ဓမ္မရံကြီးက ပေးတဲ့ သင်ခန်းစာ

ဓမ္မရံကြီးက ပေးတဲ့ သင်ခန်းစာ
March 16, 2017 Asian Fame

3:33 pm
ဓမ္မရံကြီးက ပေးတဲ့ သင်ခန်းစာ

Damayan-Gyi-(1)၂ဝ၁၅၊ မတ်လဆန်းရဲ့ ညနေ ခင်းတစ်ခုမှာ သူ့ကိုစတွေ့ခဲ့ပါတယ်။ သူဆိုတာက ပုဂံဘုရားသမိုင်းတွေ ကို ဧည့်သည်တွေကို လိုက်လံရှင်း ပြပေးကြတဲ့ ဆယ်ကျော်သက်ရွယ် မိန်းမငယ်လေးတွေ ထဲက ပုဂံသူ တစ်ဦးပါ။ သူ့ရဲ့ယဉ်ကျေးနှစ်လို ဖွယ်ကောင်းပြီး ပျူငှာသိမ်မွေ့တဲ့ ကိုယ်နှုတ် အမူအရာတွေကြောင့် သူရှင်းပြနေတဲ့ ဓမ္မရံကြီး ဘုရားသ မိုင်းထဲမှာ စီးမျောနေခဲ့ပါတယ်။ ရှင်း ပြလို့ပြီး ချိန်မှာတော့ ဘုရားနဲ့ပတ် သက်တာတွေ မမေးဖြစ်တော့ဘဲ သူ့အကြောင်းကို စပ်စုမေးမြန်းဖြစ် ခဲ့ပါတယ်။ သိလိုက်ရတာကတော့ သူဟာ အဋ္ဌမတန်း ဖြေဆိုထားသူ တစ်ယောက်ဖြစ်ပြီး၊ ကျောင်းအား ချိန်တွေမှာ အခုလို ဘုရားကြီးဆီ လာကြတဲ့ ဧည့်သည်တွေ ကို ဘုရား သမိုင်း ရှင်းပြရင်း ကျောင်းမုန့်ဖိုးနဲ့  မိသားစုအပိုဝင်ငွေလေး ရှာလေ့ရှိ သူပါ။ စာမေးပွဲကို လည်း ကောင်း ကောင်းဖြေ ဆိုနိုင်ပြီး ကျောင်း ဆက် တက်ဦးမှာလို့လည်း တက်ကြွစွာပြော ပြနေတာကို အခုထက် ထိမြင်ယောင် နေမိဆဲပါ။

ဇွန်လမှာ အလုပ်ကိစ္စနဲ့ အဲ့ဒီ ကိုပြန်ရောက်ဖြစ်တော့ သူ့ကို ဓမ္မရံ ကြီးမှာပဲ ပြန်တွေ့ရပြန်တယ်။ သူ ကလည်း ကိုယ့်ကိုမှတ်မိနေလို့ ဝမ်း သာမလိုရှိသေး၊ သူ့ဆီက ကြားလိုက် ရတဲ့စကားကြောင့် ရုတ်တရက် ဆွံ့ အသွားခဲ့ရပါတယ်။ စာမေး ပွဲအောင် ပေ မယ့် ကျောင်း ဆက်မတက်တော့ ပါဘူးတဲ့။ အပြီးထွက် လာတာဖြစ် ပြီး ဆုံးဖြတ်ချက် ချပြီးသွားပြီတဲ့။ ကျောင်းတက်ရတာ ပျင်းသွားလို့ပါ ဆိုပြီး အကြောင်းပြချက် ပေးနေချိန် မှာတော့  သူဟာ တွေဝေငေးမှိုင်နေ သလိုတော့ ဖြစ်နေပါတယ်။ သူ့ရဲ့ အကြောင်းပြချက်က တကယ် ပဲလား၊ ပြီးစလွယ် ပြောလိုက်တာလား၊ ကာ ယကံရှင်ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ သမီးပျင်းလို့ နောက်နှစ် ကျောင်း မလိုက်တော့ဘူး လို့ ပြောချိန် မှာ သူ့ရဲ့ မိဘ/အုပ်ထိန်းသူ တွေက သြော် …အေးလို့ လွယ်လင့်တကူပဲ ခွင့်ပြုခဲ့ကြသလား။ အဲ့ဒီလို ခွင့်ပြု လိုက်လို့လည်း မိသားစုတစ်ပူ ငြိမ်း သွားခဲ့သလား။ ဒါမှမဟုတ်ရင်လည်း အဲ့ ဒီလို မိသားစုအပူ တစ်ခုငြိမ်းသွား မလားဆိုပြီးတော့ သူက ပျင်းချင် ယောင်ဆောင် ခဲ့သလား။ ဒါမှမဟုတ် အဲဒီမိသားစု အပူက သူ့ကို ပျင်းစေ ဖို့ ဖိအားတွေ ပေးခဲ့သလား။ မည် သို့ပင်ဖြစ်စေ ကျောင်းနေအရွယ် တစ်ဦးကတော့ ကျောင်း ပရဝဏ်ကို စွန့်ခွာထွက် သွားခဲ့ပြီဖြစ်ပါတယ်။

