သူတို့အမြင်

သူတို့အမြင်
March 22, 2017 Asian Fame

12:23 pm
သူတို့အမြင်

perspectiveအစိုးရသစ် သက်တမ်း တစ်နှစ်တာကာလ အတွင်း ပါဝင်သူဦးရေ အများဆုံးနှင့်  စည်းကမ်းသေဝပ်မှု အရှိဆုံး ဆန္ဒဖော်ထုတ်မှု တစ်ခု မတ်လ ၁၅ ရက်နေ့က ရန်ကုန်တွင် ပေါ်ပေါက်ခဲ့သည်။ ယင်းမှာကား သူနာပြု တက္ကသိုလ်ကျောင်းသား ၁ဝဝဝ နီးပါးခန့်၏  စီတန်း လှည့်လည်ကာ ဆန္ဒ ဖော်ထုတ်မှုပင်ဖြစ်လေ၏။ သူတို့တောင်းဆိုထားသည်တို့ကို  ငါးရက်ကြာသည် အထိ သက်ဆိုင်ရာမှ မည်သို့မျှ အကြောင်း ပြန်ကြားခြင်း မရှိသလို၊ ဖြေရှင်း ဆောင်ရွက်ပေးခြင်းလည်း မရှိခဲ့သဖြင့် ထိုသို့ ဆန္ဒဖော်ထုတ်ကြခြင်း ဖြစ်သည်။  ထိုသို့ ဆန္ဒဖော်ထုတ်ကြပြီး နောက်တစ်နေ့ဖြစ်သည့် မတ်လ ၁၆ ရက်နေ့ တွင်  ကျန်းမာရေး ဝန်ကြီးဌာနမှ ရှင်းလင်း ပြောကြားခဲ့ရာတွင်လည်း မပီပြင်ခဲ့ချေ။ တစ်ဖန် ဆန္ဒပြသူနာပြုကျောင်းသား ကျောင်းသူအချို့၏ မိဘများဆီသို့လည်း သက်ဆိုင်ရာ ကျောင်းအချို့မှ ဖုန်းဆက် ဖိအားပေး မှုများ ပေါ်ပေါက်လာခဲ့ကြောင်း သတင်းတွေ ထွက်လာပြန်၏။ ထို့ကြောင့် မတ်လ ၁၇ ရက်နေ့ ညနေပိုင်းဝယ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက သူနာပြု တက္ကသိုလ် မှ ကျောင်းသားကျောင်းသူ များနှင့် တွေ့ ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာဝယ် အပြန်အလှန် ညှိနှိုင်းမှု များပြုကြပြီး သဘောတူညီမှု များရရှိသွားခဲ့ကြသည် ဆိုပြန်၏။ သို့ရာတွင် ထိုဇာတ်လမ်း သည် အမှန်တကယ် အဆုံးတိုင်ပြီလော၊ ဆက်ရန်ရှိသေးသည်လော ဆိုသည်ကို ပြည်သူတို့ သိလိုကြသဖြင့် ဆက်သွယ် မေးမြန်းမှုများ အကြိမ်ကြိမ် ရှိလာခဲ့သည်။ ထို့ကြောင့် အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သူနာပြု တက္ကသိုလ်ကျောင်းသား များ၏ အမြင်တို့ကို စုစည်းဖော်ပြလိုက်ပါကြောင်း။

ဒေါ်ဖြူဖြူ
ဥက္ကဋ္ဌ (မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ)
(သူနာပြုနှင့် သားဖွားကိစ္စရပ်များ အတွက် ဆက်သွယ်ဆောင်ရွက်ရန် အစိုးရက တာဝန် ပေးထားသည့် အဖွဲ့-အဖွဲ့ဝင်)

ကျွန်မတို့အဖွဲ့နဲ့ ညှိနှိုင်းမယ်၊ မိသားစုသဖွယ် ဆွေးနွေးမယ် ဆိုတာ ကို ထုတ်ပြန်ချက်မှာ လည်း ပြောထား ပြီးသားပါ။ ကျွန်မတို့ဆီ ကိုတော့ သူ တို့ ထပ်ပြီးတောင်းဆိုထားတဲ့စာ တင် လာတာမတွေ့ရသေးဘူး။ ကျွန်မတို့ အနေနဲ့ တွေ့ဆုံပြီးတော့ ရှင်းပေးမှာ ပါ။ ဘာတွေရှိသေးလဲပေါ့ တောင်း ဆိုစရာ။ သဘောတူ ထုတ်ပြန်ချက် ကလည်း ကျောင်းသားတွေရဲ့တောင်း ဆိုချက်ပါပဲ။ ၁၇ ရက်နေ့ မနက်က ဝန်ကြီးက နိုင်ငံခြားက ပြန်လာတာ။ ကျောင်းသားတွေနဲ့ ၁၁ နာ ရီကနေ စပြီး တွေ့ဆုံတယ်။ အန်တီတို့အဖွဲ့ လည်းပါ တယ်။ ဆွေးနွေး လိုက်တာ ညနေ ၃ နာရီမှပြီးတယ်။ သဘောတူ ချက်ရတဲ့အထိပါပဲ။ ကျောင်းသား တွေဘက်က တောင်းဆိုတာ အကုန် လုံးကို လိုက်လျောထားတာပါ။ နောက် ထပ်တော့ ဘာများ တောင်းဆိုချင် သေးလဲတော့ မသိပါဘူး။ သူတို့ တောင်းဆိုသမျှကို အားလုံး လိုက် လျောပြီးတော့ အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ ဒီထုတ်ပြန် ချက် ထုတ်ပေးတဲ့ အချိန်မှာလည်း သူတို့မေးတာ၊ မြန်းတာတွေ အကုန် လုံးကိုမှတ်ထားတယ်။ ပြန်ရှင်းပြပေး တယ်။ ထုတ်ပြန်ချက် ထုတ်ပြန်တဲ့ အခါတော့ ဝန်ကြီးပါ အဲဒီ အခန်းထဲ ထိုင်နေတယ်။ ထုတ်ပြန်ချက်ကို ရိုက် တော့ ကျောင်းသား ကိုယ်စားလှယ် တွေပါ ပြန်ခေါ်ပြီးတော့ ထုတ်ပြန် ချက်ကို ပြ တယ်။ အားလုံး သဘော တူပြီဆိုတော့မှ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်တာပါ။ ပြီးတော့ သတင်း ထောက်တွေ အားလုံးကိုလည်း ထုတ် ပြန်ချက်တွေ ဝေ လိုက်ပါ တယ်။ အန် တီ တို့ကတော့ ခေါ်ရင် သွားပြီးရှင်း ပေးရုံပါပဲ။ အဖွဲ့ကလည်း ညှိနှိုင်းဖို့ပဲ ဖွဲ့ပေးထားတာပါ။ လက်ရှိအချိန်ထိ တော့ ဘာမှ တောင်းဆိုတာ မလာ သေးပါဘူး။ သူတို့ လိုချင်တာရှိရင် ဒီအဖွဲ့နဲ့ ညှိနှိုင်းဆွေးနွေးဖို့ အဖွဲ့ကို တင်ဖို့ ဝန်ကြီးက ဖွဲ့ပေးထား တာပါ။ တောင်းဆိုချက် တင်မယ် ဆိုရင် ဒီ အဖွဲ့ကို အသိပေးရမှာပါ။

