လူတွေ စာမဖတ်တာ မဟုတ်ဘူး။ သူတို့ စာဖတ်တယ်။ ဖတ်လည်းဖတ်ချင်တယ်။ စာကောင်းကိုမျှော်နေတယ်။ အဲ့ဒီတော့ ဆရာမတို့ဘက်က တာဝန်ကျေဖို့လိုတယ်

လူတွေ စာမဖတ်တာ မဟုတ်ဘူး။ သူတို့ စာဖတ်တယ်။ ဖတ်လည်းဖတ်ချင်တယ်။ စာကောင်းကိုမျှော်နေတယ်။ အဲ့ဒီတော့ ဆရာမတို့ဘက်က တာဝန်ကျေဖို့လိုတယ်
March 16, 2017 Asian Fame

11:50 am
လူတွေ စာမဖတ်တာ မဟုတ်ဘူး။ သူတို့ စာဖတ်တယ်။ ဖတ်လည်းဖတ်ချင်တယ်။ စာကောင်းကိုမျှော်နေတယ်။ အဲ့ဒီတော့ ဆရာမတို့ဘက်က တာဝန်ကျေဖို့လိုတယ်

masandar

စာရေးဆရာမ မစန္ဒာ နှင့် တွေ့ဆုံခြင်း

၁၉၁၇ မှစတင် အသက်ဝင်ခဲ့သည်ဟု ဆိုသော မြန်မာဝတ္ထုတိုသည် ရာပြည့်နှစ်သို့ပင်ရောက်ရှိ ခဲ့ပြီဖြစ်သည်။ မြန်မာဝတ္ထုများကို အစဉ်တစိုက် ရေးသားကြသည့် ဆရာ၊ ဆရာမများကလည်း ကလောင်စွမ်းဖြင့် စာပေတာဝန်များကို ထမ်းဆောင်နေကြသကဲ့သို့ အသစ်အသစ်သော ကလောင်ရှင် များကလည်း ဝတ္ထုတိုလောကသို့ ရောက်ရှိလာကြသည်။ ထို့ကြောင့် ပင် ဝတ္ထုတိုသည်ဆက်လက် အသက်ဝင် အောင်မြင်နေဆဲဖြစ်ရာ ဝတ္ထုတိုရေးကြသည့် ဆရာ၊ ဆရာမများအနက်မှ ဝတ္ထုတို ရာ ပြည့်အထိမ်းအမှတ်အဖြစ် ယခုအပတ်တွင် မေးမြန်းထားသည်မှာ ဆရာမ မစန္ဒာဖြစ်ပြီး ဆရာမ၏ ဝတ္ထုတိုခရီး ဖြတ်သန်းမှုအချို့နှင့် ဝတ္ထုတို ရေးသားမည့်သူတို့အတွက် ဆရာမ၏စကားလက်ဆောင်များကို ဖော်ပြပေးလိုက်ပါသည်။

ဆရာမတို့ ဝတ္ထုတိုလောက ထဲ စတင် ဝင်ရောက်လာခဲ့ရပုံနဲ့ ယနေ့ခေတ် ဝတ္ထုတိုလောကရဲ့ အခြေအနေမှာ ဘယ်လိုတွေ ကွာခြားမှုရှိနေတယ်လို့ ပြောလို့ရမလဲ ဆရာမ။

ဆရာမတို့ ဖြတ်သန်းခဲ့ရတာက စိစစ်ရေးကိုဖြတ်ရတာလေ။ ဒီလိုမျိုး စိစစ်ရေးက စိစစ်တာကို လွတ်အောင်လို့ ဆရာမတို့ကြံရ တာပေါ့။တစ်ခါတလေလည်း လွတ်တယ်။ တစ်ခါတလေလည်း စုတ်ဖြဲခံရတယ်။ အခုခေတ်ကျ တော့ လွတ်လွတ်လပ်လပ် ပွင့်ပွင့် လင်းလင်းရေးလို့ ရတယ်ဆိုတော့ အခုခေတ်ကလေးတွေ ပိုပြီးတော့ ကံကောင်းတာပေါ့နော်။ အခု ခေတ်မှ စရေးတဲ့သူတွေ ကံကောင်း တယ်လို့ ပြောပေမယ့်လည်း ဆရာမကတော့ ဟိုအရင်တုန်းက ပွတ်ကာသီကာနဲ့ Óဏ်လေးသုံးပြီး ရေးရတာတွေက စိစစ်ရေးလွတ် သွားတဲ့အခါမှာ အရမ်းပျော် ရတယ်။ လွတ်သွားတာတွေလည်း ရှိတယ်။ အဲ့ဒီပီတိလေးကလည်း တော်တော်ကို ပျော်ရပါတယ်။ အရင်တုန်းကတော့ ငါဒါလေးကို ရေးချင်တယ်။ ဘယ်လိုလွတ် အောင် ရေးရပါ့မလဲဆိုပြီး ခေါင်း စားရတယ်။ အခုတော့ အဲ့ဒီလို ခေါင်းစားရတာလည်း မရှိတော့ ဘူး။

