ကျန်းမာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးစနစ်

ကျန်းမာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးစနစ်
March 16, 2017 Asian Fame

3:23 pm
ကျန်းမာရေးဝန်ဆောင်မှုနှင့် ကျန်းမာရေးစနစ်

Juan2

ကျန်းမာဖို့ ဘာအရေးကြီးသလဲ

ဒီမေးခွန်းကိုဖြေဖို့ လူမျိုးတစ်ရာ့တစ်ပါးမှာ အဖြေတစ်ရာ့တစ်မျိုး၊ ပါပလူမျိုး ကိုးဆယ့်ကိုးမှာ အဖြေကိုးဆယ့်ကိုးမျိုး ရှိနေမှာ အသေအချာပါပဲ။ ပုဂံရာဇဝင်ကို တုတ်ထမ်းပြီး ငြင်းရတယ်ဆိုသလို ပဲ ဒီမေးခွန်းရဲ့အဖြေမှာလည်း လူတစ်ကိုယ်၊ အကြိုက်တစ်မျိုးမို့ တုတ်ထမ်းဖြေကြရမှာမျိုး ဖြစ်တယ်။ အများညီ ဤကို ကျွဲဖတ်လို့ရမယ့် အဖြေမျိုးတွေကတော့ သင့်တင့်လျောက်ပတ်တဲ့ အာဟာရကိုမှီဝဲ၊ ဥတုရာသီနဲ့သဟဇာတ ဖြစ်အောင် နေထိုင်ဝတ်ဆင်၊ Medical Check Up ခေါ် လိုအပ်တဲ့ ဆေးစစ်မှုတွေ မှန်မှန်လုပ်၊ ရောဂါဖြစ်ရင် တတ်ကျွမ်းနားလည်သူ ဆရာဝန်ကြီးများ နဲ့ စောစောစီးစီးပြသ၍ ကုသမှုခံ ယူဆိုတာမျိုးတွေ ဖြေကြမှာပေါ့။

သူ့အထွာနဲ့သူ ကျိုးကြောင်းဆီလျော်တဲ့ အဲဒီအဖြေတွေကို မှားတယ်လို့ ပစ်ပစ်ခါခါ ငြင်းပယ်စရာအကြောင်းမရှိပါ။ သို့သော် ကျန်းမာဖို့ အရေးအကြီးဆုံး အ ကြောင်းတစ်ခုတည်း ပြောပါဆိုရင်တော့ အတော်လေးကို အဖြေရကျပ်လိမ့်မယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ကျန်းမာရေးအတွက် အရေးအကြီးဆုံးအရာသည် ကောင်းမွန်မှန်ကန်တဲ့ ကျန်းမာရေး စနစ် (Good Health System) ပါပဲလို့ ခိုင်ခိုင်မာမာဆိုပါတယ်။ ကျန်းမာရေးစနစ်တစ်ခုကို အောင်အောင်မြင်မြင်တည်ဆောက် အကောင်အထည် ဖော်နိုင်ခြင်းသာသည်လျှင် အဲဒီကျန်းမာရေးစနစ် လွှမ်းခြုံဝန် ဆောင်မှုပေးသော ဒေသအတွင်း နေထိုင်သူများရဲ့ ကျန်းမာရေးအ တွက် အရေးအကြီးဆုံး၊ အလိုအပ် ဆုံးကိစ္စဖြစ်ပါသတဲ့။ စနစ်တစ်ခုကို ဖန်တီးတည်ဆောက်ဖို့ဆိုတာ ယေ ဘုယျအားဖြင့် ပေါ်လစီမိတ်ကာ တွေရဲ့အလုပ်၊ လူတိုင်းလက်လှမ်း မီတဲ့အရာမဟုတ်၊ ဒါကြောင့် ငါတို့ နဲ့မဆိုင်လို့ တွေးမိသူတွေ ဒုနဲ့ဒေး။ ရှေးယခင်ကတော့ လက်တစ်ဆုပ် စာ ပေါ်လစီမိတ်ကာများလည်း ဒီ လိုပဲတွေးခဲ့၊လုပ်ခဲ့ကြတယ်။

