သူနာပြုများဧ။် တောင်းဆိုချက်များ မရပါက ဆေးရုံလုပ်ငန်းများ ရပ်ဆိုင်းသည် အထိ လုပ်ဆောင်မည်

သူနာပြုများဧ။် တောင်းဆိုချက်များ မရပါက ဆေးရုံလုပ်ငန်းများ ရပ်ဆိုင်းသည် အထိ လုပ်ဆောင်မည်
March 16, 2017 Asian Fame

1:34 pm
သူနာပြုများဧ။် တောင်းဆိုချက်များ မရပါက ဆေးရုံလုပ်ငန်းများ ရပ်ဆိုင်းသည် အထိ လုပ်ဆောင်မည်

nurseUpdated

(နေပြည်တော် ၊ မတ် ၁၆)

တောင်းဆိုချက်များ မရရှိပါက ဆေးရုံ လုပ်ငန်းများ ရပ်ဆိုင်း သွားသည်အထိ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သူနာပြု ဆရာမတစ်ဦးက ပြောသည်။

သူနာပြု ကျောင်းသားများ ဆန္ဒပြနေမှုနှင့် ပတ်သက်၍ မတ်လ ၁၆ ရက်နေ့က နေပြည်တော်၌ ကျန်းမာရေးနှင့် အားကစား ၀န်ကြီး ဌာနက သတင်းစာ ရှင်းလင်းပွဲပြုလုပ်စဉ် သူနာပြု ၅၀ ခန့်က လာရောက်လေ့လာခဲ့ကြသည်။ သို့သော် တိကျရေရာသည့် အဖြေကို မရ ရှိခဲ့ကြောင်း ၄င်းကပြောသည် ။ “စက်ယန္တရား တစ်ခုလိုပြောရင် အားလုံးကို ရပ်ဆိုင်းသွားအောင် လုပ်မယ် ၊ အဲ့လို လုပ်တဲ့နေရာမှာလည်း တစ်ပတ်လည်း ဖြစ်ချင်ဖြစ်မယ် ၊ တစ်လလည်း ဖြစ်ချင်ဖြစ်မယ် ၊ အတိအကျ မပြောနိုင်ဘူး ၊ တောင်းဆိုချက်တွေ ကို မရရအောင် လုပ်မှာပါ”ဟု ၎င်းကပြောသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ပြေလည်သည် အထိ လုပ်ဆောင်ပေးဖို့ ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ကုသရေး ဦးစီး ဌာနမှ ပေါမောက္ခ ဒေါက်တာမြင့်ဟန်ကပြောသည်။ “ဆရာ တို့ကတော့ ပြေလည်အောင် လုပ်ပါ့မယ် လို့ ပြောထား တာပဲ ပြေ လည်အောင် ညှိမယ် ကျေနပ်တဲ့အထိ စဉ်းစားထားတယ် တစ်ခုတော့ ရှိတယ် ။ ၀န်ထမ်း စည်းမျဉ်း စည်းကမ်းတွေ ရှိတယ် ၊ ကျောင်းသား ၊ ကျောင်းသူ ဆို ကျောင်းသား ၊ ကျောင်းသူ စည်းမျဉ်းတွေရှိတယ် ၊ တချို့ဟာတွေက ဆရာတို့ ကျော်လို့မရဘူး ကျော်လို့မရတော့ သူတို့ရဲ့ အတိုင်းအတာ တစ်ခုကို ဆရာတို့ ကြည့်ရမှာပေါ့”ဟု ၎င်းက ပြောသည် ။

သူနာပြု တက္ကသိုလ် ကျောင်းဆင်းများကို ယခင်က အစိုးရပြည်သူ့ဆေးရုံ များတွင် ၆ လ တာဝန်ထမ်းဆောင် ပြီးသည်နှင့် လိုင်စင် ထုတ်ပေးခဲ့ရာမှ ယခု ၃ နှစ် ထမ်းဆောင်ပြီးမှ လိုင်စင်ထုတ်ပေးမည် ဟု ကြေညာချက် ထုတ်လိုက်သဖြင့် သူနာပြုရပ်ဝန်း က ကန့်ကွက်နေခြင်းဖြစ်သည် ။ ထိုသို့လိုင်စင်ထုတ်ပေးသည့် ပုံစံပြောင်းလဲလိုက် သဖြင့် သူနာပြု တက္ကသိုလ်ကျောင်းသူ ၊ကျောင်းသား ၇၀၀ နီးပါးက မတ်လ ၁၅ ရက်တွင်ရန်ကုန်မြို့၌ ဆန္ဒဖော်ထုတ်ခဲ့သည် ။

စိုင်းလမင်း

မှတ်ချက် – သူနာပြုဆရာမတစ်ဦး၏ ပြောစကားကို အသံဖမ်းမှုမကြည်လင်အားနည်းခြင်းနှင့် သတင်းထောက်၏မှားယွင်းမှုကြောင့် မူလကတင်ထားသောသတင်းဝယ် “ဒေါ်နန်းကျော်ကျော်ထိုက်ကပြောကြားသည်”ဟု မှားယွင်းဖော်ပြမှုနှင့်ပတ်သက်၍ သက်ဆိုင်သူများအား အနူးအညွတ်တောင်းပန်အပ်ပါသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*