ဒေါက်တာ ဌေးအောင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ကုသရေးဦးစီးဌာန
(သူနာပြုနှင့် သားဖွားကိစ္စရပ် များအတွက် ဆက်သွယ်ဆောင် ရွက်ရန်အစိုးရက တာဝန်ပေးထား သည့် အဖွဲ့-အဖွဲ့ခေါင်းဆောင်)

သူတို့ တောင်းဆိုတဲ့ အရာတွေ က အကုန်ရတယ်၊ မရဘူး ဆိုတာက သူတို့နဲ့ ကျွန်တော်တို့ တွေ့ဆုံဆွေး နွေးတဲ့နေ့က အကျေ အလည် ဆွေး နွေးပြီးပြီလေ။ အဲဒီလိုမှ မဟုတ်သေး ဘူးဆိုရင်လည်း ဝန်ကြီး လည်းပြော တယ်လေ မိသားစု အသွင်ဆောင်ပြီး တော့ ပွင့်ပွင့်လင်းလင်း ကျွန်တော် တို့ ဆွေးနွေးကြမယ်လို့ ပြောထားပြီး သားပါ။ ထုတ်ပြန်ချက် ထဲမှာလည်း အဲဒါကို အချက်တစ်ချက် အနေနဲ့ထည့် ထားပြီးသားပါ။ အဲဒီအတိုင်း သူတို့ လုပ်ပေါ့၊ ဆွေးနွေးပေါ့၊ ဒါပဲရှိတာပဲ။ အဲဒီနေ့က သူတို့နဲ့ ကျွန်တော်တို့ အ တူတူ ပြောကြတာပဲ။ သူတို့ ဘာလို ချင်လဲ ဘာထပ်ပြောချင်လဲ ကျွန် တော်တို့နဲ့ ဆွေးနွေး ဒါပဲရှိတာပေါ့။

ဒေါက်တာ သာထွန်းကျော်
တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး
ရန်ကုန်တိုင်းဒေသကြီး
ကုသရေးဦးစီးဌာန
(သူနာပြုနှင့် သားဖွား ကိစ္စရပ်များ အတွက် ဆက်သွယ်ဆောင်ရွက်ရန် အစိုးရက တာဝန် ပေးထားသည့် အဖွဲ့-ဒုတိယ အဖွဲ့ခေါင်း ဆောင်)

