ယခုနှစ် ကိုရီးယားသို့ အလုပ်ခေါ်စာ လျော့နည်းသွား

ယခုနှစ် ကိုရီးယားသို့ အလုပ်ခေါ်စာ လျော့နည်းသွား
March 22, 2017 Asian Fame

11:25 am
ယခုနှစ် ကိုရီးယားသို့ အလုပ်ခေါ်စာ လျော့နည်းသွား

korwa

ရဲလွင်
ရန်ကုန်၊ မတ် ၂ဝ

ယခုနှစ်အတွက် ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ရန် အလုပ်ခေါ်စာ ၅ဝဝဝ ရရှိထားပြီး ယခင်နှစ်ထက် ၅ဝဝ လျော့နည်းသွားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏စာရင်းတွင် ဖော်ပြထားသည်။

အလုပ်ကြိုးစားမှု၊ လုပ်ငန်းကျွမ်းကျင်မှု၊ စည်းကမ်းလိုက်နာမှု၊ တရားမဝင်နေထိုင်မှု စသည့် စံချိန်စံညွှန်းများကိုကြည့် ၍ ကိုရီးယားမှ ၎င်းတို့နိုင်ငံတွင် လာ ရောက်အလုပ်လုပ်ကိုင်သည့် အခြားသော နိုင်ငံများအပေါ်တွင် အလုပ်ခေါ်စာ ခွဲခြမ်းပေးခြင်းဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ”အရင် ၂ဝ၁၆ ခုနှစ်က အလုပ်ခေါ်စာ ၅၅ဝဝ ရတယ်။ အခုနှစ်က ၅ဝဝဝ ရ တယ်။ ခုနကပြောတဲ့ စံချိန်စံညွှန်းတွေအ ပေါ်မှာ ကြည့်ပြီးခွဲတမ်းပေးတာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကိုရီးယားနိုင်ငံသို့ နိုင်ငံ ပေါင်းစုံစုစုပေါင်း ၁၆ နိုင်ငံမှ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိပြီး ယင်းထဲတွင် မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။ ယင်းအတွက် ကိုရီးယားဘာသာစကား အရည်အချင်းစစ် စာမေးပွဲ လျှောက်လွှာ များကို မတ်လ ၂ဝ ရက်နေ့မှ ၂၄ ရက်နေ့ ထိ ရန်ကုန်မြို့ မြောက်ဒဂုံပင်လုံ ခန်းမ တွင် ထုတ်ပေးလျက်ရှိပြီး သတ်မှတ်စာ ရွက်စာတမ်းများနှင့် လျှောက်လွှာကြေး အမေရိကန် ဒေါ်လာ ၂၄ ဒေါ်လာသွင်း၍ လျှောက်လွှာထုတ်ယူနိုင်သည်။

ယင်းလျှောက်လွှာ ထုတ်ယူရာတွင် လာရောက်ထုတ်ယူသူအားလုံးကို လျှောက် လွှာထုတ်ပေးသွားမည်ဖြစ်ပြီး အရည်အချင်း စစ်စာမေးပွဲများဖြေဆိုအောင်မြင် ပြီးသူသာ သွားရောက်အလုပ်လုပ်ကိုင်ရ မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆိုထားသည်။ ”ပထမလာထုတ်တဲ့ ၂ဝ ရက်နေ့မှာ ပဲ လူ ၃ သောင်းလောက်ရှိတယ်။ လျှောက်လွှာအရင်ရသူ အလုပ်ရမှာမဟုတ်ပါဘူး။ အားလုံး လျှောက်လွှာရမှာပါ။ စာမေးပွဲတွေ နဲ့ အဆင့်ဆင့်ကို ဖြတ်ကျော်အောင် မြင် ပြီးသူမှ အလုပ်ရမှာ။ ပြီးတော့ ကိုရီးယား ဘက်က ဒီနှစ်အတွက် လူ ၅ဝဝဝ ခေါ်တဲ့အတွက် တကယ်တန်းလျှောက်လွှာ တစ်သောင်းလောက်ကို သူတို့ဆီပေးလိုက် ရမှာ။ အဲ့အထဲကမှ သူတို့ကြိုက်တဲ့လူ ၅ဝဝဝ ကိုရွေးပြီးခေါ်မှာ။ ဒီတော့ အလုပ်ရခြင်း၊ မရခြင်းက လျှောက်လွှာဦးဆုံးရ ခြင်း၊ မရခြင်းနဲ့ မဆိုင်ပါဘူး” ဟု တာဝန် ရှိသူက ပြောသည်။ ကိုရိးယားသို့ အလုပ်သမားစေလွှတ်ခြင်းကို ကိုရီးယား-မြန်မာ G to G အစီအစဉ်ဖြင့် ပို့ဆောင်ခြင်းဖြစ်ပြီး မကြာခင်တွင် ရေလုပ်ငန်းအတွက်လုပ်သားစေ လွှတ်ခြင်းကိုလည်း ခွင့်ပြုရန်အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက စီစဉ်လျက်ရှိသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*