ကြက်ငှက်တုပ်ကွေးရောဂါ စစ်ဆေးရေးလုပ်ငန်းများ ပြီးစီးမှသာ မုံရွာတွင် ကြက်ခြံအသစ်များ ခွင့်ပြုမည်

ကြက်ငှက်တုပ်ကွေးရောဂါ စစ်ဆေးရေးလုပ်ငန်းများ ပြီးစီးမှသာ မုံရွာတွင် ကြက်ခြံအသစ်များ ခွင့်ပြုမည်
March 16, 2017 Asian Fame

3:31 pm
ကြက်ငှက်တုပ်ကွေးရောဂါ စစ်ဆေးရေးလုပ်ငန်းများ ပြီးစီးမှသာ မုံရွာတွင် ကြက်ခြံအသစ်များ ခွင့်ပြုမည်

လင်းဟိန်း
ရန်ကုန်၊ မတ် ၁ဝ

ကြက်ငှက်တုပ်ကွေးကြောင့် ကြက်ကောင်ရေ တစ်သိန်းနီးပါး သေဆုံးခဲ့သော မုံရွာကြက်မွေးမြူရေးဇုန်အတွင်း ရောဂါ စစ်ဆေးရေးလုပ်ငန်များ ပြီးစီးမှသာ ကြက်ခြံအသစ်များ ခွင့်ပြုပေးသွားမည်ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာမျိုးချစ်က ပြောသည်။

ယခင်က မုံရွာကြက်မွေးမြူရေးဇုန် အတွင်း ကြက်ကောင်ရေ တစ်သိန်းနှစ် သောင်းခန့်ရှိခဲ့ရာမှ ယမန်နှစ်က ယင်းဇုန် တွင် ကြက်ငှက်တုပ်ကွေးဖြစ်ပွားခဲ့ရာ ကြက်ကောင်ရေ တစ်သောင်းခြောက် ထောင်ခန့်သာ ကျန်ရှိတော့သည်။ လက်ရှိတွင် ထိုကြက်များ ရောဂါ ထပ်မံဖြစ်ပွားမှု မရှိစေရန် အပတ်စဉ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ယင်းကြက်များမှတစ်ဆင့် ကူးစက်မှုမရှိစေရန် လတ်တလောတွင် ဇုန်အတွင်း ကြက်ထပ်မွေးခြင်းကို ခွင့်မပြုသေးကြောင်း ၎င်းက ပြောသည်။

”ဒီကြက်တွေမှာ ရောဂါအရှိန် ရှိနေ သေးတယ်။ ဒါပေမယ့် သူတို့အချင်းချင်း ဆိုရင် ဘာမှမဖြစ်ဘူး။ သူတို့က ဒဏ်ခံ နိုင်သွားပြီး အခြားကြက်တွေနဲ့ဆိုရင် တော့ ကူးမှာကြောက်လို့ အသစ်မွေးဖို့ ဆိုင်းထားတာပါ” ဟု ဒေါက်တာ မျိုးချစ် က ပြောသည်။ လက်ရှိတွင် အဆိုပါ ကြက်ခြံများ တွင် ရောဂါဖြစ်ပွားမှု မရှိစေရန်အတွက် ဇီဝလုံခြုံရေး ပြုလုပ်ခြင်း၊ ပိုးသတ်ဆေး ဖျန်းခြင်း၊ သန့်ရှင်းရေး ပြုလုပ်ခြင်းတို့ကို ပုံမှန်လုပ်ဆောင်ကြရန် ကြက်ခြံပိုင်ရှင် များကို ညွှန်ကြားထားကြောင်း၊ မုံရွာ ခရိုင်အတွင်းရှိ ဈေးများမှ ကြက်သားများ ကိုလည်း ဓာတ်ခွဲခန်းပညာရှင်များက တစ်ပတ် တစ်ကြိမ်ခန့် ပုံမှန် စစ်ဆေးမှု များ ပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ ယင်းအပြင် ကြက်ငှက် တုပ်ကွေး ရောဂါ ကူးစက်မှု မရှိစေရန်အတွက် ကြက်၊ ငှက်များကို တစ်နေရာမှ တစ် နေရာသို့ ပြောင်းရွှေ့ရာတွင် ရောဂါ ကင်းရှင်းကြောင်း လက်မှတ်ပါမှသာ ပြောင်းရွှေ့ခွင့်ပြုကြောင်း သိရသည်။ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက် တာ မြင့်နိုင်ကလည်း မုံရွာ ကြက်မွေးမြူ ရေးဇုန်အတွင်းသို့ ယခုလ ပထမအပတ်က လာရောက်ခဲ့ပြီး ရောဂါကူးစက်ခြင်း မရှိစေရန်အတွက် ကြိုတင်ကာကွယ်မှုများကို အလေးထား ဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*