သူနာပြုတက္ကသိုလ်ကျောင်းသားများ ကျောင်းပြီးပါက အစိုးရကိုလျော်ကြေးပေး၍ နုတ်ထွက်ခွင့် ပြုတော့မည်မဟုတ်

သူနာပြုတက္ကသိုလ်ကျောင်းသားများ ကျောင်းပြီးပါက အစိုးရကိုလျော်ကြေးပေး၍ နုတ်ထွက်ခွင့် ပြုတော့မည်မဟုတ်
March 22, 2017 Asian Fame

4:29 pm
သူနာပြုတက္ကသိုလ်ကျောင်းသားများ ကျောင်းပြီးပါက အစိုးရကိုလျော်ကြေးပေး၍ နုတ်ထွက်ခွင့် ပြုတော့မည်မဟုတ်

ဖြိုးထက်အောင်
ရန်ကုန်၊ မတ် ၂ဝ

လာမည့်နှစ်တွင် စတင်တက်ရောက်ရမည့် သူနာပြုတက္ကသိုလ်ကျောင်းသား ကျောင်းသူများ ကျောင်းပြီးပါက အစိုးရကို လျော်ကြေးပေး၍ နုတ်ထွက်ခွင့် ပေးတော့မည် မဟုတ်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သူနာပြုသားဖွားကိစ္စရပ်များအတွက် ဖွဲ့စည်းပေးလိုက်သောအဖွဲ့၏ တာဝန်ရှိသူများက ပြောသည်။

လာမည့် ၂ဝ၁၈ ခုနှစ်စာ သင်နှစ်တွင် တက်ရောက်ကြရ မည့် သူနာပြုတက္ကသိုလ် ကျောင်းသား/ကျောင်းသူများ အတွက် အစိုးရကချုပ်ဆိုမည့် စာချုပ်တွင် နိုင်ငံတာဝန်ကို သုံးနှစ်ထမ်းဆောင်ရန်သာ ထည့်သွင်းတော့မည်ဖြစ်ပြီး လျော်ကြေးပေး၍ နုတ်ထွက် နိုင်သည်ဆိုသည့်အချက်ကို ဖြုတ်တော့မည်ဖြစ်ကြောင်း ယင်းအဖွဲ့မှ ဒုတိယခေါင်း ဆောင် ဒေါက်တာသာထွန်းကျော်က ပြောသည်။

”ပြီးပြီးသားကိစ္စတွေ မပြောလိုဘူး။ လာမယ့် ၂ဝ၁၈ ဇန်နဝါရီမှာ အသစ်ဝင်ရမယ့် သင်တန်းသား သင်တန်းသူ များကိုတော့ ဆရာတို့က အရင် စာချုပ်မှာ လျော်ကြေး ဆိုတာ ထည့်ထားခဲ့တယ်။ အခုတော့ လျော်ကြေးနဲ့ ပေး ထွက်တာကို ဆရာတို့ဘက်က လက်မခံပါဘူး။ သတ်မှတ် ထားတဲ့ သုံးနှစ်ဆို သုံးနှစ် တာဝန်ထမ်းဆောင်ဖို့အတွက် ပဲ စာချုပ်ထဲမှာထည့်မှာ ဖြစ်ပါတယ်” ဟု ဒုတိယ ခေါင်းဆောင် ဒေါက်တာသာ ထွန်းကျော်က ပြောသည်။

ယခင်က သူနာပြုတက္က သိုလ် သို့မဟုတ် သူနာပြု သင်တန်းကျောင်းများကို တက်ရောက်ပါက သင်တန်း ပြီးဆုံးလျှင် နိုင်ငံတာဝန်ထမ်း ဆောင်ရန် နှစ်အရေအတွက် နှင့် မထမ်းဆောင်ပါက လျော် ကြေးပေးရမည့် ပမာဏတို့ကို စာချုပ်တွင် ထည့်သွင်းချုပ်ဆို ခဲ့သော်လည်း လာမည့် စာသင် နှစ်တွင် လျော်ကြေးပေးသည့် အချက်ကို ဖြုတ်ပစ်တော့မည် ဟု ဆိုလိုခြင်းဖြစ်သည်။ ”သင်တန်းတက်မယ့် သင် တန်းသား၊ သင်တန်းသူတွေ အနေနဲ့ ဒီစာချုပ်ကို သဘော မတူဘူးဆိုရင်ကျောင်းတက်ဖို့ အတွက် အဲဒီကတည်းကပြင်ဆင်ပိုင်ခွင့်ရှိပါတယ်” ဟုဒေါက်တာ သာထွန်းကျော်က ပြောသည်။

ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနမှ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထုတ်ပြန်စာ တစ်စောင်ထုတ်ပြန်ခဲ့ပြီး သူနာပြု
တက္ကသိုလ်ကျောင်းဆင်းများ ကို အစိုးရပြည်သူ့ဆေးရုံ များတွင် သုံးနှစ်တာဝန်ထမ်း ဆောင်ပြီးမှသာ သူနာပြု လိုင်စင်ထုတ်ပေးမည်ဟု ပါရှိ သည်။ထိုသို့ ပြောင်းလဲလိုက် သောစနစ်ကို ပြန်လည်ပြင်ဆင်ပေးရန် မတ်လ ၁၅ ရက် နေ့က သူနာပြုရပ်ဝန်းမှ ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မတ်လ ၁၇ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် ဆန္ဒပြကျောင်း သားများ သူနာပြုတက္ကသိုလ် တွင် တွေ့ဆုံခဲ့ကြကာ သဘော တူညီချက်အချို့ ရရှိခဲ့ကြသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*