နိုင်ငံရေးသမား တစ်ဦး ရဲ့ လောကဓံ

နိုင်ငံရေးသမား တစ်ဦး ရဲ့ လောကဓံ
March 16, 2017 Asian Fame

3:18 pm
နိုင်ငံရေးသမား တစ်ဦး ရဲ့ လောကဓံ

U-ko-Ko-Hlaing-Articleလောကမှာရှိတဲ့ လူမှန်သမျှ လာဘ်ရခြင်း၊ မရခြင်း၊ အခြွေအရံ နည်းခြင်း၊ များခြင်း၊ ချီးမွမ်းခံရခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲ ခြင်း ဆိုတဲ့ လောကဓမ္မ (လောကဓံ) တရားရှစ်ပါးကို တွေ့ကြုံကြရစမြဲ ပါ။ နိုင်ငံရေးသမား ဆိုတာလည်း လူထဲက လူတွေ ပဲမို့ လောကဓံ တရား ဆိုတာကို ရှောင်လွှဲလို့မရနိုင် ပါဘူး။ ပြီးခဲ့တဲ့ မတ်လ ၁ဝ ရက် နေ့က  တောင်ကိုရီးယား သမ္မတ ပတ်ဂွမ်ဟေးကို သမ္မတ ရာထူးက နေ ထုတ်ပယ်လိုက်တဲ့ သတင်းကို ကြားရတော့ ‘တက်တက်ကြွကြွ၊ မြင့်လွန်း လှလည်း၊ လျှော ကျ နောက် ဆုံး ရှိချေ၏’ ဆိုတဲ့ ခေါက်ရှာငှက် ပျံ၊ လောကဓံကို တွေးမိရင်း တရားသံဝေဂ ရမိပါတယ်။

နိုင်ငံရေးသမား ဖြစ်လာရတဲ့ အခြေခံ အကြောင်းတရားက သုံး မျိုးရှိပါတယ်။ ပထမ တစ်မျိုးက အ ခြေအနေတွေ တွန်းပို့လို့ ဖြစ်လာ ရတဲ့ နိုင်ငံရေးသမားတွေပါ။ နိုင်ငံ တကာနဲ့ ပြည်တွင်း အခြေအနေ တွေအရ အဲဒီခေတ်၊ အခါမှာ လူ တွေဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အတွက် မလုပ်မဖြစ်တော့လို့ နိုင်ငံ ရေးမှာ ဝင်လုပ်ခဲ့ကြရတာတွေ ရှိ ပါတယ်။ ဒုတိယ တစ်မျိုးကတော့ နီးစပ်လို့ ဖြစ်သွား ကြသူတွေပါ။ နိုင်ငံရေး နယ်ပယ်က လူတွေနဲ့ နီး စပ်တဲ့အတွက် ဆွဲဆောင်စည်းရုံးမှု နောက်ကို လိုက်ပါရင်း နဲ့ နိုင်ငံရေး ဝါဒ အတွေးအခေါ် တစ်ခုရဲ့ လွှမ်း မိုးမှုအောက်ကို ရောက်သွားတာ မျိုး၊ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း တစ်ခုအတွင်းထဲကို ဝင်ရောက်လှုပ် ရှားမိတတ်တာ မျိုးလည်း ရှိပါတယ်။ နောက်ဆုံး တစ်မျိုးကတော့ မျိုးရိုး အရ နိုင်ငံရေး နယ်ပယ်ထဲကို ရောက် လာကြသူတွေပါ။ ‘စောင့်လေမျိုး နွယ်’ ဆိုတဲ့အတိုင်း မိဘရဲ့ အလုပ် အကိုင်ကို သားသမီးက ဆက်ခံရတာမျိုးပါပဲ။ အထူး သဖြင့်တော့ နိုင် ငံရေး ခေါင်းဆောင် မိသားစု တွေမှာ ဒီလိုမျိုးဆက် နိုင်ငံရေး အမွေခံတွေကို တွေ့နိုင်ပါတယ်။ အမေရိကန်မှာ ဘုရှ် မိသားစု၊ ကနေ ဒီ မိသားစု၊ ကနေဒါမှာ ထရူးဒိုးမိ သားစု၊ ပြင်သစ်မှာ လီပန်းမိသားစု၊ အိန္ဒိယမှာ ဂန္ဒီမိသားစု၊ ပါကစ္စတန် မှာ ဘူတိုမိသားစု၊ ဘင်္ဂလားဒေ့ရှ် မှာ ရှိက်မူဂျစ် မိသားစုနဲ့ ဇီယာမိ သားစု၊ ဖိလစ်ပိုင်မှာ မားကို့စ် မိသား စု၊ အကွီနိုမိသားစု စသည်ဖြင့် အများကြီးပါပဲ။ သူတို့ အတွက် အားသာချက် ကတော့ နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ သား၊ သမီး မိသားစုဝင်တွေ ဖြစ်တဲ့အတွက်  အလွယ်တကူ လူဝင်ဆံ့နိုင်သလို လူသိများပြီးသားလည်း ဖြစ်နေပါ တယ်။ နဂိုကတည်း က နိုင်ငံရေး အတွင်းစည်းထဲမှာ ပေါက်ဖွားကြီး ပြင်းလာရတော့ အထူး ကြိုးစားပြီး ထိုးဖောက် ဝင်ရောက်ဖို့ မလိုတော့ သလို မိဘရဲ့ နာမည်ဂုဏ် သတင်း ကိုပါ အမွေ ဆက်ခံပြီးသား ဖြစ်တဲ့ အတွက် နိုင် ငံရေး လှေ ကားထစ် တွေမှာ တက်လှမ်းဖို့ ‘ရေကန်အ သင့်ကြာအသင့်’ လူထုထောက်ခံမှု ကို အလွယ်တကူရရှိနိုင်ကြပါတယ်။

ပတ်ဂွမ်ဟေး အနေနဲ့ တတိယ အုပ်စုအမွေခံနိုင်ငံရေးသမားတစ် ဦး ဖြစ်ခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဗိုလ် ချုပ်ကြီး ပတ်ချုံဟီးက ကိုရီးယားနိုင်ငံ ကို ၁၉၆၁ ခုနှစ်ကနေ ၁၉၇၉ ခု နှစ် သူလုပ်ကြံခံခဲ့ရတဲ့ အချိန်အထိ တောင်ကိုရီးယား နိုင်ငံကို အုပ်ချုပ် သွားတဲ့ နိုင် ငံခေါင်းဆောင် တစ်ဦး ဖြစ်တဲ့အတွက် ပတ်ဂွမ်ဟေး ဟာ ငယ်စဉ်ကတည်းက တောင်ကိုရီး ယား သမ္မတ စံအိမ်တော်ဖြစ်တဲ့ ‘အိမ်ပြာတော်’ မှာ နေထိုင်ကြီးပြင်း လာခဲ့ရတဲ့ ‘ရွှေလင်ပန်းနဲ့ အချင်း ဆေး’ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ အခု တော့လည်း ‘ထွက်တော်မူ၊ နန်းက ခွာ’ ခဲ့ရပြီပေါ့လေ။

သမ္မတသက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ ပတ်ဂွမ်ဟေးဟာ တောင်ကိုရီးယား နိုင်ငံရဲ့ အကြီး မားဆုံး ကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ ‘ဆမ်ဆောင်း’ အပါအဝင် တောင် ကိုရီးယား စီးပွားရေး လုပ်ငန်းကြီး တွေဆီက ဒေါ်လာသန်း ဆယ် ဂဏန်းများစွာ ရှိတဲ့ ‘အလှူငွေ’ တွေကို အတွင်းနေ လူယုံ သူငယ် ချင်းဖြစ်သူ ချွိုင်ဆွန်ဆီးလ်က သူ့ ရဲ့ဖောင်ဒေးရှင်း အတွက် အမည်ခံ ပြီး ရယူခဲ့ရာမှာ အလိုတူ အလိုပါ ဖြစ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အခု လို စွပ်စွဲပြစ်တင် အရေးယူ ခံခဲ့ရ တာ ဖြစ်ပါတယ်။ တကယ်တော့ ပဒေသရာဇ် စနစ်ပဲ ဖြစ်ဖြစ်၊ တစ် ပါတီ အာဏာရှင် စနစ်ပဲဖြစ်ဖြစ်၊ ပါတီစုံ ဒီမိုကရေစီ စနစ်ပဲဖြစ်ဖြစ် ပုထုဇဉ် လူသားတွေနဲ့ ဖွဲ့စည်းထား တဲ့ လူ့အဖွဲ့အစည်း တွေမှာ လောဘ၊ ဒေါသ၊ အတ္တတွေ မကင်းနိုင်သမျှ ငွေနဲ့ အာဏာဟာ ဒွေးရောယှက် တင် ရှုပ်ထွေးနေဦး မှာက သဘာဝ ပါပဲ။ သမ္မတဟောင်း ပတ်ဂွမ်ဟေး အတွက်ကတော့ ဒီအဖြစ် သနစ် ဟာ သူ့အဖေ သမ္မတ ပတ်ချုံဟီး ဖော်ခဲ့တဲ့ဆေး ရဲ့ ဘေးထွက်ဆိုးကျိုး ကို ခံစားခဲ့ရတယ်လို့လည်း ဆိုနိုင် ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ရှေဘိုး (Chaebol) လို့ခေါ်တဲ့  ပြည် တွင်း လုပ်ငန်းရှင်ကြီးတွေကို အမိန့် အာဏာနဲ့ အတင်းအကျပ် ဖန်တီး ခဲ့တာပါ။

ဒါကလည်း အဲဒီအချိန်အခါ က တောင်ကိုရီးယား နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မဖြစ်မနေ လိုအပ်လို့ လုပ်ခဲ့ရတာ ဖြစ်ပါတယ်။ ကိုရီးယား နှစ်နိုင်ငံ ကွဲသွားပြီးခါစ ၁၉၅ဝ ပြည့်လွန်နှစ် တွေတုန်းက ဆိုရင် တောင်ကိုရီးယားဟာ စစ် ဒဏ်ကို အပြင်းအထန် ခံစားခဲ့ရလို့ တစ်နိုင်ငံလုံး ပြာပုံဖြစ်ခဲ့ရတဲ့ အချိန် ပါ။ အဲဒီတုန်းက ဆန်ကိုတောင်မှ အမေရိကန်တွေ ကဝယ်ပြီး ထောက် ပံ့ထားလို့ မငတ်ရုံတစ်မယ် ရိက္ခာရုံ တွေမှာ တန်းစီပြီး ဆန်ပြုတ်သောက် နေခဲ့ရတဲ့ ဘဝအထိ ဖြစ်ခဲ့တာပါ။ ထမင်း ဆိုတာကတော့ ချမ်းသာသူ တွေသာ တတ်နိုင်တဲ့ ဇိမ်ခံပစ္စည်းပဲ လို့ အဲဒီခေတ် ကိုမီလိုက်တဲ့ အသက် ကြီးကြီး ကိုရီးယားမိတ်ဆွေ တချို့ ကပြောဖူးပါတယ်။ ပတ်ချုံဟီး အာ ဏာရခဲ့တဲ့ ၁၉၆ဝ ပြည့်လွန်နှစ်တွေ အထိ တောင်ကိုရီးယား နိုင်ငံရဲ့ အဓိကပို့ကုန်ဟာ ဆံပင်ပါ။ အဲဒီ အချိန်က ကိုရီးယား အမျိုးသမီးတိုင်း လိုလိုဆံပင်တွေ ဖြတ်ပြီး ရောင်းစား ခဲ့ကြရလို့ ဆံတိုမယ်တွေချည်းပါ ပဲ။ အဲဒီဆံပင်တွေကို အလုပ်ရုံတွေ မှာ ဆံပင်တုပုံစံ အမျိုးမျိုး လုပ်ပြီး ပြည်ပကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ အင်မတန် လိုအပ်တဲ့ နိုင်ငံခြား ငွေရဖို့အတွက် အဲဒီခေတ်က ကိုရီး ယား လူငယ် ယောက်ျား ကလေးတွေ ဟာ ဂျာမနီနိုင်ငံမှာ ကျောက်မီး သွေးတွင်း အလုပ်ကြမ်းသမား သွားလုပ် ခဲ့ကြရသလို၊ ကိုရီးယား အမျိုးသမီးငယ်တွေ ဟာလည်း ဂျာ မနီမှာပဲ သူနာပြု အကူတွေ အဖြစ် နဲ့ သွားလုပ်ခဲ့ကြရပါတယ်။ နိုင်ငံ စီးပွားရေး