ကိုရီးယား ရေလုပ်ငန်းတွင်လုပ်ရန် အလုပ်ခေါ်စာများ ဝန်ကြီးဌာနသို့ပေးပို့ထား

ကိုရီးယား ရေလုပ်ငန်းတွင်လုပ်ရန် အလုပ်ခေါ်စာများ ဝန်ကြီးဌာနသို့ပေးပို့ထား
March 22, 2017 Asian Fame

5:27 pm
ကိုရီးယား ရေလုပ်ငန်းတွင်လုပ်ရန် အလုပ်ခေါ်စာများ ဝန်ကြီးဌာနသို့ပေးပို့ထား

ရဲလွင်
ရန်ကုန်၊ မတ် ၂ဝ

ကိုရီးယားသို့ ပထမဦးဆုံးအနေ ဖြင့် ရေလုပ်သားပို့ဆောင်ရန် အလုပ်ခေါ်စာ ၂ဝဝ ခန့် ရရှိထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနမှ တာဝန်ရှိသူကပြောသည်။ ယင်းအလုပ်သမား ခေါ်စာများကို စိစစ်လျက်ရှိပြီး အဆင်ပြေပါက ကိုရီးယားမှ ရေလုပ်သားခေါ်သည့်ကုမ္ပဏီနှင့် မြန်မာနိုင်ငံမှ ရေ လုပ်သားပို့မည့် ပြည်ပအလုပ်အကိုင် အေဂျင်စီတို့ စာချုပ်ချုပ်၍ အလုပ် သမားစေလွှတ်မည်ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။

”ခေါ်စာနဲ့ ပတ်သက်ပြီး သေချာစိစစ်နေပါတယ်။ အခုမှ ပထမဦးဆုံးအနေနဲ့ စေလွှတ်မယ့် ကဏ္ဍဖြစ်နေတော့ ဟိုဘက်ရော ဒီဘက် ရော သေချာစိစစ်နေရပါတယ်” ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။ ယခု စေလွှတ်မည့် လုပ်ငန်း သည် ကိုရီးယားနိုင်ငံရှိ ကမ်းနီး ကမ်း ဝေးငါးဖမ်းစက်လှေများတွင် အလုပ် လုပ်ကိုင်ရန်ဖြစ်ပြီးယခင်က စေလွှတ်ခဲ့ဖူးခြင်း မရှိသည့် လုပ်ငန်းအမျိုးအစားလည်း ဖြစ်သည်။ ထို့ပြင် လက်ရှိ မြန်မာမှ ကိုရီးယားသို့ MoU ဖြင့်စေလွှတ်သည့် လုပ်ငန်းမျိုးမဟုတ်ဘဲ သီးသန့် စာ ချုပ်ဖြင့် စေလွှတ်မည့် အစီအစဉ်လည်းဖြစ်သည်။ ကိုရီးယားနိုင်ငံရှိ ကမ်းနီး ငါးဖမ်းစက်လှေများတွင် သွားရောက်လုပ်ကိုင်နိုင်ရန် အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခွင့်ပြုပေးမည် ဖြစ်ပြီး အလုပ်ခေါ်စာများရှိပါက တင်ပြပေးရန် မြန်မာပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင် များအသင်းချုပ် MOEAF သို့ပြော ကြားထားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ MOEAF အတွင်းရေးမှူး ဦးကျော်ထင်ကျော်က ”ကျွန်တော်တို့ ဆီကိုတော့ မရောက်ဘူး။ ကိုရီးယားအလုပ်သမားခေါ်စာတွေက နေ ပြည်တော်ကို တိုက်ရိုက်ရောက်တာ။ သူတို့က ပြန်ချပေးမလား၊ မချ ပေးဘူးလားတော့ မသိသေးဘူး”ဟု ပြောသည်။ လက်ရှိတွင် ကိုရီးယားသို့ မြန် မာနိုင်ငံမှ စိုက်ပျိုးရေးကဏ္ဍ၊ ကုန် ထုတ်လုပ်ငန်းများနှင့် ပတ်သက်၍ အလုပ်သမား စေလွှတ်လျက်ရှိပြီး ထိုသို့စေလွှတ်ခြင်းကို အလုပ်သမား ဝန်ကြီးဌာန အစိုးရ ပြည်ပအလုပ် အကိုင်အေဂျင်စီကသာ တာဝန်ယူလုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*