ကျွန်တော်တို့ သတင်းထုတ်ပြန် ချက် (၈)ချက် ထုတ်ထားပြီးပါပြီ။ အ ခုလို ထုတ်ထားပြီးတဲ့ အပေါ်မှာ ကျွန် တော်တို့က လုပ်ရမယ့် လုပ်ငန်းစဉ် တွေကို တန်းစီပြီး လုပ်ထားပါတယ်။ မြန်မာနိုင်ငံ သူနာပြု သားဖွားကောင် စီက လုပ်ရမယ့်အချက်တွေက ဘာ တွေ၊ ဒီ (၈)ချက်ပေါ်မှာ ဦးတည်ပြီး တော့ပေါ့။ ကျန်းမာရေး လူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာန ကလုပ်ရမယ့် အချက်တွေက ဘာတွေ၊ နောက် ဝန် ကြီးဌာနက ရေတိုရေရှည် ဘာတွေ လုပ်ပေးမလဲဆိုတာကို တန်းစီပြီး ပြုစုထားပြီး ဖြစ်ပါတယ်။ ပြောချင်တာ က ဘာလဲဆိုတော့ သတင်း ထုတ်ပြန် ချက်ထုတ်ပြန်ပြီး နောက်ပိုင်း ဒါနဲ့ပြီး သွားတာ မဟုတ်ဘူး ဆိုတာကို ပထမ ဆုံးပြောပါရစေ။ ထုတ်ပြန်တဲ့ အချက် တွေပေါ်မှာ လုပ်ငန်း အကောင်အ ထည်ဖော်ဖို့ ဘာလုပ်ငန်းတွေ လုပ်ရ မယ်၊ ဘယ်ဌာနတွေက ဘာတွေ ကို ဆောင် ရွက်ပေးရမယ် ဆိုတာကို ပြော ရရင် follow up  အလုပ်တွေကို ဘယ်ဌာနကတော့ ဘာလုပ်ပေးပါ ဆိုတာတွေကို စီစဉ် ထားပြီးပါပြီ။ ထုတ်ပြန်ထားတဲ့ အချက်တွေကို ကျွန်တော်တို့က တာဝန်ယူတယ်၊ တာဝန်ခံတယ် ဆိုတာကို အကောင် အထည်ဖော်ဖို့ အတွက် လုပ်ရမယ့် လုပ်ငန်းစဉ်တွေက ဘာတွေလဲ၊ ဘယ် ဌာန ဘယ်အဖွဲ့အစည်း တွေက လုပ် ရမယ် ဆိုတာကို ပြုစုထားပြီးဖြစ်ပါ တယ်။ ကျွန်တော်တို့ အနေနဲ့ တစ် ပတ်တစ်ကြိမ် တွေ့ပြီးတော့ ဘယ် လုပ် ငန်းတော့ဖြင့် ဆောင်ရွက်ပြီး ပြီ၊ ဘယ်လုပ်ငန်း ကတော့ ဆောင် ရွက်နေဆဲ၊ ဘာတွေတော့ ဆောင် ရွက်ဖို့ ကျန်သေးတယ် ဆိုတာတွေကို တိုင်ပင် ညှိနှိုင်းနေပါမယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေ ကို မီဒီယာတွေကိုလည်း အလျဉ်း သင့် သလို ခေါ်ပြီးတော့ ဘာတွေ လုပ်ပြီးပါပြီ ဆိုတာတွေကို ချပြဖို့ အ စီအစဉ် ရှိပါတယ်။ ပြီးတော့ ကျွန် တော်တို့နဲ့ ဆွေးနွေး ထားတဲ့ ကိုယ် စားလှယ်တွေရှိပါတယ်။ အဲဒီကိုယ် စားလှယ်တွေကိုလည်း ဆောင်ရွက် ထားချက်တွေကို ခေါ်ပြီးတော့ ရှင်း ပြဖို့ အစီအစဉ် ရှိပါတယ်။ ကျွန်တော် တို့အဖွဲ့က အကောင်အထည်ဖော်ပေး တဲ့ အဖွဲ့မဟုတ်ပေမယ့် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာ ဦး စီး ဌာနတွေက အကောင်အထည် ဖော်ပြီး မပြီးဆိုတာ စောင့်ကြည့်ပြီး တော့ ဆန်းစစ်နေမယ်ဆိုတာကို ပြောချင်ပါတယ်။ ကျွန်တော် တို့ ကြေ ညာချက် (၈)ချက် ထဲမှာလည်း နံပါတ် (၇)နေရာမှာ ထည့်သွင်းဖော်ပြခဲ့ပါ တယ်။ နောက်နောင် အလားတူကိစ္စ မျိုး ပေါ်ပေါက် ပါက ဌာနအတွင်း မိသားစုသဖွယ် ညှိနှိုင်းဆွေးနွေး ဆောင်ရွက် သွားမယ် ဖြစ်ပါတယ်ဆို ပြီးတော့။ အဲဒီတော့ ပြည်သူလူထု ရော၊ သူနာပြုတွေရော၊ သမဂ္ဂက တာဝန်ရှိတဲ့ ကိုယ်စားလှယ်တွေရော ပြောချင်တဲ့ အချက်က ဘာလဲဆို တော့ ဒီမိုကရေစီ နိုင်ငံမှာ ဆန္ဒဖော် ထုတ်တာ ကတော့ နိုင်ငံတိုင်းမှာဖြစ် နေကျအလေ့အထ တစ်ခုဖြစ်ပါ တယ်။ ဒါပေမယ့် ကျွန်တော် တို့က လမ်းပေါ် စီတန်း လမ်းလျှောက်ပြီးမှ ဆန္ဒဖော်ထုတ်ရတဲ့ အခြေအနေမျိုးကို ကျွန်တော်တို့ သဘောမကျဘူး။ မိသားစုသဖွယ် ညှိနှိုင်း ပြီးတော့ အ ဖြေရှာပြီး လုပ်ငန်း လိုအပ်ချက်ကို တောင်းဆိုရတယ် ဆိုတဲ့ ယဉ်ကျေးမှု တစ်ခု ပုံစံမျိုးနဲ့ အဖြေရှာကြမယ်။ သူနာပြုတွေ ဘက်ကလည်း သူနာပြု တွေ လိုအပ်ချက်ကို ပြောပါ။ ကျွန် တော်တို့အဖွဲ့က ကြားကနေ ရှိပါ တယ်။ သက်ဆိုင်ရာ ဌာနတွေကို တွန်း အားပေးပြီး ဆောင်ရွက်ခိုင်းဖို့ အတွက် ကျွန်တော်တို့ အဖွဲ့ ရှိပါတယ်။

ကျွန် တော်တို့ အဖွဲ့က သူနာပြုသားဖွား ကိစ္စ ရပ်များအတွက် တာဝန်ပေးအပ်ခြင်း ခံထားရတဲ့ အဖွဲ့ ဖြစ်ပါတယ်။ ကျွန် တော် တို့က နှစ် ဦးနှစ်ဖက် မျက်နှာ ချင်းဆိုင် ဖြေရှင်းပြီးတော့ လိုအပ်တဲ့ အဖြေကို ရှာဖွေတဲ့ နည်းလမ်းဟာ အကောင်းဆုံး နည်းလမ်းပဲ ဖြစ်ပါ တယ် လို့ ပြော ချင်ပါတယ်။ အေး အေးဆေးဆေး နှစ်ဦးနှစ်ဖက် တွေ့ ဆုံဆွေးနွေးပြီးတော့ မိသားစုရဲ့အ တွင်းမှာဖြစ်နေတဲ့ ပြဿနာ တစ်ခု ကို ပြေပြေ လည်လည် ညှိနှိုင်းတဲ့လုပ်ရပ် ဟာ အကောင်းဆုံး လုပ်ရပ်လို့ ကျွန် တော် ပြောချင်တယ်။ ကျွန်တော်တို့ ကတော့ ထုတ်ပြန် လိုက်တဲ့ ကြေညာ ချက် (၈)ရပ်နဲ့ပတ်သက်လို့ အကောင် အထည်ဖော်ဆောင်ရွက်ဖို့အတွက် သက်ဆိုင်ရာဌာနတွေကို တွန်းအား ပေး ပြီး ဆောင်ရွက်နေမယ်ဆိုတာကို ပြောချင်တယ်။

