ပြည်သူတီးတဲ့တရားစည် ပီပီသသမြည်ပါစေ

ပြည်သူတီးတဲ့တရားစည် ပီပီသသမြည်ပါစေ
March 16, 2017 Asian Fame

4:00 pm
ပြည်သူတီးတဲ့တရားစည် ပီပီသသမြည်ပါစေ

ယုံကြည်ပါရစေ၊ ကြွေးကြော် ဂုဏ်ယူနေပါရစေ

ယခုနှစ်မှာ စာမေးပွဲကြီးကြပ် ရေးမှူးတစ်ဦးကို ကြီးကြပ်ခ တစ် ရက် ၃ဝဝဝိ စုစုပေါင်း ၁၈ဝဝဝိ သတ်မှတ်ပြီး လက်ထောက်ကြီး ကြပ်ရေးမှူးဖြစ်တဲ့ ဆရာ၊ ဆရာမ များကို တစ်ရက် ၁၈ဝဝ ကျပ် စုစု ပေါင်း ၁ဝ၈ဝဝ ကျပ် ရရှိကြမှာ ဖြစ်ပါတယ်။ ယခင်နှစ်ကထက် အနည်းငယ် တိုးလာပါတယ်။ အ ဖြေလွှာစစ်ခတွေလည်း ယခင်နှစ် တစ်စောင်ကို ၇ဝ ကျပ်ကနေ ယခု နှစ်မှာ ၁၅ဝ ကျပ်လောက်ထိ တိုး လာမယ်လို့ ကြားရပါတယ်။ ဝမ်း သာစရာပါ။ ကျေနပ်စရာပါ။ ဒါပေမယ့် စာစစ်ဌာနတစ်ခု စာ မေးပွဲကျင်းပရေး စရိတ်ငွေကို ကျ ဘာကြောင့်များ မတိုးပေးတာပါ လဲ။ အဲဒီဘတ်ဂျက်ငွေက ဘာ ကြောင့်များ မရှိတာပါလဲ။ ယခင် နှစ်က အတွေ့အကြုံအရ စာစစ် ဌာနတစ်ခုကို မြို့နယ်က ၇ဝဝဝဝ ကျပ် စာမေးပွဲကာလအတွင်းထုတ် ပေးပါတယ်။ နောက် အသေးသုံး ကုန်ကျစရိတ်အဖြစ် စာစစ်ဦးစီး ဌာနက ဘယ်လောက်တင်တင် ၃ဝဝဝဝ ကျပ်လောက် စာမေးပွဲပြီးတဲ့အခါ ချပေးပါတယ်။ ဒီတော့ စုစုပေါင်း တစ်သိန်းဝန်းကျင် ရရှိခဲ့ ကြပါတယ်။ အမှန်တကယ်ကုန်ကျ စရိတ်က စာစစ်ဌာနတိုင်း များလှ ပါတယ်။ နေ့စဉ်မေးခွန်းထုတ် အဖြေလွှာအပ်၊ ကားငှားခ၊ စာမေး ပွဲရုံးခန်းသုံးဆိုင်ရာ ပစ္စည်းများဝယ် ယူခ၊ လုပ်အားခ၊ မိတ္တူကူး ရိုက် လှိမ့်ခ၊ A4,Legal စက္ကူထုပ်၊ ကတ်ထူ စားပွဲခင်း(အဖြူ) လိုက်ကာ စသည်များ ဝယ်ယူခြင်း၊ ကြီးကြပ် ရေးမှူးနဲ့ရုံးအဖွဲ့က အခြား တစ် နယ် တစ်ကျေးကဖြစ်လို့ ကျွေးမွေး ဧည့်ခံစရိတ်၊ ပြင်ပလုံခြုံရေး၊ ကျန်းမာရေးဌာနဆိုင်ရာများ ကျွေးမွေး ဧည့်ခံစရိတ် စတဲ့ စုစုပေါင်း ၄ သိန်းလောက် အနည်းဆုံး ကုန်ကျ လေ့ရှိပါတယ်။ အဲဒီထက် ပိုနိုင်ပါ သေးတယ်။ ပိုတာများပါတယ်။ ယခုနှစ်မှာလည်း စာစစ်ဌာနတစ်ခု ကို ၇ဝဝဝဝ ကျပ် ထုတ်ပေးတယ် ကြားရပါတယ်။ ၄ တန်း ၈ တန်း စာမေးပွဲတွေကတော့ ကျင်းပ ပြီး စီးသွားသည့်တိုင် စာမေးပွဲကျင်းပ ရေးစရိတ် ဘာဆိုဘာမှကို မကြား ရပါဘူး။ ပြောင်းလဲတိုးပေးသင့်ပါ ပြီ။ အမှန်တကယ် စာမေးပွဲ ကုန် ကျစရိတ်များ တွက်ချက်ခွင့်ပြု ပေးသင့်ပါပြီ။ အားလုံးကိုယ်စား တောင်းဆိုလိုက်ရပါတယ်။ ကိုယ့် ဌာနကိုကိုယ် အားကိုးပါရစေ၊ ယုံ ကြည်ပါရစေ၊ြေ<ွကးကြော် ဂုဏ်ယူ နေပါရစေ၊ ကြားနေပါရစေ။