တစ်ခါတုန်းက-

အားလုံးအတွက် ကျန်းမာရေး၊ အားလုံးကျန်းမာ သက္ကရာဇ် ၂ဝဝဝ မှာ၊ လူတိုင်းအတွက် ကျန်းမာရေးဆိုတဲ့ WHO ရဲ့ မိုးလုံးဟိန်းတဲ့ ကျုံးဝါြးေ<ွကးကြော်သံကြီးတွေနဲ့အတူ ဆင်းရဲချမ်းသာမရွေး နီးနီးဝေးဝေး၊ တတ်နိုင်နိုင် မတတ်နိုင်နိုင် ကျန်းမာရေးစောင့်ရှောက်မှု ဆုလာဘ်ကြီးကို လူတန်းစေ့ လူမှန်ရင် အခမဲ့ရရှိနိုင်စေရမယ်ဆိုတဲ့ ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကြီး (Primary Health Care) ကို လက်တစ်ဆုပ်စာ ကျန်းမာရေး ပေါ်လစီ မိတ်ကာ အီလစ်များက တကယ့်အစောင့်ရှောက်ခံလူထုရဲ့ သဘောဆန္ဒကို တစိုးတစိမှမမေးဘဲ ကိုယ့် ဇာတ်ကိုယ်ထောင်၊ ကိုယ့်ကြိုးကိုယ်ဆွဲပြီးဖန်တီးအကောင်အ ထည်ဖော်ခဲ့ကြဖူးတယ်။ အကျိုးဆက်ကတော့ ပိုးသာကုန်၊ မောင်ပုံ စောင်းမတတ်ဖြစ်ခဲ့ရတာပါပဲ။ ဆိုတော့ ယခင်က ဖန်တီးခဲ့ကြတဲ့ကျန်း မာရေးစနစ်တွေဟာ အများအား ဖြင့် မအောင်မြင်ခဲ့ကြဘူး။ ဒီလို မအောင်မြင်တဲ့ ကျန်းမာရေးစနစ် အတွက် အချိန်၊ ငွေနဲ့ လုပ်အား တန်ဖိုးတွေ ရင်းနှီးရတာ တွက်ခြေ မကိုက်ဘူး။ အကြောင်းရင်းကို ပြန် လည်သုံးသပ်ကြတဲ့အခါ ကျန်းမာ ရေးစောင့်ရှောက်မှု ပေါ်လစီတွေဟာ ချမှတ်သူထားရှိတဲ့ တန်ဖိုးက များများ၊ အမှန်တကယ်သုံးစွဲသူ တွေအတွက် တန်ဖိုးက နည်းနည်း ဖြစ်နေတာ တွေ့လာကြရတယ်။ ဘယ်လို ကျန်းမာရေးစောင့်ရှောက် မှုမျိုး လူထုကိုပေးသင့်သလဲ။ ဘာ နည်းလမ်းနဲ့ပေးမလဲဆိုတာ ပေးသူ ဘက်ကသာ တန်ဖိုးတွက်ပြီး တစ် ဖက်သတ် ဆုံးဖြတ်ချမှတ်အကောင် အထည် ဖော်လေ့ရှိခဲ့ကြတာကိုး။

ဒီလိုနဲ့ ခံရပါများလာတော့ ကျန်းမာရေးစနစ်တစ်ခုရဲ့ တန်ဖိုးဟာ ပေးဆပ်သူတို့ရဲ့ နှလုံးသားအလိုကိုချည်း လိုက်လို့မရဘူးဆိုတာ ပေါ်လစီမိတ်ကာများ သဘော ပေါက်စ ပြုလာကြတယ်။ အရေးအကြီးဆုံး အကျိုးရှင် (Stakeholder) ဖြစ်တဲ့ လူထုရဲ့သဘောထားကိုလည်း တောင်းဖို့လိုတယ်။ ဘယ်လိုကျန်းမာရေး စောင့်ရှောက်မှု နည်း နာနိဿယတွေကို ဘာနည်းလမ်းနဲ့ ဘယ်သူ့ကို ပေးမှာလဲ၊ ဘယ်ပုံဘယ်နည်း လိုချင်သလဲဆိုတာကို ရရှိမယ့် အစောင့်ရှောက်ခံလူထုအနေ နဲ့ ရွေးချယ်တတ်ဖို့ သိပ်လိုသပေါ့။ ”ဘယ်လို ကျန်းမာရေး စောင့် ရှောက်မှုတွေ လိုချင်ပါသလဲ” လို့ တကယ်မေးလာခဲ့ရင် အစောင့်ရှောက်ခံ လူထုဘက်က ”သားသားတိဘူးလေ” လို့ ပြီးစလွယ် ဖြေလို့မရပါ။ အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းများ (Civil Society) မှာ သုံးစွဲသူတို့ရဲ့ သဘောထားကို ဆန်းစစ်ညှိနှိုင်းချမှတ်တဲ့ Demand Based Health Policy ဟာ အလွန်ခေတ်စားလာပါပြီ။