Damayan-Gyi-(2)နိုင်ငံတစ်ခုရဲ့ တိုးတက် ဖွံ့ဖြိုးမှု အတွက်ပဲဖြစ်ဖြစ်၊ ဆင်းရဲ မွဲတေ မှု တွေ လျှော့ချဖို့ရာ အတွက် ပဲဖြစ်ဖြစ် ကျန်းမာရေး၊ ပညာရေး နဲ့ နေထိုင် မှုစံဆိုတဲ့ တိုင်းတာမှု(၃)ခုကို အညွှန်း ကိန်းများအဖြစ် သတ် မှတ် တိုင်းတာ လေ့ ရှိကြပါတယ်။ UNDP ကနေ ၂ဝ၁ဝ က စပြီး ပြောင်းလဲ အသုံးပြုခဲ့ တဲ့ ဘက်ပေါင်းစုံ မှ တိုင်းတာသော ဆင်းရဲ မွဲတေမှု ဆိုင်ရာ အညွှန်းကိန်း (Multidimensional Poverty Index – MPI)  ကိုလေ့လာ ကြည့်ရင် အဲ့ဒီ အချက် အလက်တွေ ကို သေချာ တွေ့ရမှာပါ။ အဲ့ဒီ MPI မှာဆိုရင် ပညာရေး နဲ့ ပတ်သက်ပြီး (၂)မျိုး တိုင်းတာ ကြပါတယ်။ ပထမတိုင်း တာမှုက အိမ်ထောင်စု တစ်ခုမှာ အိမ်ထောင်စု ဝင်တိုင်းဟာ ပညာ သင်နှစ်(၅)နှစ် ကို ပြီးစီးမှုရှိ မရှိ ဆန်းစစ်တာ ဖြစ်ပါတယ်။ ဒုတိယ တိုင်းတာမှု ကတော့ အိမ်ထောင်စု တစ်ခုမှာ ရှိတဲ့ ကျောင်းနေ အရွယ် ကလေး တစ်ဦးဟာ ပထမတန်း က နေ အဋ္ဌမတန်း အတွင်း ကျောင်း ဆက်မတက်တာရှိ မရှိကို ဆန်းစစ် တာပါ။