အခုဆိုရင်ဝတ္ထုတိုက ရာပြည့်နှစ်ကိုရောက်လာခဲ့ပြီဆိုတော့ ရာ ပြည့်တိုင် ဖြတ်သန်းခဲ့ပြီးတဲ့ ဝတ္ထု တိုရဲ့ အနာဂတ်ဆက်လက် ရှင် သန်ဖို့ဆိုရင် ဘယ်လိုတွေလုပ် ဆောင်ဖို့လိုမယ်လို့ သုံးသပ်မလဲ ဆရာမ။

ဝတ္ထုတိုကတော့ ဆရာမက ထင်တာတော့ ရသစာပေကပြန် ပြီးတော့ စာဖတ်သူတွေကို စွဲ ဆောင်လာနိုင်မယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုစာအုပ် ဈေးပွဲတော်တွေမှာကြည့်ရင် ဝယ် အားက နည်းမှ မနည်းတာ။ ဝယ်အားမနည်းတာကို ပြန်ကြည့် ရင် အရင်တုန်းက ထုတ်ဝေရေးနဲ့ စာရေးဆရာတွေက ပြောနေကြတာ က လူတွေက စာမဖတ်ကြတော့ ဘူးဆိုပြီး ပြောနေကြတယ်။ အခု လက်တွေ့အခြေအနေမှာ ကြည့် လိုက်လို့ရှိရင် လူတွေစာမဖတ်တာ မဟုတ်ဘူး။ သူတို့ စာဖတ်တယ်။ ဖတ်လည်းဖတ်ချင်တယ်။ စာ ကောင်းကို မျှော်နေတယ်။ အဲ့ဒီ တော့ ဆရာမတို့ဘက်က တာဝန် ကျေဖို့လိုတယ်။ ဆရာမတို့ကထုတ် လုပ်ပေးရမယ်။ အဲ့ဒါကိုတော့ ဆရာမမြင်တယ်။ ဆရာမလည်း တာဝန် မကျေတဲ့အထဲမှာပါပါ တယ်။ တာဝန်ကျေဖို့ လိုပါတယ်။

ဒီလိုကာလမှာ ဝတ္ထုတိုလောကထဲ ရောက်လာတဲ့သူတွေ ရောက်လာ မယ့် သူတွေအတွက် ဆရာမရဲ့ စကားလက်ဆောင်ကိုလည်း ပြောပြပေးပါဦးရှင်။