အတွက် အရင်းအနှီး က လည်း မရှိ၊ ကမ္ဘာ့ဘဏ် တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေက လည်း မချေးနဲ့ အကျပ်အတည်း တွေ့နေချိန်မှာ သမ္မတ ပတ်ချုံဟီး ဟာ ကိုရီးယား လူမျိုးတွေ အင်မ တန်မှ မုန်းတီးခဲ့တဲ့ ဂျပန်တွေ ဆီက ချေးငွေနဲ့ အကြွေး ရယူပြီး သံမဏိ လုပ်ငန်းကို စတင် ထူထောင်ခဲ့တာ ပါ။ အဲဒီလို လုပ်ငန်းကြီးမျိုးတွေကို ပြည်တွင်း လုပ်ငန်းရှင်တွေ ကိုင် တွယ်လည်ပတ်နိုင်ဖို့ ‘ရှေဘိုး’လို့ ခေါ်တဲ့ ပြည်တွင်း လုပ်ငန်းကုမ္ပဏီ တွေကို ပျိုးထောင် မြေတောင် မြှောက်ပေးခဲ့တာ ဖြစ်ပါတယ်။ အစတုန်းက ‘ဒေဝူး’ ဆိုတာ ဈေး ပေါတဲ့ လုပ်အားခကို အမှီပြုရတဲ့ အထည်ချုပ် စက်ရုံ လုပ်ငန်းကလေး တစ်ခုပါပဲ။ နောက်တော့ အစိုးရက အတင်းအကျပ် တွန်းအားပေးပြီး သင်္ဘော တည်ဆောက်ရေး လုပ်ငန်း ကို လုပ်ခိုင်းတဲ့ အတွက် မလုပ်ချင် ပေမယ့် မဖြစ်ဖြစ်အောင် လုပ်ခဲ့ ရာက ကုမ္ပဏီ လုပ်ငန်းကြီး တစ်ခု ဖြစ်လာတာပါ။ ‘ဆမ်ဆောင်း’ ဆို လည်း ဒီလိုပါပဲ။ မူလတုန်း ကတော့ အရောင်းအဝယ် နဲ့ ဆန်စက်လုပ် ငန်းကလေး ကနေ အစိုးရရဲ့ ခိုင်း စေမှုအရ အီလက်ထရွန်းနစ်နဲ့ သင်္ဘော တည်ဆောက်ရေး လုပ်ငန်း ကို လုပ်လာခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ အစိုး ရရော၊ စီး ပွားရေးလုပ်ငန်းရှင်တွေပါ ကိုယ့် တိုင်းပြည်တိုးတက်ဖို့ ဆိုတဲ့ အမျိုး သားရေးစိတ်ဓာတ်နဲ့ အားသွန်ခွန် စိုက်လုပ် ခဲ့ကြတာပါ။ သမ္မတ ပတ် ချုံဟီးကိုယ်တိုင် လူအမုန်းခံပြီး ပြတ်ပြတ်သားသား လုပ်တယ်။ လာဘ်မစားဘူး။ ‘ရှေဘိုး’ တွေက လည်း အစိုးရ မျက်နှာသာပေးခံ ရတယ်ဆိုပေမယ့် ဖိအားပေးခံ ရ တာက ပိုများခဲ့ပြီး မလုပ်ချင်တဲ့ အ လုပ်တွေ၊ မလုပ်တတ်တဲ့ အလုပ် တွေကို မဖြစ်ဖြစ်အောင် ကြိတ်မှိတ် ကြိုးစားပြီး လုပ်ခဲ့ကြရာ ကနေ အ ခုလို အောင်မြင်လာခဲ့တာဖြစ်ပါ တယ်။

ဒါပေမယ့် နောက်ပိုင်း မျိုးဆက် တွေကတော့ တိုင်းပြည်ကလည်း ချမ်းသာလာ၊ ကုမ္ပဏီတွေကလည်း ကြီးပွားလာတော့ ထုံးစံ အတိုင်း ငွေနဲ့ နိုင်ငံရေး အာဏာက ပတ် သက် ရှုပ်ထွေးလာတော့တာပါပဲ။ လုပ်ငန်းရှင်ကြီးတွေ ကလည်း သူ တို့ရဲ့လုပ်ငန်းတွေမှာ အစိုးရ ရဲ့ အ ကာအကွယ်ပေးမှု၊ မျက်နှာသာပေး မှုစတဲ့ အခွင့်အရေးတွေ ရရှိဖို့ နိုင်ငံ ရေးသမားတွေကို ချဉ်းကပ်ကြရ တယ်။ နိုင်ငံရေး သမားတွေက လည်း မိမိ ကိုယ်တိုင်ရော၊ မိမိတို့ ပါတီပါ ရွေးကောက်ပွဲမှာ အနိုင်ရ ပြီး နိုင်ငံရေးအာဏာ ရရှိဖို့အတွက် ငွေအင်အား သုံးပြီး မဲဆွယ်နိုင် အောင် ရွေးကောက်ပွဲ မဲဆွယ်ရန် ပုံငွေ လောက်လောက်လားလား ထည့်နိုင်တဲ့ ငွေရှင်ကြေးရှင် တွေနဲ့ အလွမ်း သင့်အောင် လုပ်ကြရတာ ပါပဲ။ ဒီလိုနဲ့ ‘ရှေဘိုး’ တွေဟာ တောင်ကိုရီးယား နိုင်ငံရေးလော ကရဲ့ နောက်ကွယ်က လက်မည်း ကြီးတွေ ဖြစ်နေ ကြတာ ကြာခဲ့ပါပြီ။

အခုတစ်ခါ သမ္မတ ပတ်ဂွမ် ဟေး အမှုနဲ့ ပတ်သက်ပြီး လာဘ် ပေးလာဘ်ယူမှု နဲ့ အရေးယူခံခဲ့ရ တဲ့ ‘ဆမ်ဆောင်း’ ကုမ္ပဏီကြီးရဲ့ အဓိကဆက်ခံသူ လီဂျေးယုံ ဆိုရင် လည်း အဲဒီမတိုင်ခင်က သူ့ရဲ့ဖခင် ဖြစ်သူဟာ အလားတူ ကိစ္စမျိုးတွေ နဲ့ နှစ်ကြိမ်လောက် တရားစွဲခံခဲ့ရ ဖူးပါတယ်။ နောက်ဆုံးတော့ ဆိုင်း ငံ့ပြစ်ဒဏ်လောက် နဲ့ ပြီးသွားပြီး ပန်းပန်လျက်ပါပဲ။ ဒီတစ်ကြိမ်မှာ တော့ သမ္မတ ပတ်ဂွမ်ဟေးကို အ ရေးယူပေးဖို့ လူတွေသန်းနဲ့ချီပြီး အကြိမ်ကြိမ် လမ်းပေါ်ထွက် ဆန္ဒပြ ဖိအားပေး ခဲ့ကြတာမို့ ဒီအမှုနဲ့ ပတ်သက်တဲ့  သူမှန်သမျှ သိပ်ပြီး တော့ သက်သာမယ့်ပုံ မရှိပါဘူး။ သမ္မတဟောင်း ပတ်ဂွမ်ဟေး အနေ နဲ့လည်း အခုဆိုရင် သာမန်အရပ် သား ဖြစ်သွားပြီမို့ ရှေ့ဆက်ပြီး သမ္မတ ရာထူးရဲ့ အကာအကွယ် ကို မရနိုင်တော့ဘဲ တရားရင်ဆိုင်ရဖို့ ရှိပါတယ်။ သူ့ရဲ့ နိုင်ငံရေး ကံကြမ္မာ ကတော့ ဒီပုံအတိုင်းဆိုရင် အကျဉ်း ထောင်ထဲမှာ အဆုံးသတ် ရဖို့ အ လားအလာ များနေပါတယ်။

တကယ်တော့ တောင်ကိုရီး ယား သမ္မတတွေရဲ့ နိဂုံးက သိပ်ပြီး တော့ ကောင်းလှတာ မဟုတ်ပါ ဘူး။ တောင်ကိုရီးယား နိုင်ငံ စ ထူ ထောင်တဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၆ဝ အထိ အုပ်ချုပ်ခဲ့တဲ့ ပထမ ဆုံးသမ္မတ ဆင်ဂမန်ရီးဆိုရင်လည်း လူထုအုံကြွ ဆန့်ကျင် မှုနဲ့ ဖြုတ်ချခံ ခဲ့ရပါတယ်။ သူ့ကို ဆက်ခံတဲ့ သမ္မ တ ယွန်ဘိုဆွန်း ကတော့ ၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီး ပတ်ချုံဟီးရဲ့ ဖြုတ်ချ အာဏာ သိမ်းခြင်း ခံရပါ တယ်။ ဗိုလ်ချုပ်ကြီး ကနေ သမ္မတ ဖြစ်သွားတဲ့ ပတ်ချုံဟီးကတော့ ၁၉၇၉ ခုနှစ်မှာ လုပ်ကြံခံခဲ့ရပါ တယ်။ သူ့နောက်မှာ တက်လာတဲ့ သမ္မတ ချွိုင်ကျုဟာ ဆိုရင်လည်း