Aung Aung (Education)

tayar si

အကူအညီတောင်းခံခြင်း

ကျွန်ုပ်တို့သည် မိဘအစဉ်အဆက် ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ ဖြစ်ကြပါသည်။ ပဲခူးမြို့ ဆင်ဖြူကွင်း သုသာန်အနီးရှိ စည်းကမ်းမဲ့အမှိုက်ပုံမှ မီးလောင် အမှိုက်များလေလွင့် ကူးစက်လောင်ကျွမ်းခဲ့ရာ မီးတားလမ်းများ ဖြင့် စနစ်တကျစိုက်ပျိုးထားသော ရော်ဘာပင်ပျို ၁ဝ၃၇ ပင်၊ တန်ဖိုး သိန်း ၁ဝဝခန့် ဆုံးရှုံးခဲ့ရပြီး မီးသတ်အကူအညီဖြင့် ငြှိမ်းသတ်ခဲ့ရပါသည်။ ယနေ့အထိ အဆိုပါ စည်းကမ်းမဲ့အမှိုက်ပုံမှ အမှိုက်များ တငွေ့ငွေ့လောင်ကျွမ်းနေဆဲ၊ ဆက်လက်ပြီး အမှိုက်များ ပုံနေဆဲဖြစ်သည့်အတွက် ရော်ဘာစိုက်ခင်းများ ထပ်မံမီးလောင်မည် စိုးရိမ်နေရပါသည်။ ရုံးလုပ်ငန်း၊ အစိုးရဌာနဆိုင်ရာများအကြောင်းလည်း နားမလည်ကြ သဖြင့် သင့်လျော်သလို ညှိနှိုင်းဆောင်ရွက်ပေးကြပါရန် အကူအညီတောင်း ခံအပ်ပါသည်။

ရော်ဘာစိုက်ပျိုးသူ

Tayar Si3 (1)