ဆရာမ ပြောချင်တာကတော့ ဆရာမဝတ္ထုတို ရေးလို့ရှိရင် ဆရာမအနေနဲ့ ခဏခဏလည်း ပြောဖြစ်ပါတယ်။ ဝတ္ထုတိုရေးတယ် ဆိုတာ မှိန်းကိုကိုင်ပြီးတော့ ရေထဲ ကိုကြည့်နေတာ။ ကြည့်နေတာမှာ ငါးကကူးနေတယ်။ အဲ့ဒီငါးကိုမှိန်း နဲ့ လှမ်းပြီးတော့ မှိန်းနဲ့ထိုးရတာနဲ့ တူတယ်။ အဲ့ဒီတော့ ကိုယ့်ရဲ့မှန်း ချက် ထိသွားရင်တော့ ငါးရတာပေါ့ နော်။ မှိန်းချက် မထိရင်တော့ ဝတ္ထုက ဗလာကြီးဖြစ်သွားတာ ပေါ့။ ဆရာမောင်ရင့်မာလည်း ပြောပါတယ်။ ဝတ္ထုတစ်ပုဒ်ကတဲ့ ဆိုင်းဝိုင်းကြီးလိုပဲတဲ့။ နောက်ဆုံး မှာ တီးလိုက်တဲ့ပတ်မကြီးက အမြည် ဆုံး ဖြစ်ရမယ်တဲ့။ အဲ့ဒီလိုပြော တယ်။ နောက်တစ်ခါ ဆရာကြည် မင်းကျတော့ ဘယ်လိုပြောသလဲ ဆိုရင် ဝတ္ထုတိုရေးတဲ့သူက မှန် တစ်ချပ်ကိုကိုင်ပြီး လမ်းလျှောက် နေတဲ့သူ နဲ့တူတယ်တဲ့။ အဲ့ဒီမှန်ထဲ မှာ ပေါ်လာတဲ့ အရိပ်ကိုပြန်ရေး မယ်တဲ့။ သူရဲ့မှန်က ဘယ်လောက် ကြည်သလဲ၊ နောက်ပြီးတော့ သူ ပြန်ကြည့်တဲ့မျက်လုံးက ဘယ် လောက်ကောင်းသလဲ၊ အဲ့ဒီအ ပေါ်မှာ မူတည်ပြီးတော့ သူ့ဝတ္ထုရဲ့ တန်ဖိုးက ရှိသွားမယ်လို့ပြောတယ်။ အဲ့ဒီတော့ ဆရာမထင်ပါတယ်။ မှန်ချပ်တွေကို ကိုင်ပြီးလမ်း လျှောက်နေတဲ့သူတွေ အများကြီး ဖြစ်နေပါပြီ။ သူတို့မှန်တွေကြည် လင်ဖို့ သူတို့မျက်လုံးတွေကောင်း ဖို့တော့ လိုတာပေါနော်။ ကောင်း တယ်လို့လည်း ဆရာမယုံကြည်ပါ တယ်။ အခုရေးနေကြတာတွေမှာ ကလေးတွေ ထက်မြက်ကြပါတယ်။အဲ့ဒီတော့ ဝတ္ထုတိုရဲ့အနာဂတ်က တော့ တောက်ပလာမယ်လို့ ဆရာမ ရဲရဲဝံ့ဝံ့ပြောချင်ပါတယ်။

ဝတ္ထုတိုဖတ်ကြတဲ့ စာဖတ်ပရိသတ် တွေနဲ့ ဝတ္ထုတိုရေးကြမယ့် စာပေ မျိုးဆက်သစ်တွေအတွက် ဆရာမ အနေနဲ့ဘာများ ထပ်ဆောင်းပြောချင်မလဲ ဆရာမ။

ဆရာမကတော့ ဝတ္ထုဖတ်တဲ့ သူတွေအကုန်လုံးကို ကျေးဇူးတင် ပါတယ်လို့ ပြောချင်ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ ဝတ္ထုဖတ်တယ်ဆိုတာ ဒီခေတ်မှာ ဖေ့စ်ဘွတ်ခ်ကို ကျောခိုင်းပြီး ချက်တင်ကိုကျောခိုင်း ပြီး ဖတ်ကြတာလေ။ အဲ့ဒီတော့ ဝတ္ထုဖတ်တဲ့သူတွေ အကုန်လုံးကို ကျေးဇူးတင်တယ်လို့ပြောချင်တယ်။ နောက်ပြီးတော့ ရေးတဲ့သူတွေ အနေနဲ့လည်း ဆရာမအမြင်ကို သုံးသပ်ရရင် တချို့တွေက ရေးတာ နည်းနည်းလောတယ်လို့ ပြောချင်တယ်။ ရေးလို့ရှိရင် အချိန်လေးယူ ပြီးတော့ ကိုယ်စိတ်တိုင်းကျမှ ဝတ္ထု လေးကို လွှတ်စေချင်တယ်။ ကိုယ့် ဝတ္ထုကိုပြန်ဖတ် ပြန်ရေး။ ပြန်ဖတ်လိုက် ပြန်ရေးလိုက်လုပ်တာနဲ့ တစ်ခါတည်းရေးတာနဲ့က မတူပါဘူး။ အဲ့ဒီတော့ ဝတ္ထုတိုလေးတွေကို ဖန်တီးကြပါ။ ဒီလိုဖန်တီးတဲ့ အခါမှာ ကိုယ်စိတ်တိုင်ကျပြန်ဖတ် ပြီးတော့မှ လွှတ်ပါလို့ပြောချင်ပါတယ်။

အိမ်စည်စိုးစံ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*