ကိုအောင်ချမ်းပြည့်
(မန္တလေးသူနာပြုတက္ကသိုလ်ကျောင်းသားဟောင်း)

ဝန်ကြီးဌာနနဲ့ ကျောင်းသားတွေ တွေ့တဲ့အခါ အစိုးရဘက်ကတော့ ထုတ်ပြန်ချက်တွေ ထုတ်ထားပြီးဖြစ် တဲ့အတွက် ပြန်ရုပ်သိမ်းလို့ မရဘူး။ ဒါပေမယ့် အခု လက်ရှိမှာ သူတို့လိုက် လျောပေးထားတဲ့ အချက်တွေက အဲဒီစာကို ပြန်ရုပ်သိမ်းပေးတာပဲ။ သိပ်မခြားနားဘူး ဆိုတော့ ကျွန်တော် ကတော့ ကျောင်းသားတွေ တောင်း ဆိုတာ အောင်မြင်တယ်လို့ ထင်တယ်။ နောက်တစ်ခုကတော့ အစိုးရ အလုပ် ဝင်ဝင်ချင်းမှာ သူနာပြုလိုင်စင်တွေ ကို ထုတ်မပေးထားဘဲနဲ့ သိမ်းထား မယ်ဆိုတဲ့ဟာ။ ဒါလည်း လက်ရှိမှာ ထုတ်ပေးမယ်၊ လက်ဝယ်ကိုင်ဆောင် ခွင့်ပြုမယ် ဆိုတာလည်း ကျောင်းသား တွေ ရတယ်။ ကျောင်းတက်စဉ်က ချုပ်ထားတဲ့ စာချုပ်အရ အစိုးရအ လုပ်လုပ်သက်မဝင်ဘူး ဆိုရင် လျော် ကြေးငွေ ပေးလျော်ရမယ် ဆိုတာလည်း ဝန်ကြီးဌာနက လျော်ရမယ့် လမ်း ကြောင်းတွေ၊ ဘယ်လို သွားလျော်ရ မယ်ဆိုတာ ပြောသွားတယ်။ ပြီးရင် လျော်ကြေးငွေ လျော်ပြီး သူတို့သတ် မှတ်တဲ့ကာလမှာ လိုင်စင်လည်း ခွင့် ပြုမယ်ပေါ့။  ဒါလည်း ကျွန်တော်တို့ လိုချင်တဲ့အချက်ထဲ ပါတဲ့ အချက်တစ် ချက်ပေါ့။ ကျောင်းသားတွေ ဆန္ဒပြ တဲ့ဟာကို အရေးမယူဖို့ ပြောတဲ့ဟာ လည်း အရေး မယူဘူး လို့ သူတို့က လုပ်ပေးတာ ဒါလည်း တစ်ချက်ပေါ့။ ကျွန်တော် ကတော့ ၈ဝ ရာခိုင်နှုန်း လောက် ကတော့ တောင်း ဆိုထား တဲ့ အချက်ထဲက အောင်မြင်တယ် လို့ယူဆတယ်၊ ကျွန်တော့် တစ်ယောက် တည်း အမြင် အနေနဲ့။  အခုလက်ရှိ တက်နေ တဲ့ ကျောင်းသူ ကျောင်း သားတွေက စာချုပ်က ချုပ်ထားပြီး သား။ ချုပ်ထားပြီးသား စာချုပ်ကို သူတို့ဘက်က ချုပ်ကိုင်ခွင့် မရဘူး။ သူတို့အတိုင်း အစိုးရ အလုပ် မလုပ် ရင် သတ်မှတ် လျော်ကြေး ပေးပြီး တော့ လျော်ခွင့်ပြုရမယ်။ တကယ် လို့ အစိုးရဘက် ကလည်း အစိုးရအ လုပ်ကို မဖြစ်မနေ ဝင်ရပါ့မယ် ဆိုရင် စာချုပ်မှာ သူတို့ ပြုပြင်ပြောင်းလဲချင် တဲ့အချက်တွေ ပြုပြင်ပြောင်းလဲ လို့ရ တယ်။ ဒါပေမယ့် အဲဒီ ပြောင်းလဲမှု တွေက လက်ရှိ တက်နေတဲ့ကျောင်း သားတွေ အပေါ် သက်ရောက်မှု မရှိ ရဘူး။ နောက်တက်မယ့် စာသင်နှစ် မှာ တက်လာမယ့် ပထမနှစ်တွေ အ ပေါ်မှာပဲ အကျိုး သက်ရောက်မှု ရှိရ မယ်။ အဲဒီကျမှ အသစ်တက်မယ့် ကျောင်းသားတွေက ဒီစာချုပ်အသစ် ကို သဘောတူရင် တက်၊ မတူရင် မတက်နဲ့ပေါ့။ လျော်ကြေးငွေ ကိစ္စ တော့ ပါချင်မှပါတော့မယ်။ အစိုးရ အလုပ်ကို မဖြစ်မနေ သုံးနှစ် လုပ်ရပါ မယ်ဆိုပြီး ပါချင်ပါလာနိုင်တယ်။ စာချုပ်သစ် ထွက်လာ မယ် ဆိုရင် လည်း အသစ် တက်လာမယ့်ကျောင်း သားတွေ အပေါ်မှာပဲ ချုပ်ကိုင်သင့် တယ်။ ခုလက်ရှိ ကျွန်တော်တို့ လုပ် တဲ့ဟာ ကျတော့ လက်ရှိကျောင်းသား တွေကို လက်ရှိစာချုပ်အရပဲ ချုပ်ကိုင် ခွင့်ပြုမယ် လုံးဝ မဝင်မနေရ ပုံစံမျိုး မဟုတ်ရဘူး ဆိုပြီး တောင်းဆိုထား တာ။ အခုက ကျွန်တော်တို့ကို လိုင် စင်ပြန်ပြီး ပေးကိုင်မယ် ဆိုတော့ အ စိုးရအလုပ် ဝင်တာနဲ့ လိုင်စင်ကို တရားဝင် ကိုင်ဆောင်ခွင့် ပြုမယ်ဆို တော့ အပြင် ပုဂ္ဂလိကတွေမှာ အချိန် ပိုင်း လုပ်လို့ရသွားပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ လက်ထဲမှာ လိုင်စင်ရသွားပြီ ဆိုတော့ လုပ်ခွင့်ရ တယ်။ အဓိကသွားတဲ့ ဦးတည်ချက် ကတော့  လိုင်စင် ကိစ္စပေါ် အခြေခံ ပြီးတော့ သွားတာပေါ့။ သူနာပြု သက် မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီးတော့ လည်း အရင်ကတည်းက ဖိနှိပ်မှုတွေ ရှိနေတယ်။ ကျန်းမာရေး ဝန်ကြီးဌာန ဘက်ကလည်း လုပ်ပေးရမယ့် လို အပ်ချက်တွေ ရှိနေတယ်။ အခု လိုင် စင်ကိစ္စအနေ နဲ့ ကြည့်မယ်ဆိုရင် တော့ ဒါဟာ ၈ဝ ရာခိုင်နှုန်းကျော် အောင်မြင်တယ်လို့ ယူဆတယ်။ ဒါ ပေမယ့် တခြားကိစ္စတွေနဲ့ ပတ်သက် ပြီး ဝန်ကြီး ဌာနက ဆက်သွယ်လို့ရ အောင် ဝန်ကြီး ကိုယ်တိုင်က ဖုန်း နံပါတ်တွေ ပေးသွားတယ်။ နောက် နောင် တောင်းဆိုစရာတွေ ရှိလာ ရင် တိုက်ရိုက်ဆက်သွယ်လို့ ရတယ် ဆိုတာလည်း ပြောထားတယ်။ ထပ် ပြီး တောင်းဆိုစရာ ရှိတယ်ဆိုရင် လည်း ပွင့်ပွင့်လင်းလင်း သူတို့ပြော သလို မိသားစုသဖွယ် ဌာနတွင်း တောင်း ဆိုလို့ ရမယ်၊ သူတို့ဘက်က လိုက်လျောပေးနိုင်တာရှိရင် လိုက် လျောပေးမယ်။ ဝန်ကြီးကလည်း သူ့သက်တမ်းကို ကြည့်မယ်ဆိုရင် ၁ဝ လသားကျော်ပဲ ရှိသေးတယ်။ တစ် နှစ်မပြည့်သေးဘူး။ သူတို့ကို တောင်း ဆိုချက်တွေ အများကြီး သွားတောင်း ဆိုလို့ မရဘူး။ ဖြည်းဖြည်းချင်းတော့ တောင်းဆိုသွားမယ်။