လျှပ်စစ်ဗို့အား ကျဆင်းမှု ပြုပြင်ဆောင်ရွက်ပြီးစီး

ရွှေပြည်သာမြို့နယ်၊ အမှတ် (၁၆) ရပ်ကွက်၊ အပိုင်း (၄)၊ သီရိရတနာ (၁)၊ (၂)၊ (၃)၊ (၄)၊ (၅) လမ်းတစ်ဝိုက်ရှိ ၄ဝဝ ဗို့လိုင်းကြိုးများ စွမ်းအားလျော့နည်းကျ ဆင်းလာခြင်းနှင့် မီးသုံးစွဲသူများလာခြင်းတို့ကြောင့် ညဘက် ဗို့အား ၁ဝဝ အောက် လျော့နည်းကျဆင်းနေခြင်းအား ၇-၃-၂ဝ၁၇ ရက်နေ့တွင် မြို့နယ်လျှပ်စစ်မန် နေဂျာရုံးမှ ၄ဝဝ ဗို့ဓာတ်အား လိုင်းအား ABC အဆင့်မြင့် ကေဘယ်ကြိုးဖြင့် အ စားထိုးလဲလှယ်ခြင်း၊ ကြိုးဖြည့်စွက်လိုင်း ဆွဲခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ရာ နေ့၊ ည ဗို့အား ၂ဝဝ ကျော်အထိ ရောက်ရှိသွားပြီဖြစ်ကြောင်းနှင့် လိုင်းကြိုးအဆင့် မြှင့်တင်မှုကြောင့် ရပ်ကွက်တွင်းရှိ ဘုန်း ကြီးကျောင်းများနှင့် အိမ်ခြေ ၂ဝဝ ကျော် ဗို့အားပြည့် သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရှိရ ပါသည်။

မိုးတွင်းမရောက်ခင်ရေနုတ်မြောင်းများ တူးဖော်ပေးကြပါ

ပဲခူးမြို့ကို ပြောင်းလဲနေတာ ကြိုဆိုပါတယ်။ မိုးတွင်းမရောက်ခင် ဆံတော်တွင်းနဲ့ ဗိုလ်ကြီးကုန်းလမ်း (နန်းတော်ရာပတ်လမ်း)ကို ရေနုတ်မြောင်းများ တူးဖော် ပေးကြပါရှင်။ ငယ်ငယ်က ရှိခဲ့ဖူးတဲ့ နောက်ဖေးရေမြောင်းဖောက်ရမယ့် စည်ပင်မြေကို အိမ်တိုင်းလိုလိုက တိုးချဲ့အပိုင်သိမ်းလိုက် တော့ နောက်ဖေးလမ်းကြားဆိုတာလည်း ပျောက်နေပါပြီ။ အိမ်ရှေ့ရေမြောင်းတွေလည်း ပိတ်နေတာများပါတယ်။ ကိုယ့် အိမ်ရှေ့ ရေမြောင်းဖော်ထားပေမယ့် တစ်လမ်းလုံး ရေမြောင်းကို ပိတ်ထားကြတော့ အိမ်ရှေ့ကရေက ဘယ်မှမစီးတော့ဘူး။ ဆံတော်တွင်းနဲ့ ဗိုလ်ကြီးကုန်းလမ်းကို သာယာလှပစေချင်လို့ပါရှင့်။

Tayar Si3 (2)

စီမံကိန်းလုပ်တာလည်း လုပ်တာပေါ့ဗျာ

ပြည်သူက ခင်းထားတဲ့ ကိုယ်ထူကိုယ်ထလမ်းတွေကို မွှေနှောက်တူးဆွ ရေပိုက်လိုင်းတွေချပြီးတော့ ဖြစ်သလိုထားခဲ့ကြတာတော့ တာဝန်မဲ့လွန်းပါတယ်။ တချို့ ရပ်ကွက်လမ်းတွေဟာ တစ်အိမ်ကို တစ်နေ့တစ်ရာ စုပြီး ခင်းထားရတာ။ ဘယ်အမေ ဘယ်အဘ တစ်ပြားတစ်ချပ်မှလာပြီး ကူထားတာမရှိဘူး။ အခုတော့ လုပ်သွားတာတွေက မျက်နှာလွှဲခဲပစ် တာဝန်မဲ့ရာ မကျလွန်းဘူးလား။ မြှုပ်လို့ပြီးသွားရင်လည်း သေသေသပ်သပ်လေးပြန် ခင်းပေးကြပါဗျာ။

ပဲခူးသား
(မှတ်ချက်။ ။ ဖော်ပြပါ တင်ပြစာများသည် ကာယကံရှင်များ၏ အာဘော်သာဖြစ်ပြီး ပေါ်ပြူလာနယူးစ်ဂျာနယ်၏ အာဘော် မဟုတ်ပါ။)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*