အာဏာရပြီး မကြာခင်မှာပဲ ဗိုလ် ချုပ်ကြီး ချွန်ဒူးဝှမ်က အာဏာသိမ်း ပြီး ထိန်းချုပ်တာ ခံခဲ့ရပါတယ်။ ဗိုလ်ချုပ်ကြီး တစ်ဖြစ်လဲ သမ္မတ ကြီး ချွန်ဒူးဝှမ် ကတော့ ၁၉၈ဝ ပြည့် နှစ်ကနေ ၁၉၈၈ ခုနှစ်အထိ အာ ဏာကို ချုပ်ကိုင် ထားနိုင်ခဲ့ပါတယ်။  သူ့လက်ထက်မှာ ရန်ကုန်အာဇာ နည်ကုန်း ဗုံးဖောက်လုပ်ကြံဖို့ ကြိုး စားမှု နဲ့ ကြုံတွေ့ခဲ့ရသလို ဒီမိုကရေ စီ အရေး တောင်းဆိုတဲ့ လူထုအုံကြွ မှုနဲ့လည်း ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါ တယ်။ နောက်ဆုံးမှာတော့ သမ္မတ ရာထူးကို သူ့ရဲ့ လူယုံဖြစ်တဲ့ ဗိုလ် ချုပ်ကြီး နိုတေဝူးကို လွှဲပြောင်းပေး ခဲ့ပြီး နုတ်ထွက်သွားခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်မှာ  သမ္မတဟောင်း ချွန်ဒူးဝှမ်ကို စစ်ပုန်ကန်မှု၊ အဂတိ လိုက်စားမှု၊ ၁၉၈ဝ ပြည့်နှစ် ကွမ် ဂျူးဒီမိုကရေစီ အရေးအခင်းမှာ အင်အားသုံး သတ်ဖြတ် နှိမ်နင်းမှုနဲ့ တရား စွဲပြီး အောက်ရုံး က သေဒဏ် ချမှတ်ခဲ့ပါတယ်။ တရားရုံးချုပ်က သေဒဏ်ကနေ ထောင်ဒဏ်တစ် သက်တစ်ကျွန်းကို လျှော့ချပြီး ဒဏ် ငွေဝမ် ၂၂ဝ ဘီလျံ ချမှတ်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာ ထောင်ဒဏ် ကနေ လွတ်ငြိမ်းခွင့် ပေးလိုက်ပေမယ့် ဒဏ်ငွေ ကတော့ ဆပ်နေ ရတုန်းပါ ပဲ။ ချွမ်ဒူးဝှမ်ကို ဆက်ခံခဲ့တဲ့ သမ္မ တ နိုတေဝူးကလည်း ချွမ်ဒူးဝှမ်နဲ့ စစ်တက္ကသိုလ်မှာ တစ်ပတ်စဉ် တည်း ကျောင်းဆင်းဖက် ဗိုလ်ချုပ် ကြီးတစ်ဦးပါ။ ပါတီစုံဒီမိုကရေစီ အပြောင်းအလဲကို စတင် လမ်းခင်း ပေးခဲ့သူ ဖြစ်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေး နယ်ပယ်နဲ့  စီးပွားရေး ကဏ္ဍတွေမှာ ပြုပြင်ပြောင်းလဲမှု တွေကို အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့တဲ့ ပုဂ္ဂိုလ် တစ်ဦး လည်း ဖြစ်ပါ တယ်။ ဒါတောင်မှပဲ ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲမှာ အတိုက်အခံ နိုင်ငံ ရေးသမား ကင်ယုံဆမ်းကို ရှုံးနိမ့်ခဲ့ ပြီးတဲ့နောက် ချွန်ဒူးဝှမ် နဲ့ အမှုတွဲ တစ်တွဲတည်း တရားစွဲခံရပြီး ထောင်ဒဏ်အနှစ် ၂ဝ ကျော်နဲ့ ငွေ ဒဏ် ပြစ်ဒဏ် ချခံခဲ့ရပါတယ်။ ၁၉၉၇ ခုနှစ် မှာ ထောင်ဒဏ် လွတ် ငြိမ်းခွင့် ရခဲ့ပေမယ့် ငွေဒဏ် ဝမ် ၂၆ဝ ဘီလျံကိုတော့ ပေးဆပ်နေရ တုန်းပါပဲ။ သမ္မတ ကင်ယုံဆမ်းက တော့ ၁၉၆ဝ ပြည့်လွန်နှစ်တွေ ရဲ့ နောက် ပိုင်းမှာ ပထမဆုံး အရပ် သား သမ္မတ ဖြစ်ပါတယ်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကို စူးစူး စိုက်စိုက် ဆောင်ရွက်ခဲ့ပြီး အရင် သမ္မတဟောင်း နှစ်ယောက်ကို တရားရုံး တင်ပို့ခဲ့ပေမယ့် သူ့သား ကိုယ်တိုင် အဂတိ လိုက်စားမှုနဲ့ အ ခွန်ရှောင်လွှဲ မှုတွေကြောင့် ဖမ်းဆီး ခံခဲ့ရပြီးနောက် နာမည် ပျက်ခဲ့ရပါ တယ်။ ၂ဝဝ၃ ခုနှစ်မှာ သမ္မတ ကင်ယုံဆမ်းကို အနိုင်ရရှိခဲ့တဲ့ သမ္မတ ကင်ဒေးဂျုံ ကတော့ လက်ဝဲနိုင်ငံ ရေးသမားဖြစ်ပြီး မြောက်ကိုရီးယား နဲ့ နွေးထွေးစွာ ပြန်လည်ဆက်ဆံရေး ‘နေခြည်ဖြာလင်း’ မူဝါဒကို ချမှတ်ခဲ့ လို့ ထင်ရှားသူ ဖြစ်ပါတယ်။ နိုဘယ် ငြိမ်းချမ်းရေး ဆုရှင်လည်းဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတတွေ ထဲမှာတော့ ရှားရှားပါးပါး နဲ့ ကွယ် လွန်တဲ့အချိန် အထိ နာမည်ကောင်း ရခဲ့ပြီး နိုင်ငံတော် ဈာပနနဲ့ သင်္ဂြိုဟ် ခြင်းခံခဲ့ရ သူဖြစ်ပါတယ်။ ကင်ဒေး ဂျုံနောက်မှာ ဆက်ခံတဲ့ နိုမြူဟွန်း ကတော့ ၂ဝဝ၃ခုနှစ်ကနေ ၂ဝဝ၈ ခုနှစ်အထိ ထမ်းဆောင် ခဲ့ပြီး ထူး ထူးခြားခြားဆိုရင် ၂ဝဝ၄ ခုနှစ်မှာ သူ့ကို စွပ်စွဲပြစ်တင် ဖြုတ်ချဖို့ လွှတ်တော်က ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင် ခဲ့ပါဘူး။  သူ့လက် ထက်မှာ တောင်ကိုရီးယားနိုင်ငံ ဟာ ဖွံ့ဖြိုးပြီး နိုင်ငံ စာရင်းဝင်ခဲ့ပြီး ကမ္ဘာ့ ဒသမမြောက် အချမ်းသာ ဆုံး နိုင်ငံဖြစ် လာခဲ့ပါ တယ်။ ဒါပေ မယ့် တောင်ကိုရီးယား မြို့တော်ကို ဆိုးလ်ကနေ ပြောင်းရွှေ့ဖို့ ကြိုးစား ခဲ့တာ၊ အတိုက်အခံ ပါတီတွေ နဲ့ ညွန့်ပေါင်းဖွဲ့ဖို့ ကြိုးစားခဲ့တာတွေ ဟာ မအောင်မြင်ခဲ့တဲ့အပြင် သူ့ကို လူကြိုက် နည်းစေခဲ့ပါတယ်။ နိုမြူ ဟွန်းဟာ ဆင်းရဲတဲ့ မိသားစု က ပေါက်ဖွားခဲ့ပြီး အလွန် ရိုးသားတဲ့သူ ဖြစ်ပေမယ့် သူ့သား အမေရိကန် ကျောင်းနေစရိတ်အတွက် ရင်းနှီး တဲ့ မိတ်ဆွေ တစ်ဦးဆီက ဒေါ်လာ တစ်သန်းခွဲလောက် ယူမိတဲ့အ တွက် သမ္မတရာထူးက ထွက်ပြီးတဲ့ နောက်မှ အကြီးအကျယ် ဖိအား ပေး စစ်ဆေးခံ ခဲ့ရပါတယ်။ နောက် ဆုံးတော့ ဒီကိစ္စကြောင့် စိတ်ညစ် ပြီး ၂ဝဝ၉ ခုနှစ်မှာ ကျောက်တောင် ပေါ်က ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားခဲ့ရှာ ပါတယ်။ နိုမြူ ဟွန်းကို ဆက်ခံတဲ့ လီမြောင်ဘတ် ကတော့ အရင်က ‘ဟွန်ဒိုင်း’ ကုမ္ပ ဏီကြီးရဲ့ အမှုဆောင် အရာရှိချုပ် ဘဝ ကနေပြီး နိုင်ငံရေး လောကထဲ ဝင်လာခဲ့တာပါ။ ဆိုးလ်မြို့တော်ဝန် ဘဝမှာ နာမည်ရခဲ့ပြီး သမ္မတဖြစ် လာခဲ့တယ်။ သမ္မတဟောင်း နိုမြူ ဟွန်းကို နိုင်ငံရေး အာဃာတအ ငြိုး နဲ့ ပစ်မှတ်ထားပြီး အမှုရှာစစ် ဆေးခဲ့တယ်လို့ လူတွေက ယုံကြည် ကြတဲ့ အတွက် လူကြိုက် နည်းခဲ့ပါ တယ်။ အစိုးရ အဖွဲ့မှာ ချမ်းသာတဲ့ လူတွေကို ဆွဲသွင်း ခန့်ထားခဲ့တယ် ဆိုပြီး ဝေဖန်ခံခဲ့ရတယ်။ ကိုယ်တိုင် ရော ၊ ဆွေမျိုး သားချင်းတွေ အ နီးကပ် လက်ထောက်တွေ ထဲမှာပါ အဂတိ လိုက်စားမှု အရှုပ်အရှင်း တွေနဲ့ ငြိခဲ့တာရှိပါတယ်။ တချို့အ မှုတွေဆိုရင် အခုထက်ထိ စစ်ဆေး ခံနေရတုန်းပါ။

အဲဒီတော့ ပြန်ကြည့်လိုက်မယ် ဆိုရင် အခု သမ္မတဟောင်း ပတ် ဂွမ်ဟေးရဲ့ အရင်က တောင်ကိုရီး ယားသမ္မတ ၁ဝ ဦးမှာ အေးအေး ချမ်းချမ်း လွတ်လွတ်ကင်းကင်းနဲ့ နိုင်ငံရေးဘဝကို အဆုံးသတ် နိုင် တာဆိုလို့ တစ်ဦးပဲရှိတာ တွေ့ရပါ တယ်။ ဒီလိုဖြစ်ရတာဟာ အမှား ကို လက်မခံနိုင်တဲ့ တောင်ကိုရီး ယားလူထုရဲ့ စရိုက် လက္ခဏာ ကြောင့်ပဲလား။ နိုင်ငံရေး အထက် လွှာတွေနဲ့ စီးပွားရေး လုပ်ငန်းကြီး တွေရဲ့ အရှုပ်တော် ပုံတွေကြောင့် ပဲလား ဆိုတာတော့ မပြောတတ်ပါ ဘူး။ ဒါပေမယ့်  ‘နိဂုံးကောင်းရင် အားလုံးကောင်း တယ်’ လို့ဆိုတဲ့ ရှိတ်စပီးယားရဲ့စကားလိုပါပဲ။ နိုင်ငံ ရေးသမားတစ်ဦး အတွက်တော့ အစ ကောင်းသလို အဆုံးမှာလည်း လှ လှပပနဲ့ ပွဲသိမ်းနိုင်ဖို့ က အရေး ကြီးပါတယ်။ လူတိုင်းကတော့ နိုင်ငံ အတွက် မိမိရဲ့ဂုဏ်သိက္ခာနဲ့ ဂုဏ် သတင်း အတွက် ကောင်းအောင် တော့ လုပ်ကြတာပါပဲ။ သို့သော် လည်း မလွှဲမရှောင်သာတဲ့ အသိုင်း အဝိုင်း၊ ပတ်ဝန်းကျင် အခြေ အနေ တွေရဲ့အောက်မှာ မကင်းနိုင်တဲ့ မိသားစုဝင်တွေ ရဲ့ ဆွဲဆောင်ခံရမှု တွေအောက်မှာ ကိုယ်ကိုယ် တိုင်ရဲ့ လောဘ ၊ ဒေါသ၊ မောဟ၊ အတ္တ တွေအောက် မှာ နိုင်ငံရေး သမား တစ်ယောက်ရဲ့ လောကဓံဟာ နိဂုံး ကောင်းဖို့ကတော့ ဒုလ္လဘတရား တစ်ခုလို များ ဖြစ်နေ သလားလို့ တွေးမိပါတော့တယ်။

ကိုကိုလှိုင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*