသိန်းစိန် စတက်ခါစထက် အဆ ၃ဝ ကျော်ပိုသုံးမည့် ပမာဏဖြစ်နေ၍ အထက်ပါ ကျွမ်းကျင်သူများက ကြိုဆိုခဲ့ကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*