နာဂဒေသတွင် တီဘီပိုးရှိသူများ ထပ်တွေ့

နာဂဒေသတွင် တီဘီပိုးရှိသူများ ထပ်တွေ့
March 16, 2017 Asian Fame

3:29 pm
နာဂဒေသတွင် တီဘီပိုးရှိသူများ ထပ်တွေ့

Naga Health

လင်းဟိန်း
ရန်ကုန်၊ မတ် ၉

တီဘီရောဂါကြောင့် လူသေဆုံးမှုများဖြစ်ခဲ့သည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၌ တီဘီရောဂါ ပိုးရှိနေသူများကို ထပ်မံတွေ့ရှိရကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။ ယင်းဒေသမှ တီဘီရောဂါ သံသယရှိသူ ၃၄ ဦးကို သလိပ်နမူ နာများရယူပြီး ကျန်းမာရေးဌာနက ဓာတ်ခွဲ စစ်ဆေးခဲ့ရာ တီဘီရောဂါပိုးရှိနေသူလေးဦးကို ထပ်မံတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

”တီဘီရောဂါပိုး တွေ့တဲ့ လူနာတွေကို သေသေချာချာ ဆေးကုသပေးနေပါတယ်။ နောက်ထပ် လူနာတွေကိုလည်း တီဘီရောဂါ ရှိ/မရှိ စစ်ဆေးသွားမှာပါ” ဟု ဒေါက်တာ သန်းထွန်းအောင်က ပြောသည်။ အဆိုပါ နာဂဒေသတွင် နာတာရှည် ချောင်းဆိုးသွေးပါခြင်း၊ ပိန်လှီခြင်း အစရှိသည့် သံသယတီဘီရောဂါ၊ အသက်ရှူလမ်း ကြောင်း ပိုးဝင်ရောဂါနှင့် အာဟာရချို့တဲ့ရောဂါတို့ ဖြစ်ပွားနေပြီး ယင်းရောဂါများကြောင့် ပြီးခဲ့သည့် နှစ်လခန့်အတွင်းက လူ ၁၄ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းဒေသတွင် ယင်လုံ အိမ်သာ အသုံးပြုသူနည်းပါးခြင်း၊ နေထိုင် စားသောက်ရာတွင်သန့်ရှင်းမှုမရှိခြင်း၊ ဆင်းရဲနွမ်းပါးခြင်းတို့ ကြောင့် ယင်းကဲ့သို့သော ရောဂါများ ဖြစ်နေကြောင်း ၎င်းက ပြောသည်။ လက်ရှိတွင် ယင်းဒေသ အတွင်းရှိ လူနာများကို ပြည်သူ့ကျန်း မာရေးဦးစီးဌာန၊ တပ်မတော်ဆေး အဖွဲ့တို့မှ ဆရာဝန်များ၊ တီဘီ ရောဂါ ဆရာဝန်များ၊ ဓာတ်မှန်နှင့် ဓာတ်ခွဲ ကျွမ်းကျင်ဆရာဝန်များ ပါဝင်သော အဖွဲ့က ၂၄ နာရီ ဆေး ကုသမှုပေးလျက်ရှိကြောင်း ဒေါက် တာ သန်းထွန်းအောင်က ပြော သည်။ ယခုအခါ ယင်းဆရာဝန် အဖွဲ့သည် နာဂဒေသ လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မတ် ၃ ရက်မှ ၇ ရက်အထိ လူနာပေါင်း ၄ဝဝ ကျော်ကို ကျန်းမာရေးစောင့် ရှောက်မှု ပေးခဲ့ပြီး ဖြစ်သည်။

နာဂဒေသတွင် ကျန်းမာရေး ဝန်ထမ်းနည်းပါးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုနည်းပါး နေခြင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းတို့ကြောင့် နာတာရှည် ရောဂါများ ဖြစ်ပွားနေရခြင်းဖြစ် ကြောင်း နာဂဒေသမှအရပ်ဘက် အဖွဲ့အစည်းများက ပြောကြသည်။ ”ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းလို့ဖြစ်တာပါ။ ဒေသဖွံ့ဖြိုးမှု လည်း နည်းတယ်” ဟု နာဂ အမျိုးသားရေးရာကောင်စီ အထွေထွေအတွင်းရေးမှူး ကိုနော်အောင်ဆန်းက ပြောသည်။ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မြို့နယ် ၈ ခုတွင် ကျန်းမာရေးဝန်ထမ်း ၃ဝ၉ ဦးရှိရမည်ဖြစ် သော်လည်း ယခုအခါ ၉ဝ ဦး သာ ခန့်ထားပေးကြောင်း ၎င်းက ပြောသည်။ ယမန်နှစ် သြဂုတ်လ အတွင်းကလည်း ယင်းနာဂဒေသတွင် နာ တာရှည်ဝက်သက် ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံ ၇ဝ ဦးခန့် သေဆုံးခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*