မကေခိုင်ထွန်း
(ရန်ကုန် သူနာပြုတက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ တတိယနှစ် ကျောင်းသား ကိုယ်စားလှယ်)

တောင်းဆိုချက်တွေ ကျန်နေပါ သေးတယ်။ ညီမတို့ ထုတ်ပြန်ချက် ထုတ်ပြန်ထားတဲ့ အတိုင်းပဲ ဝန်ကြီးနဲ့ အလွတ် သဘော တွေ့ဆုံ တုန်းကကျ တော့ ပြောခဲ့တာတွေ ပြောခဲ့ပြီးပြီ။ မရတဲ့ဟာတွေလည်း မရသေးဘူး။ သူနာပြုနဲ့ သားဖွားကောင်စီနဲ့လည်း ညှိနှိုင်းစရာတွေ ရှိတဲ့ဟာတွေ ညှိနှိုင်း ကြမယ်။ အကုန်လုံး ခြုံပြောရမယ် ဆို ရင် အခုက ၅ဝ-၅ဝ ရာခိုင်နှုန်း လောက်ဖြစ်နေတယ်။ အဲဒါကြောင့် မို့ ဆက်လုပ်စရာ ရှိတာတွေ ဆက်လုပ် သွားမယ်၊ တောင်းဆိုစရာ ရှိတာတွေ ကို တောင်းဆိုသွားမယ်၊ ညှိနှိုင်းပြီး တောင်းဆို သွားမယ် ဆိုပြီးတော့ လုပ် ထားပါတယ်။

ဒေါက်တာ စံရွှေဝင်း
(ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကျန်းမာရေး နှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ)

ရှင်းရှင်းလေးပဲ။ နိုင်ငံမှာ လိုအပ် ချက်တွေ အများကြီး ရှိနေတယ်ဆို တော့ သင်တန်းက နိုင်ငံတော် ကပေး တယ်ဆိုတော့ နိုင်ငံတော် အတွက် တော့ ပြန်ပြီး တာဝန်ထမ်းဆောင်ပေး ရမှာပေါ့။ လိုင်စင် အနေနဲ့ကတော့ သူတို့ကို မပေးချင်လို့ မပေးတာမ ဟုတ်ဘူး။ အရင်တုန်းက တစ်စက်မှ မဝင်ဘဲ အပြင်မှာချည်း သွားလုပ်နေ ကြတဲ့အတွက် လိုင်စင်ကို ခဏထိန်း သိမ်းထားတဲ့ သဘောပါပဲ။ မပေးဘူး ဆိုတာမျိုး မဟုတ်ပါဘူး။ အခု ကလေး တွေ ပြောနေသလို အထဲမှာတော့ (အစိုးရ ဆေးရုံ) ၁ သိန်း ၈ သောင်း လောက်ပဲရတယ်။ အပြင်မှာတော့ လုပ်ရင် ၅ သိန်း  ၁ဝ သိန်းဆိုရင် အပြင်မှာပဲ လုပ်ချင်တယ် ဆိုရင် ဒီ နိုင်ငံရဲ့အခြေအနေက အစကတည်း က ကိုယ့်ဟာကိုယ် အပြင်မှာလုပ်လို့ ရတဲ့ အခြေအနေ လုပ်လေ။ ဆင်း ပေးရမယ်ဆိုတာက ဆရာဝန်တွေ လည်းရှိတာပဲ။ သူတို့ချည်းပဲမှ မဟုတ် ဘဲ။ ဒါပါပဲ။ အခု လိုင်စင်ပေးတယ် သူ တို့လုပ်မယ် ဆိုရင်လည်း ပြီးတာ ပါပဲ။ သူတို့ကျေနပ်လို့ လုပ်တယ်ဆို ရင် အစကတည်းက သူတို့ စာချုပ် ချုပ်ထားတယ်လေ။ အပြင်မှာ အ ချိန်ပိုင်း လုပ်ဖို့ဆိုတာကလည်း ဆေး ရုံက ဂျူတီက တအားကို ရှိတယ်လေ။ သူများဆီမှာ အချိန်ပိုင်း သွားလုပ်ဖို့ က တော်တော်ကို ပင်ပင်ပန်းပန်း ခံနိုင် မှ သွားလုပ်လို့ ရမှာလေ။ အဲဒါ အ တွက်ကို သိပ်ပြီးတော့ လုပ်ချင်တယ် ဆိုရင်တော့လည်း မတတ်နိုင်ဘူး။ ဒါပေမယ့် အပြင်မှာ လုပ်ဖို့အတွက် မွေးထုတ် ထားတာ မဟုတ်ဘူးလေ။ ဒီထဲမှာ တာဝန် ထမ်းဆောင်ပြီးရင် ကြိုက်တဲ့နေ ရာသွားလို့ ရတယ်လို့ အစကတည်းက ပြောထားပြီးသားပဲ။ အဲဒါကို မကျေနပ်တာ ဆိုတော့ ကျွန် တော် လည်း မပြောတတ်ဘူး။ နိုင်ငံ တကာနဲ့ ကျွန်တော်တို့နဲ့က မတူ ဘူး။ နိုင်ငံတကာမှာက ကိုယ့်စရိတ် နဲ့ ကိုယ်တက်ရတာ။ ကိုယ့်စရိတ် နဲ့ ကိုယ်တက်တယ် ဆိုတော့ ကိုယ်လုပ် ချင်တာ လုပ်လို့ရတယ်။ ဒီမှာလို ထောက်ပံ့ထားတာမျိုး မရှိဘူး။ ပုဂ္ဂ လိက ဆေးရုံတွေ က ထောက် ပံ့ထား တယ် ဆိုရင်လည်း သူတို့ထောက်ပံ့ ထားတဲ့ဆီကို ပြန်လုပ်ရမှာပေါ့။ ဒါ ပေမယ့် တစ်ခုတော့ ရှိတာပေါ့ ကျွန် တော်တို့ဆီမှာ သူတို့ ဆီနဲ့ ကွာတာက ပုဂ္ဂလိကနဲ့ အရမ်း ကွာတာက လစာ နှုန်းထားက ကွာတဲ့သဘောရှိတာ ပေါ့။ သူတို့ဆီမှာ က ဒီလောက်ကြီး မကွာလှ ဘူး။ သူတို့လည်း ဒီလိုပါပဲ သတ်မှတ်ချက် ပြည့်လို့ ရှိရင်တော့ ကြိုက်တဲ့ နေရာ သွားလို့ရတာပဲ။ သတ်မှတ်ချက် ကိုတော့ ပြည့်မီအောင် လုပ်ပေးရတာပဲ။ အလုပ် ထွက်တာ ထွက်လို့ရတယ်။ သူတာဝန်ထမ်း ဆောင်ရမယ့် အချိန်ပြီး လို့ရှိရင် စာ ချုပ်ချုပ်ထားတဲ့ အတိုင်း ပြည့် လို့ရှိ ရင်ထွက်လို့ရတယ်လေ။ အခုက ဝင် ကိုမဝင်ဘဲနဲ့ ကျောင်းတက်တုန်း က တက်တယ်။ ဒီက စရိတ်ကို ယူတုန်း ကယူတယ်။ စာချုပ် ချုပ်ထားတယ်။ ပြီးတော့မှ စာချုပ်ချုပ် ထားတဲ့အထဲ က လျော်ကြေးလေးက နည်းနေတဲ့ အခါကျတော့ တာဝန်မထမ်းဆောင် ဘူးဆိုပြီးတော့ သွားတဲ့သဘောပါပဲ။ တာဝန် ထမ်းဆောင် ရမယ် ဆိုတာ ကတော့ အစိုးရဆီက ပိုက်ဆံယူထား တဲ့အတွက်ကြောင့် လုပ်ရမှာပါပဲ။ မယူထားတဲ့ လူအတွက်တော့ လုပ် စရာမလိုဘူး။ ဒီမှာတော့ သူတို့ နား လည်မှု ဘယ်လို လုပ်ကြလဲတော့ မသိဘူး။ စာချုပ်ချုပ် ထားတယ်၊ နိုင်ငံ တော်က ထောက်ပံ့တာ ယူထားတယ်။ သတ်မှတ်တဲ့ အတိုင်း ထမ်းဆောင် ပေါ့။ ကျွန်တော်တို့ တုန်းကလည်း ကိုယ့်စရိတ် ကိုယ် စားပြီး ၃ နှစ်တော့ မဖြစ်မနေ တာဝန်ထမ်းဆောင်ခဲ့ရ တာတွေ ရှိခဲ့တာပဲ။ ဒါကတော့ နိုင်ငံ တစ်နိုင်ငံ နဲ့ တစ်နိုင်ငံ မတူပါဘူး။ လိုအပ်ချက် အရ လုပ်ရတဲ့ သဘောပဲ ဖြစ်ပါတယ်။ အတင်းအကျပ် လုပ် တယ်ဆိုတဲ့ သဘောမျိုးထက် လိုအပ် ချက်က တအားများနေလို့ပါ။ လို အပ်ချက်က အများကြီးပဲ။ နေရာတိုင်း မှာ ရှိမှ မရှိတာ။ ဖွဲ့စည်းပုံအရဆိုရင် ကျွန်တော့်အမြင်ပြောရရင် လေးပုံ သုံးပုံ သာသာလောက်ပဲ ရှိတယ်။ ရှိတဲ့လူတွေထဲက တတိတိနဲ့ ထွက် သွားမယ်ဆိုရင် အလုပ်လုပ်ဖို့က တအား ခက်သွားမယ်လေ။

