လစာအများဆုံးပေးသည့်အလုပ်များအနက် ဘဏ္ဍာ ရေး ဆိုင်ရာ အလုပ်အကိုင်များ ဝန်ထမ်း ခေါ်ယူ မှုများ

လစာအများဆုံးပေးသည့်အလုပ်များအနက် ဘဏ္ဍာ ရေး ဆိုင်ရာ အလုပ်အကိုင်များ ဝန်ထမ်း ခေါ်ယူ မှုများ
March 22, 2017 Asian Fame

5:30 pm
လစာအများဆုံးပေးသည့်အလုပ်များအနက် ဘဏ္ဍာ ရေး ဆိုင်ရာ အလုပ်အကိုင်များ ဝန်ထမ်း ခေါ်ယူ မှုများ

ရဲလွင်
ရန်ကုန်၊ မတ် ၂ဝ

အွန်လိုင်း အလုပ်အကိုင်ရှာဖွေ ရေးကဏ္ဍတွင် ဘဏ္ဍာရေး၊ ငွေကြေး စီမံရေးနှင့် စာရင်းကိုင် စသည့် အလုပ်အကိုင်များသည် လစာငွေအပေးဆုံးဖြစ်နေပြီး အလုပ်ခေါ်ယူမှုလည်း အများဆုံးဖြစ်နေကြောင်း သိရသည်။အဆိုပါ လုပ်ငန်းများကို လစာ ငွေ ၇ သိန်းခွဲအထက်ဖြင့် ခေါ်ယူ လျက်ရှိပြီး အခြားလစာမြင့်မားသည့် အလုပ်အကိုင်များထက်ပင် အလုပ်သမားခေါ်ယူမှု အများဆုံး ဖြစ်နေကြောင်း အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက် work. com.mm မှ သိရသည်။

ယင်းလုပ်ငန်း အမျိုးအစားများတွင် အကြီးတန်းစာရင်းကိုင်ရာထူး၊ ငွေကြေးစီမံခန့်ခွဲမှုမန်နေဂျာ၊ စာရင်းစစ် စသည့်ရာထူးများဖြင့် ခေါ်ယူမှု မြင့်မားနေခြင်းဖြစ်ကြောင်း၊ လစာမြင့်သည့် အလုပ်အကိုင်အမျိုးအစားများတွင် ဒုတိယအများဆုံးမှာ အိုင်တီနှင့် ဆော့ဖ်ဝဲကဏ္ဍဖြစ်ကြောင်း၊ ၎င်းကဏ္ဍတွင် အ များဆုံးခေါ်ယူသည့် အလုပ်အကိုင် ရာထူးများမှာ ဆော့ဖ်ဝဲ ရေးသားဖန်တီးခြင်း၊ မိုဘိုင်းဖုန်းအက်ပလီကေး ရှင်းရေးသား ဖန်တီးခြင်းနှင့် အိုင်တီပရောဂျက်မန်နေဂျာ စသည်တို့ ဖြစ်ကြောင်း work. com.mm က ဆိုသည်။

ထို့အပြင် ဈေးကွက်ရှာဖွေ ခြင်း၊ အရောင်း၊ အင်ဂျင်နီယာ၊ စီမံခန့်ခွဲရေးနှင့် ကုန်စည်ပို့ဆောင် ရေးလုပ်ငန်း၊ လူသားအရင်းအမြစ် စီမံခန့်ခွဲမှု အလုပ်အကိုင်၊ အကြံ ပေးလုပ်ငန်းနှင့် ပညာရေးနှင့် သက် ဆိုင်သော အလုပ်အကိုင် အမျိုးအစားများက လစာအမြင့်ဆုံးပေး၍ ခေါ်ယူသည့် လုပ်ငန်းကဏ္ဍတွင် အစဉ်လိုက် ရပ်တည်နေကြောင်း သိရသည်။

အဆိုပါ အလုပ်အကိုင်များကို ရန်ကုန်၊ မန္တလေးနှင့်ဧရာဝတီတိုင်း ဒေသကြီးတို့မှ အများဆုံးခေါ်ယူ နေကြကြောင်း၊ ၎င်းအလုပ်အကိုင် ရာထူးများအတွက် လုပ်ငန်းအတွေ့ အကြုံရှိမှုထည့်သွင်းခေါ်ယူရာတွင် လုပ်သက် ၅ နှစ်မှ ၇ နှစ်ကြားရှိ သည့် ဝန်ထမ်းများ အများဆုံးခေါ် ယူလျက်ရှိကြောင်း လုပ်သက် ၂ နှစ် မှ ၅ နှစ်ကြားရှိသူများကို ခေါ်ယူ ခြင်းက ဒုတိယအများဆုံးဖြစ်ပြီး လုပ်သက် ၇ နှစ်နှင့်အထက် ရှိသူ ကို ခေါ်ယူခြင်းက တတိယအများဆုံးဖြစ်ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*