သူ့ရဲ့ မိသားစု အကြောင်းမသိ တော့ ပထမ တိုင်းတာမှုနဲ့ မဆန်း စစ်နိုင်ပေမယ့် ဒုတိယ တိုင်းတာ မှုကိုတော့  အဋ္ဌမတန်း အောင်သူ တစ် ယောက်အနေနဲ့ သူလွတ်မြောက် ခဲ့ပြီလို့ သတ်မှတ်လို့ ရနိုင်ပါတယ်။  သူ တကယ်ပဲ လွတ်မြောက်ခဲ့တာ လား။ သူလွတ်မြောက် ခဲ့သည်ပဲထား ပါဦး။ အဲ့ဒီဒေသက တခြားသော ကျောင်းနေ အရွယ်ကလေးတွေ၊ မြန် မာနိုင်ငံ အလယ်ပိုင်း၊ ပြီးတော့ တစ်နိုင်ငံလုံး အနေနဲ့ရော။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း အရ အသက် ၁၅ နှစ်အောက်ကလေး များဟာ စုစုပေါင်း လူဦးရေရဲ့ ၂၈ ဒသမ ၆၄ ရာခိုင်နှုန်းရှိပါတယ်။ အိုးပုံ သဏ္ဌာန် ရှိတဲ့ လူဦးရေပိရမစ် ပုံအရ မြန်မာနိုင်ငံမှာ မွေးဖွားနှုန်း တွေ ကျဆင်းနေပြီး၊  ငယ်ရွယ်တဲ့လုပ် သား အင်အားစုတွေဟာ တရိပ်ရိပ် လေး မြင့်တက်နေပါတယ်။ အသက် အပိုင်းအခြား ၁ဝ နှစ်ကနေ ၁၄ နှစ် အတွင်းမှာရှိတဲ့ အလယ်တန်း ကျောင်းနေအရွယ် ကလေးငယ်များ ဟာ အချိုးအများဆုံး ပါဝင်နေပါ တယ်။ ကောလိပ်/တက္ကသိုလ် (Tertiary Education) တွေကို အ ချိန်ပြည့် ဆက်မတက် ကြတော့ရင် ဖြင့်  အဲ့ဒီကလေးငယ် များဟာ ၂ဝ၁၇-၁၈ မှာ ငယ်ရွယ်လုပ်သား အင်အားစုထဲ ဝင်ရောက်လာကြမှာ ပါ။ အဲ့ဒီ အချိန်မှာ သူ့တို့လေးတွေ ဟာ ပုံမှန် ပညာရေးစနစ်(Formal Education System) အရ အထက် တန်းအောင်ထားကြမယ် သို့မဟုတ်  သက်မွေးဝမ်းကျောင်း ပညာသင် စနစ် (Vocational Training System)  ကနေ အတတ်ပညာ တစ် ခုကို အခြေခံ အနေနဲ့ သင်ယူ တတ် မြောက်ထားမယ် ဆိုရင်ဖြင့်တော့ အသင့်လျော်ဆုံးသော အနေအထား တစ်ရပ်ကို ပိုင်ဆိုင် ထားနိုင်ကြပါ လိမ့်မယ်။ တကယ်တမ်း မှာလည်း အဲ့ဒီလိုပဲဖြစ်သင့်ပါတယ်။

သို့ပေမယ့်လည်း ပုဂံသူလေး ကတော့ အလယ်တန်းအောင် အ ဆင့်မှာပဲ ပညာရေး ဆိုတာကို လုံး လုံးလျားလျား ကျောခိုင်းလို့ သွားပါ ပြီ။ လတ်တလောမှာ  ငွေပိုရှာနိုင် လာလိမ့်မယ်ဆိုတဲ့ အတွေးအမြင် နဲ့သာ ပညာရေးကို ကျောခိုင်းလိုက် ပြီး လက်ရှိပျော်ရွှင်စွာ ကျင် လည်နေ တဲ့ အဝန်းအဝိုင်းလေး ထဲမှာ ဒီလိုပဲ အဆင်ပြေသလို ဆက်လက် ကြီးပြင်း သွားမယ် ဆိုရင်ဖြင့် သူ့အတွေး သူ့ အမြင်ဟာ ရေရှည် အတွက် မှန်ကန် မှုရှိနိုင်ပါ့မလား။ သူ့နဲ့ရွယ်တူတွေ က အခြေခံပညာ အဆင့်တွေအောင် မြင်လို့ နိုင်ငံတကာ ဘာသာစကား တွေကို စနစ်တကျ သင်ယူပြီး  ပိုမို ပြောတတ် လာကြမယ်၊ ခရီးသွား လမ်းညွှန် သင်တန်းတွေ တက်ပြီး တော့ တရားဝင် ခရီးသွားလမ်းညွှန် တွေ ဖြစ်လာကြပါလိမ့်မယ်။ အဲ့ဒီ အချိန်ကျရင်  အလုပ်အကိုင် အခွင့် အလမ်းအားဖြင့် ဝင်ငွေအားဖြင့် သူတို့တစ်တွေက သူ့ထက်ကို ကျော် တက်သွားကြမှာပါပဲ။