ကိုဝေယံဖြိုးမိုး
(ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ ကျောင်းသားထု အခွင့်အရေး ကာကွယ်စောင့် ရှောက်ရေးကော်မတီ ဝင်)

အစိုးရမှာလည်း အစိုးရရဲ့လိုအပ် ချက်အတိုင်း ရှိပါလိမ့်မယ်။ သူနာပြု တွေမှာလည်း သူနာပြုတွေရဲ့ ဘဝ ပေး အခြေအနေအရ လိုအပ်ချက်တွေ ရှိကြပါလိမ့်မယ်။ ထို့အတူ ပြည်သူတွေ မှာလည်း ကျန်းမာရေး ကဏ္ဍနဲ့ ပတ် သက်လို့ လိုအပ်ချက်တွေ ရှိနေကြပါ တယ်။ ဒါ့ကြောင့် ယနေ့ ဖြစ်ပေါ်နေ တဲ့ မပြေလည်မှု အခင်းအကျင်း ပြဿနာတွေကို ညှိနှိုင်း အဖြေရှာ ခြင်းမှတစ်ပါး အခြားနည်းလမ်း မရှိ ဘူးလို့ ကျွန်တော် အရင် ပြောလိုပါ တယ်။ ညှိနှိုင်း အဖြေရှာကြရပါမယ်။ ဒီလို မဟုတ်ဘဲနဲ့ နေနေရင် အဖြေက ထွက်မှာ မဟုတ်ပါဘူး။ သူနာပြုတွေ ဟာ ကျောင်းသားတွေ ဖြစ်နေသလို တစ်ဖက်မှာ လည်း အလုပ်သမားတွေ ဖြစ်နေကြပါတယ်။ ဒီတော့ ကျွန်တော် တို့ ကော်မတီ နဲ့ တိုက်ရိုက် ပတ်သက် နေတဲ့ကိစ္စပါ။ ဒါကြောင့် ကျွန်တော် တို့ကတော့ သူနာပြုတွေ တောင်းဆို တဲ့အချက်တွေ ရဖို့အတွက် ဆက် လက်ဝန်းရံသွားမှာပါ။ ဒီဖြစ်စဉ်တစ်ခု လုံး ဘာ့ကြောင့်ဖြစ်ရလဲ၊ ဘာ့ကြောင့် ဆန္ဒတွေ ပြကြရတဲ့ အထိ ဖြစ်ရသလဲ ဆိုတာကို ရှင်းလင်း ပြတ်သားစွာ သိရှိရစေဖို့ အခု ကျွန်တော်တို့ တွေ့ ဆုံမေးမြန်းမှုတွေ နဲ့ သုတေသန လုပ် နေပါတယ်။ အစိုးရကတော့ ခုချိန် မှာ လုပ်ပိုင်ခွင့် အရှိဆုံး ဖြစ်နေပါ တယ်။ တလောကတင်ပဲ ပြေလည် တယ် ဆိုတဲ့ ကြေညာချက် တစ်ခု ထွက် လာပါတယ်။ အဲဒီလို ကြေညာချက် ထွက်ပြီး မကြာခင်မှာပဲ ကျောင်း သားတွေဘက်က ဆက်လက် တိုက်ပွဲ ဝင်မယ်ဆိုတဲ့ ကြေညာချက် ထပ်ထွက် လာပါတယ်။ ဒါကို ကြည့်ခြင်းအား ဖြင့် တောင်းဆိုမှုတွေဟာ ခုချိန်အ ထိ မပြေလည်သေးဘူး ဆိုတာ အထင် အရှားတွေ့ ကြရမှာ ဖြစ်ပါတယ်။ ဒီ တော့ သူနာပြုတွေက အားမလျှော့ သွားဖို့ လိုပါတယ်။ ရှိနေတဲ့ အင်အား စု လျော့မသွားအောင် ထိန်းသိမ်းထား ဖို့လည်း လိုပါတယ်။ ကျန်းမာရေး ကဏ္ဍနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကော်မတီက နည်းနည်း အလှမ်းဝေး နေတာဖြစ်တဲ့ အတွက် ဘယ်လိုလုပ် သင့်တယ်၊ ဘယ်လို သဘောတူညီမှု မျိုးရမှ တောင်းဆိုမှုကို ရပ်နားရမယ် စသဖြင့်တော့ ကျွန်တော်တို့ မှတ်ချက် ပေးဖို့ မရှိပါဘူး။ အဓိကကတော့ အားလုံး ပြေလည်ဖို့ ညှိနှိုင်းအဖြေရှာ ကြပါလို့ပဲ ပြောလိုပါတယ်။ ဘာ့ ကြောင့်လဲဆိုတော့ နှစ်ဖက်ထိတွေ့မှု မဟုတ်ဘဲ ကျန်းမာရေးစောင့်ရှောက် မှုလိုအပ်နေတဲ့ ပြည်သူတွေ ရှိနေလို့ ပါ။

