ငပလီကမ်းခြေတွင် ဟိုတယ်လုံလောက်မှုမရှိ၍ ဟိုတယ်ဇုန်သစ် ဖော်ထုတ်မည်

ငပလီကမ်းခြေတွင် ဟိုတယ်လုံလောက်မှုမရှိ၍ ဟိုတယ်ဇုန်သစ် ဖော်ထုတ်မည်
March 16, 2017 Asian Fame

3:37 pm
ငပလီကမ်းခြေတွင် ဟိုတယ်လုံလောက်မှုမရှိ၍ ဟိုတယ်ဇုန်သစ် ဖော်ထုတ်မည်

Beauty Of Amazing Ngapali

လင်းဟိန်း
ရန်ကုန်၊ မတ် ၁ဝ

ငပလီကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားပိုများလာပြီး ဟိုတယ်လုံလောက်မှုမရှိသည့်အတွက် ဟိုတယ်ဇုန်သစ်တစ်ခု ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် စက်မှုလက်မှု၊ လျှပ်စစ် နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

ယခုအခါ ဟိုတယ်ဇုန်အသစ် ဖော်ဆောင်ရန် မြေနေရာ ရှာဖွေနေဆဲဖြစ်ပြီး မြေနေရာရရှိပါက ဟိုတယ်ဆောက်လုပ်ရန် လုပ်ငန်းရှင်များအား ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ”ဒီနှစ်အတွင်းမှာတော့ မဖြစ် နိုင်တော့ဘူး။ နောက်နှစ် ၂ဝ၁၈ အ တွင်းမှာ စလုပ်ဖြစ်ပါမယ်” ဟု ၎င်းက ပြောသည်။အဆိုပါ ဟိုတယ်ဇုန်တွင် ဆောက်လုပ်မည့် ဟိုတယ်အရေအတွက်နှင့် ဟိုတယ်အခန်းအရေအတွက်ကိုမူ လျာထားခြင်း မရှိသေးဘဲဇုန်အဖြစ် သတ်မှတ်ပြီးမှသာ ဆုံး ဖြတ်သွားမည် ဖြစ်သည်။

လက်ရှိတွင် ငပလီကမ်းခြေ၌ ဟိုတယ် ၁၅ လုံးခန့်နှင့် အဆင့်မြင့်တည်းခိုခန်း ၁၂ ခုသာရှိနေသေးကြောင်း သံတွဲမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ြေ<ွကအေးက ပြောသည်။ ”ဟိုတယ် ဇုန်အသစ်တစ်ခု လုပ် မယ်ဆိုတာ ကောင်းပါတယ်။ အခုဆိုရင် ဟိုတယ်မလောက်တဲ့အတွက် လာလည်ကြမယ့် ခရီးသည်တွေ မလာကြတော့တာတွေ ရှိတယ်” ဟု ဦးနိုင်ြေ<ွကအေးက ပြောသည်။ ယင်းအပြင် ဟိုတယ်ဇုန်ဖော် ဆောင်ပါက ခရီးသွားလုပ်ငန်း ပိုမို ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ဒေသ ခံများနှင့် နိုင်ငံတော်အတွက်လည်း ဝင်ငွေတိုးလာမည်ဖြစ်ကြောင်း၊ သို့ သော်လည်း ငပလီကမ်းခြေအနီးတွင် လစ်လပ်မြေနေရာ မရှိတော့သဖြင့် ဟိုတယ်ဇုန် ဖော်ဆောင်ရန်အတွက် မြေနေရာ အခက်အခဲ ရှိနိုင်ကြောင်း ၎င်းက ပြောသည်။ ”တချို့က ဟိုတယ်ဆောက်မယ် ဆိုပြီး မြေဝယ်ထားကြတယ်။ ပြီးရင် ဟိုတယ်မဆောက်ဘဲထားကြတယ်”ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံရှိ ကမ်းခြေများတွင် လူကြိုက်အများဆုံးဖြစ်သော ငပလီ ကမ်းခြေသည် Trip Advisor က ရွေးချယ်သော ယခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ကမ်းခြေစာရင်း (Best Beaches in the World) တွင်လည်း ပါဝင်ခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*