ခြောက်နှစ်အတွင်း ကန်ဒေါ်လာသန်း ၅ဝဝ ပမာဏရှိ ပြည်ပ ရင်းနှီး မြှုပ်နှံမှု ငါးခု ရှိခဲ့

ခြောက်နှစ်အတွင်း ကန်ဒေါ်လာသန်း ၅ဝဝ ပမာဏရှိ ပြည်ပ ရင်းနှီး မြှုပ်နှံမှု ငါးခု ရှိခဲ့
March 15, 2017 Asian Fame

3:42 pm
ခြောက်နှစ်အတွင်း ကန်ဒေါ်လာသန်း ၅ဝဝ ပမာဏရှိ ပြည်ပ ရင်းနှီး မြှုပ်နှံမှု ငါးခု ရှိခဲ့

စိုင်းလမင်း
နေပြည်တော်၊ မတ် ၁၄

ခြောက်နှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသို့ ကန်ဒေါ်လာ သန်း ၅ဝဝ ကျော်ပမာဏရှိလုပ်ငန်း ၅ ခုဝင်ရောက်ခဲ့ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောသည်။ ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ အတွင်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သော လုပ်ငန်းများမှာ တရုတ်၊ မလေးရှား နှင့် စင်ကာပူနိုင်ငံတို့ မှဖြစ်ကြောင်း ၎င်းက ပြောသည်။

တရုတ်နိုင်ငံမှ Upstream Ayeyawady Confluence Basin Hydropower Co.Ltd (Chipwi) က ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးသည့်လုပ်ငန်း၊ ရေနံစက်ရုံနှင့် ရေနံထွက်ပစ္စည်းများတင်ပို့ရောင်းချသည့် လုပ်ငန်း၊ မလေးရှားနိုင်ငံ Tan Chong Motor ( Myanmar) Co.Ltd မော်တော်ကား ထုတ်လုပ်သည့်လုပ်ငန်းအပါအဝင် လုပ်ငန်း ၅ ခုဖြစ် ကြောင်း ၎င်းက ပြောသည်။

မတ်လ ၁၄ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး လသာမဲဆန္ဒနယ်မှ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်ခင်မို့မို့ အောင်က ” ၂ဝ၁၁ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံကြသူ များ ၏ လုပ်ငန်းများကို ဖော်ပြပေးနိုင်ခြင်း ရှိ၊ မရှိနှင့်နိုင်ငံတကာ ရင်းနှီး မြှုပ်နှံသူများနှင့် အစိုးရအဆက်ဆက်တို့ကြားထားရှိရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ (MoU) ပါ အချက်အလက်များကို ပြည်သူများအား အသိပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်းအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

”လစဉ်ဝင်ရောက်လာတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ၊ ကုမ္ပဏီအမည်စာရင်းတွေ၊ အခြေအနေတို့နဲ့ ပတ်သက်ပြီး ကဏ္ဍအလိုက်၊ နိုင်ငံအလိုက် အချက်အလက်တွေ ကို ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဝက်ဘ် ဆိုက်တွေမှာ အများပြည်သူ သိရှိ နိုင်ဖို့ ပုံမှန် လွှင့်တင်ပေးနေပါတယ်”ဟု ၎င်းကပြောသည်။ (MoU) အချို့ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပြန်လည်သုံးသပ်နေသည့် ဖြစ်စဉ်နှင့် အခြေအ နေအရပ်ရပ်ကို ဆောက်လုပ် ရေးဝန်ကြီးဌာနက ပြည်သူများသိရှိနိုင်ရန် ဆောက်လုပ်ရေး ဝန်ကြီးဌာန Website တွင် ဖော်ပြထားကြောင်း၊ ကျန်ဝန်ကြီးဌာနများမှာ စိစစ်သုံးသပ်ဆဲဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*