ဦးဖုန်းမြင့်အောင်
(အမျိုးသားလွှတ်တော် ကိုယ်စား လှယ်ဟောင်း)

သူနာပြုတွေကို ၃ နှစ်လုပ်ပြီး မှ လိုင်စင်ပေးမယ်။ အလုပ် ထွက်ခွင့် ပေးမယ်ဆိုတာကို အရင်တုန်းက သဘောတူ ခဲ့ကြပြီး အခုမှ သဘော မတူဘူး ပြင်ပေး ဆိုတာကတော့ ကျွန် တော် လုံးဝသဘောမတူဘူး။ ဓားမိုး ပြီးလုပ်ခဲ့ကြလို့ သဘောတူခဲ့ရတာ။ ခုတော့ သဘော မတူတော့ဘူးလို့ လုပ်လို့မရဘူး။ ဒီပညာ အရည်အချင်း ကို နိုင်ငံတော် ကပေးတာ။ နိုင်ငံတော် အတွက် ပြန်ပြီး အလုပ် လုပ်ပေးရ မယ်။ ဒါကို မလုပ်ပေးချင်ဘူးဆိုရင် အစိုးရကျောင်းမှာ မတက်နဲ့လေ။ ဘယ်သူကမှ အတင်းတက်ခိုင်းတာမှ မဟုတ်တာ။ အခုက ဘယ်လိုဖြစ်နေ လဲဆိုရင် နဂိုကတော့ သဘောတူပြီး ဒီအစိုးရ လက်ထက်ကျမှ သဘော မတူဘူး ဆိုပြီး ထပ်လုပ်တဲ့ ပုံစံမျိုးဖြစ် နေတယ်။ လွတ်လွတ်လပ်လပ် သင် ချင်ရင် ပုဂ္ဂလိက ကျောင်းတွေမှာ သင်လို့ရတယ်။ နိုင်ငံခြား ထွက်ပြီး သင်လို့ရတယ်။ ဒါဆိုရင် ကိုယ့်ဘာ သာကိုယ် ဆုံးဖြတ်ချက် ချလို့ရတယ်။ အခုဟာကတော့ မရဘူး။ ကျွန်တော် ထင်ပါတယ်။ သဘော တူညီချက်ကို ကျောင်းစတက် ကတည်းက သူတို့ တွေ သိထားပြီးသား။ သူနာပြု မဖြစ် ခင်ကတော့ ဒါကို သဘောတူပြီး ဖြစ်ပြီးခါမှ သဘော မတူတော့ဘူး ဆိုတာကတော့ မဖြစ်သင့်ဘူးလေ။ ဆရာဝန်တွေ လည်း အဲဒီအတိုင်းပဲ လုပ်ပေး ရတာပဲ။ ဒါမှ ဆမ ရတာ။ မဟုတ်ရင် မရဘူး။ အခုတချို့ ပြော ကြတယ်။ လစာနည်းလို့တဲ့။ ဟုတ် ပြီ။ ကိုယ်စလုပ် ကတည်းကိုက ဒီ အလုပ်က လစာမကောင်းဘူး ဆိုတာ မသိဘူးလား။ လေ့လာလေ။ ဘယ် အလုပ်မှ လစာမကောင်းဘူး။ ဘာ ဖြစ်လို့လဲ ဆိုတော့ အစိုးရက ပိုက်ဆံ မှ မရှိတာ။ ပိုက်ဆံရှိမှ သူ လခတွေ တိုးပေးနိုင်မှာပေါ့။ ဒါ့ကြောင့် သူနာ ပြုတွေ အနေနဲ့ နိုင်ငံတော်နဲ့သဘော တူညီချက်ကို လိုက်နာဖို့ လိုမယ်။ ဒီ လိုက်နာချက်ကို ဖျက်ပေးဖို့ သမ္မတ လည်း မတတ်နိုင်ဘူး။ နိုင်ငံတော် အတိုင်ပင်ခံလည်း မတတ်နိုင်ဘူး။ ဖျက်လိုက်တာနဲ့ကို ပျက်သွားမှာပဲ။ တချို့က ပြည်ပထွက်ချင်ကြတယ်။ ကျွန်တော်ပြောမယ်။ ၃ နှစ်လောက် နိုင်ငံတော် အတွက် အလုပ် လုပ်ပေးရ တာနဲ့ သူဌေးဖြစ် နောက်မကျသေး ဘူး။ အချိန်တွေက အဲဒီလောက် အထိ ကုန်ဆုံးမမြန်ဘူး။ ဥပမာ စင် ကာပူဗျာ။ စစ်မှုမထမ်း မနေရရှိတယ်။ ၂ နှစ်ပေါ့။ ကိုယ်က ကုမ္ပဏီပိုင်ရှင် ကြီးဖြစ်ပါစေ။ ရှောင်လွှဲလို့မရဘူး။ လုပ်ရတာပဲလေ။ ခုလည်း ဒီအတိုင်း ပဲဖြစ်ရမှာပဲ။ နိုင်ငံတော် အတွက် တောင် ဒီလောက်လေးမှ မလုပ်ပေး နိုင်ရင် ဘာလုပ်တော့မလဲ။

ပေါ်ပြူလာနယူးစ် အဖွဲ့

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*