ကျန်းမာရေးစနစ်ကောင်းဖို့ ဘာအရေးကြီးသလဲ

ကျန်းမာရေးအတွက် အရေး ကြီးတာက ကျန်းမာရေးစနစ်၊ ကျန်းမာရေးစနစ်ကောင်းဖို့ အရေး ကြီးတာက ကျန်းမာရေးလို့ ပတ် လည်ရိုက်လို့ မရဘူးခင်ဗျ။ သေ ချာစဉ်းစားရင် အတော်ရှုပ်တဲ့ အမယ်ဘုတ် ချည်ခင်ကြီးပါ။ WHO ကတော့ ကောင်းမွန်မှန်ကန် တဲ့ ကျန်းမာရေးစနစ်တစ်ခုဖြစ်ဖို့ အီးလေးလုံးကို ဂရုစိုက်ရမယ်လို့ ဆိုပါတယ်။

– ကျန်းမာရေးစနစ်တစ်ခုရဲ့ စွမ်းဆောင်နိုင်စွမ်း (Effective-ness)
– ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွင် လိုအပ်သော Resource များကို မှန်မှန် ကန်ကန်ခွဲဝေသုံးစွဲတတ်မှု (Efficiency)
– ကျန်းမာရေး စောင့်ရှောက်မှု ကို သာတူညီမျှပေးစွမ်းနိုင်မှု (Equity) နဲ့
– ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများရဲ့ ကုန်ကျစရိတ် (Economy ဆိုတဲ့ အီးလေးလုံးပါတဲ့။ ကျန်းမာရေးစနစ်ဆိုတာကြီးကလည်း WHO ကစတဲ့ ဇာတ်လမ်းမို့
ကိုယ့်ဇာတ်ကိုယ်နိုင်အောင်ကနိုင်ဖို့အတွက် Health System Performance Indicator ခေါ်တဲ့ ကျန်းမာရေးစနစ်ရဲ့ စွမ်းဆောင်ရည်တိုင်း အညွှန်းကိန်းများကို တီ ထွင်ဖော်ထုတ်ရပြန်ပါတယ်။ ကျန်းမာရေးစနစ်တစ်ခု ကောင်း မကောင်းကို…

– ကျန်းမာရေး အသုံးစရိတ် (Health Care Cost)
– ကျန်းမာရေးစောင့်ရှောက်မှု ပေးစွမ်းနိုင်ခြင်းနှင့် လက်ခံရနိုင်ခြေ (Assess to Health Care)
– အစောင့်ရှောက်ခံ လူထု၏ ကျန်းမာရေးအခြေအနေ (Health and Well Being Status)
– ကျန်းမာရေးစောင့်ရှောက်မှုကို လူအများ မျှော်လင့်ထားသည့် အတိုင်းအတာအထိ ပေးစွမ်းနိုင်ခြင်းရှိ၊ မရှိ (Res-ponsiveness)
– မျှတသော ကျန်းမာရေး ကုန်ကျစရိတ် (Fair Financial Contribution)
– ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ စွမ်းဆောင်ရည် (Attainment and Perfor-mance)
– အစောင့်ရှောက်ခံလူထုက လက်ရှိကျင့်သုံးနေသော ကျန်းမာရေးစနစ်အပေါ် ကျေနပ်နှစ်သိမ့်မှု ရှိ မရှိ (Satisfac-tion with Health Care System)

ဆိုတဲ့ အချက် ၇ ချက်ပါ ပေါင်းစပ်အညွှန်းကိန်း (Composite Index) နဲ့ တိုင်းတာရမယ်လို့ ဆိုတယ်။ ပြောတဲ့အတိုင်းလည်း WHO အဖွဲ့ဝင် နိုင်ငံအားလုံးရဲ့ကျန်းမာရေးစနစ်တွေကို ဒီအညွှန်းကိန်း ပေတံကြီးနဲ့ တိုင်းတယ်။ အကောင်းဆုံးကနေ အဆိုးဆုံးအထိ ကြီးစဉ်ငယ်လိုက်စဉ်ချလိုက်တဲ့ အခါမတော့…..

Juan

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*