Population-Pyramidအလယ်တန်းအောင် တစ် ယောက်နဲ့ အထက်တန်းအောင် တစ်ယောက်ဟာ တစ်ချိန်ကျရင် အလုပ်အကိုင် အခွင့်အလမ်း ဝင် ငွေတွေ ကွာခြားနိုင်ကြောင်း၊ သက် မွေးဝမ်းကျောင်းပညာတွေ သင်ထား သင့်ကြောင်း၊ အခုလို ပျော်သလို သင့်သလို ဆက်နေမသွားဘဲ အ နည်းဆုံး အထက်တန်း အဆင့်အောင် အောင် နောက်ထပ်(၂)နှစ်လောက် ဆက်ပြီး ကြိုးစားသင့်ကြောင်း ပြော ပြခဲ့တာတွေဟာ ရေမှာ အရုပ်ရေး သလို ဖြစ်ခဲ့ပါတယ်။ လူမှုဘဝ တိုး တက် ဖွံ့ဖြိုးမှုမှာ အခြေခံက ပညာ ရေးတဲ့။ အဲ့ဒီပညာရေးကို လူတိုင်း လက်လှမ်းမီအောင် လူတိုင်းအကျုံး ဝင်အောင် လုပ်ပေးကြရမယ်တဲ့။ တကယ်တော့ ကာယကံရှင်တစ် ယောက်တည်း လက်လှမ်းမီရုံ နဲ့တင် မဖြစ်နိုင်ဘူး၊ သူ့မိသားစု သူ့ပတ် ဝန်းကျင်နှင့်လည်း  ပတ်သက်ဆက် နွှယ်နေပါသေးတယ်။ စာအုပ်ထဲ က စကားလုံးကြီးတွေ သုံးပြီး မျှော် လင့်ချက်တွေ သွားပေးနေရုံနဲ့လည်း ဒါတွေကို ပြေလည်စေဖို့ မလုံ လောက်ဘူး ဆိုတာ သူက လက်တွေ့ ပြသလိုက်သလိုပါပဲ။

အခုဆို သူနဲ့ မတွေ့ဖြစ်တာ (၂)နှစ်လောက် ရှိပြီ။ တစ်ချိန်က သူ့ရဲ့အတန်းဖော်တွေတောင် အခု ဆိုရင် အထက်တန်း စာမေး ပွဲတွေ ဖြေပြီးသွားကြပြီ။ သူကရော ဘယ် လိုများပါလိမ့်။ သူ မှီတည်နေတဲ့ ဓမ္မရံကြီးဝင်းထဲက အပင်မှာ ချိတ် ဆွဲထားတဲ့ ရုပ်သေး ရုပ် တွေလို နေ့ စဉ် တဝဲလည်လည် ဒီအတိုင်းနဲ့ အချိန်တွေ ကုန်ဆုံးစေခဲ့သလားဆို တာကို သိချင်နေပါတော့တယ်။

သိဏ်းစိုး
ကိုးကား
၁။    Economic Development 11th Edition (by Todaro and Smith
၂။    ၂ဝ၁၄ ခုနှစ်  သန်းခေါင်စာရင်း အစီရင်ခံစာ အတွဲ (၂-က)
၃။    ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ဖွံ့ဖြိုးမှုပညာ မဟာတန်းမှ သင်ခန်းစာမှတ်စုများ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*